Monday 31 March 2014

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဆုံးဖြတ်ချက်များ ပြန်လည်သုံးသပ်ဆွေးနွေးနေ

ပြီးခဲ့သည့် ဇန်န၀ါရီလက ပုဂံတွင်ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ် များ အကောင်အထည်ဖော်မှုအခြေအနေများ ပြန်လည်သုံးသပ်သည့် အစည်းအဝေးတစ်ရပ်ကို နေပြည် တော် ရှိ နိုင်ငံတော် ဧည့်ဂေဟာ၊ တော်ဝင်အေစီအီးဟိုတယ်တွင် ကျင်းပနေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက “ပုဂံမှာ နိုင် ငံ ခြားရေးဝန်ကြီးအစည်းအဝေးတုန်းက ဘာတွေလုပ်မယ် ဆိုပြီး ဆောင်ရွက်စရာရှိတဲ့ကိစ္စတွေကို ဘာတွေ လုပ်ပြီးပြီလဲ။ ဘာတွေ ဆက်လုပ်ဖို့ကျန်လဲ။ အဲဒါတွေ ဆွေးနွေးနေပါတယ်”ဟု ဆိုသည်။

ကျင်းပလျက်ရှိသည့် ပူးတွဲပြင်ဆင်ရေးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မတ်လ ၂၉ ရက် မှ ဧပြီလ ၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မေလ ၁၀ ရက် နေပြည်တော်တွင် စတင်ကျင်းပမည့် အာ ဆီယံ ထိပ်သီးအစည်းအဝေး၌ မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်၊ မည်သည့်ကြေညာချက်များ ထုတ်ပြန်မည် စသည်တို့ကို ဆွေးနွေးကြမည်ဟု အဆိုပါ ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထူး က ပြောသည်။

“ပူးတွဲပြင်ဆင်မှုအစည်းအဝေးဆိုတာ ဆန်းမစ်(ထိပ်သီးအစည်းအဝေး) မတိုင်ခင် တစ်လအလိုမှာ၊ ဒီ ဆန်းမစ်မှာ ဘာတွေ ဆွေးနွေးမလဲဆိုတာကို ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်ကြမလဲဆိုတာ အာဆီယံ အဆင့်မြင့်အရာရှိကြီးတွေ ညှိနှိုင်းအစည်းအဝေး ဖြစ်ပါတယ်”ဟု ပြောသည်။

ယခုအစည်းအဝေးတွင် နေပြည်တော်၌ မေလ ၁၀ ရက်တွင် စတင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်း အဝေးအတွင်း မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်၊ မည်သည့်ကြေညာချက်များ ထုတ်ပြန်မည် ကို ဆွေးနွေးကြမည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment