Monday 31 March 2014

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်အောင် လမ်းဖွင့်ထားမယ်ဟု သမ္မတပြောကြား

Photo: ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွေ ဆွေးနွေးနိုင်အောင် လမ်းဖွင့်ထားမယ်ဟု သမ္မတပြောကြား
Monday, March 31, 2014

၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးတွင် အချုပ်အခြာ အာဏာကို ထိခိုက်စေနိုင်သည့်အချက်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက် မည်ဆို သည့် အချက်များမှလွဲ၍ အခြားကိစ္စ များအားလုံး ကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။

သမ္မတနှင့် နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် တွေ့ဆုံပွဲကို မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးတွင်ပြုလုပ် ခဲ့ပြီး နိုင်ငံတော်သမ္မတက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက် ၍ သမ္မတက ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွေ ဆွေး နွေးနိုင်အောင် လမ်းဖွင့်ထားမယ်။ ဆွေးနွေး တဲ့အခါမှာ အချုပ်အခြာအာဏာကို ထိခိုက် စေနိုင်တဲ့ဟာနဲ့ ပြည်ထောင်စုကနေ ခွဲထွက် မယ်ဆိုတဲ့ဟာကလွဲရင် အခြားကိစ္စအားလုံး ကို ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်''ဟု ပြောကြားခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်း သည် ဖက်ဒရယ်စနစ် ထွန်းကားစေရေးကို ဦးတည်၍ ပြင်ဆင်ခြင်းသာဖြစ်ကြောင်း ပြည် ထောင်စုမှခွဲထွက်ရန် အစီအစဉ်မရှိကြောင်း ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်ကားက ''တိုင်းရင်း သားတွေက ခွဲထွက်ဖို့အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်စနစ်ကို အကောင်အ ထည်ဖော်ဖို့က အရေးကြီးဆုံး အချက်ဖြစ် တယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ် ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်အုပ်ချုပ် မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်တာပါ။ ဖက်ဒရယ်ကို ဒီမိုကရေစီပုံစံမျိုးနဲ့ သွားချင်ပါတယ်'' ဟု ဖလားဝါးနယူးစ်သို့ ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင် ရာတွင် အဓိကအစိတ်အပိုင်းသုံးခု ရှိကြောင်း လည်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံရေးဆွေးနွေး ပွဲများမှ ရရှိလာမည့် သ ဘောတူညီမှုများကို ဖွဲ့စည်းပုံအခြေခံ တွင် ဖြည့်စွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ပွင့် လင်းသည့် လူ့အဖွဲ့ အစည်း ဖြစ်ပေါ်ရန် ဒီမို ကရေစီစံနှုန်းများကို လိုအပ်သလို ပြင်ဆင်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ပတ်သက်သည့်ပြောကြားမှုအပေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ''သမ္မတကြီးရဲ့ ပြော စကား တည်၊ မတည် နောက်မှကြည့်ပြီး ပြော လို့ရ မယ်။ ဒီကိစ္စက သမ္မတနဲ့တင် မပြီးဘူး။ လွှတ်တော်နဲ့ တပ်ကရှိသေးတယ်။ ဒီကိစ္စ တွေက တော်တော်ကြီး နက်နဲနေတယ်''ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေး ပါတီများအားလုံးပါဝင်သည့် ပထမဆုံးတွေ့ ဆုံမှုတွင် ၆၅ ပါတီရှိသည့်အနက် ၆၃ ပါတီ ကတက်ရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားပါ တီနှစ်ခုမှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

