Monday 31 March 2014

၁၁ ရက်ကြာကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၃၀ ရက်တွင် စတင်ကောက်ယူ

Photo: ၁၁ ရက်ကြာကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ် ၃၀ ရက်တွင် စတင်ကောက်ယူ
Monday, March 31, 2014

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူဦးရေစာရင်းအမှန် ရရှိရေး ရည်ရွယ်ချက်ဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား မြန်မာနိုင်ငံ အနှံ့အပြားတွင် မတ် ၃၀ ရက်မှစတင်ကာ ကောက်ယူလျက်ရှိပြီး ဧပြီ ၁၀ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ၁၉၈၃ ခုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကောက်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်း ၄၁ ခုနှင့် တိုင်းရင်းသားလူမျိုးစု ကုတ်နံပါတ်များ စသည့်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအား မြို့နယ်၊ ရပ်ကွက်အသီးသီးတွင် ကြိုတင်ဝေကာ အချိန်ယူဖြေဆိုစေကြောင်း စာရင်းကောက်ဆရာ၊ ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေကြားချက်များကို သန်းခေါင်စာရင်း ဥပဒေအရ ကာကွယ်ပေးထားသည်ဟု ဆိုသော်လည်း မေးမြန်းသည့် မေးခွန်းများထဲအနက် ပိုင်ဆိုင်မှုဆိုင်ရာ မေးခွန်းများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြည်သူများအနေဖြင့် ပြောဆိုရန် ၀န်လေးနေကြောင်းနှင့် သံသယရှိကြောင်း စာရင်းကောက်ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

တာမွေမြို့တွင် နေထိုင်သူ လုပ်ငန်းရှင်တစ်ဦးက “သန်းခေါင်စာရင်း ဥပဒေမှာက ပိုင်ဆိုင်မှုအပါအ၀င် အချက်အလက်တွေအားလုံးကို လျှို့ဝှက်ပေးထားမယ်လို့ ပြောပေမယ့် အဲဒီစာရင်းဇယားတွေအားလုံးက အစိုးရလက်ထဲမှာ ရှိနေမှာ။ ဒီတော့ ကျွန်တော့်အနေနဲ့ လူဦးရေစာရင်းမှာ ပါသွားဖို့ကလွဲပြီး တခြားဘာမှပြောဖို့ မရှိပါဘူး” ဟုပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးသည့် အိမ်များတွင် အမှတ်အသားကတ်ပြား ချိတ်ဆွဲထားခဲ့မည်ဖြစ်ပြီး ယင်းကတ်ပြားများကို သုံးလကြာသည်အထိ ထားရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခု သန်းခေါင်စာရင်း ကောက်ယူမှုတွင် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လူမျိုးစုစာရင်းများ ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ရေးအတွက်မူ သန်းခေါင်စာရင်း ကောက်ယူပြီးပါက တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ လူမျိုးစုတိကျ မှန်ကန်ရေးကို ဒုတိယအဆင့်အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

သန်းခေါင်စာရင်းကောက်ယူရန် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၀န်ထမ်းအင်အား တစ်သိန်းလေးသောင်းကျော်ဖြင့် ကောက်ယူလျက်ရှိကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိခဲ့သော စာရင်းများအရ လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေ ၇ သန်းနီးပါး တိုးပွားလာခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့်ပြည်နယ်များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများ ကောက်ခဲ့ကာ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ ရာ ခိုင်နှုန်းအထိ ရောက် ရှိနေပြီဖြစ်ပြီး လက်ရှိတွင် လူဦးရေ ပိုမိုတိုးပွားလာနိုင်ကြောင်း ဗဟိုသန်းခေါင် စာရင်း ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။ 