[ The Flower News Journal ]
Yangon Media Group
၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးတွင် အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်သည့် အချက်နှ င့် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှ ခွဲထွက်မည်ဆိုသည့်အချက်များမှလွဲ၍ အခြားကိစ္စများအားလုံး ကို ဆွေးနွေးနိုင်ကြောင်း နိုင်ငံ တော်သမ္မတ ဦးသိန်းစိန်က ပြောခဲ့သည်။
သမ္မတနှင့် နိုင်ငံရေးပါတီများ အားလုံးပါဝင်သည့် တွေ့ဆုံပွဲကို မတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံးတွင်ပြုလုပ် ခဲ့ပြီး နိုင်ငံတော်သမ္မတက ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက် ၍ သမ္မတက ပြောကြားရာတွင် ''ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စတွေ ဆွေးနွေးနိုင်အောင်လမ်းဖွင့်ထားမယ်။ ဆွေးနွေးတဲ့အခါမှာ အချုပ်အခြာအာဏာကို ထိခိုက် စေနိုင် တဲ့ ဟာနဲ့ ပြည်ထောင်စုကနေ ခွဲထွက် မယ်ဆိုတဲ့ဟာကလွဲရင် အခြားကိစ္စအားလုံး ကို ဆွေးနွေး ဖို့ တံခါးဖွင့် ထားတယ်''ဟု ပြောကြားခဲ့သည်။

၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဆင်ခြင်း သည် ဖက်ဒရယ်စနစ် ထွန်းကားစေရေးကို ဦးတည်၍ ပြင်ဆင်ခြင်း သာဖြစ်ကြောင်း ပြည် ထောင်စုမှခွဲထွက်ရန် အစီအစဉ်မရှိကြောင်း ဝအမျိုးသား စည်းလုံးညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်ကားက ''တိုင်းရင်း သားတွေက ခွဲထွက်ဖို့အစီအစဉ်မရှိပါဘူး။ ဒါပေမဲ့ ဖက်ဒရယ်စနစ်ကို အကောင်အ ထည်ဖော်ဖို့က အရေးကြီးဆုံး အချက်ဖြစ် တယ်။ ဖက်ဒရယ်ဆိုတာ ခွဲထွက်တာမဟုတ် ဘူး။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ့်အုပ်ချုပ် မှုနဲ့ ကိုယ်ပိုင်အုပ်ချုပ်တာပါ။ ဖက်ဒရယ်ကို ဒီမိုကရေစီပုံစံမျိုးနဲ့ သွားချင်ပါတယ်'' ဟု ဖလားဝါးနယူးစ်သို့ ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ဆောင် ရာတွင် အဓိကအစိတ်အပိုင်းသုံးခု ရှိကြောင်း လည်း သမ္မတက ထည့် သွင်းပြောကြားခဲ့ပြီး နိုင်ငံရေးဆွေးနွေး ပွဲများမှ ရရှိလာမည့် သ ဘောတူညီမှုများကို ဖွဲ့စည်းပုံအခြေခံ တွင် ဖြည့်စွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ ပွင့် လင်းသည့် လူ့အဖွဲ့ အစည်း ဖြစ်ပေါ်ရန် ဒီမို ကရေစီ စံနှုန်းများကို လိုအပ်သလို ပြင်ဆင်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် ပတ်သက်သည့်ပြောကြားမှုအပေါ် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ''သမ္မတကြီးရဲ့ ပြော စကား တည်၊ မတည် နောက်မှကြည့်ပြီး ပြော လို့ရ မယ်။ ဒီကိစ္စက သမ္မတနဲ့တင် မပြီးဘူး။ လွှတ်တော်နဲ့ တပ်ကရှိသေးတယ်။ ဒီကိစ္စ တွေက တော်တော်ကြီး နက်နဲနေတယ်''ဟု ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေး ပါတီများအားလုံးပါဝင်သည့် ပထမဆုံးတွေ့ ဆုံမှုတွင် ၆၅ ပါတီရှိသည့် အနက် ၆၃ ပါတီ ကတက်ရောက်ခဲ့ပြီး ရခိုင်တိုင်းရင်းသားပါ တီနှစ်ခုမှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရ သည်။

[ The Flower News Journal ]
Yangon Media Group

No comments:

Post a Comment