Eleven Media Group 

မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို မတ် ၃၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေမှုကို မတ် ၃၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လူဦးရေစာရင်းအမှန် ရရှိရေး ရည်ရွယ်ချက်ဖြင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား မြန်မာနိုင်ငံ အနှံ့အပြားတွင် မတ် ၃၀ ရက်မှစတင်ကာ ကောက်ယူလျက်ရှိပြီး ဧပြီ ၁၀ ရက်အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ သန်းခေါင်စာရင်း ကောက်ယူခြင်းသည် ၁၉၈၃ ခုနောက်ပိုင်း နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး အကြိမ် ကောက်ယူခြင်းဖြစ်ကြောင်းလည်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မေးမြန်းမည့်မေးခွန်း ၄၁ ခုနှင့် တိုင်းရင်းသားလူမျိုးစု ကုတ်နံပါတ်များ စသည့်သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအား မြို့နယ်၊ ရပ်ကွက်အသီးသီးတွင် ကြိုတင်ဝေကာ အချိန်ယူဖြေဆိုစေကြောင်း စာရင်းကောက်ဆရာ၊ ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ဖြေကြားချက်များကို သန်းခေါင်စာရင်း ဥပဒေအရ ကာကွယ်ပေးထား သည်ဟု ဆိုသော်လည်း မေးမြန်းသည့် မေးခွန်းများထဲအနက် ပိုင်ဆိုင်မှုဆိုင်ရာ မေးခွန်းများနှင့် ပတ်သက် ၍ မေးမြန်းရာတွင် ပြည်သူများအနေဖြင့် ပြောဆိုရန် ၀န်လေးနေကြောင်းနှင့် သံသယရှိကြောင်း စာရင်းကောက်ဆရာမများ၏ ပြောကြားချက်အရ သိရသည်။

တာမွေမြို့တွင် နေထိုင်သူ လုပ်ငန်းရှင်တစ်ဦးက “သန်းခေါင်စာရင်း ဥပဒေမှာက ပိုင်ဆိုင်မှုအပါအ၀င် အချက် အလက်တွေအားလုံးကို လျှို့ဝှက်ပေးထားမယ်လို့ ပြောပေမယ့် အဲဒီစာရင်းဇယားတွေအားလုံးက အစိုးရလက်ထဲမှာ ရှိနေမှာ။ ဒီတော့ ကျွန်တော့်အနေနဲ့ လူဦးရေစာရင်းမှာ ပါသွားဖို့ကလွဲပြီး တခြားဘာမှပြောဖို့ မရှိပါဘူး” ဟုပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးသည့် အိမ်များတွင် အမှတ်အသားကတ်ပြား ချိတ်ဆွဲထားခဲ့မည်ဖြစ်ပြီး ယင်းကတ်ပြားများကို သုံးလကြာသည်အထိ ထားရှိရမည်ဖြစ်ကြောင်းလည်း သိရသည်။ ယခု သန်းခေါင် စာရင်း ကောက်ယူမှုတွင် တိုင်းရင်းသား ၁၃၅ မျိုးကို အခြေခံကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လူမျိုးစုစာရင်း များ ပြန်လည်ပြင်ဆင်၊ ဖြည့်စွက်ရေးအတွက်မူ သန်းခေါင်စာရင်း ကောက်ယူပြီးပါက တိုင်းရင်း သားခေါင်းဆောင် ကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ လူမျိုးစုတိကျ မှန်ကန်ရေးကို ဒုတိယအဆင့် အနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားထားသည်။

သန်းခေါင်စာရင်းကောက်ယူရန် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၀န်ထမ်းအင်အား တစ်သိန်းလေးေ သာင်းကျော်ဖြင့် ကောက်ယူလျက်ရှိကြောင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရ သည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးကောက်ယူခဲ့သည့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းမှ ရရှိခဲ့သော စာရင်းများအရ လွန်ခဲ့သော ၁၀ နှစ်ကထက် လူဦးရေ ၇ သန်းနီးပါး တိုးပွားလာခဲ့ပြီး ၁၉၉၁ ခုနှစ်မှစ၍ တိုင်းနှင့်ပြည်နယ် များတွင် ငါးနှစ်တစ်ကြိမ် စစ်တမ်းများ ကောက်ခဲ့ကာ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၆၁ ဒသမ ၅၇ ရာ ခိုင်နှုန်းအထိ ရောက် ရှိနေပြီဖြစ်ပြီး လက်ရှိတွင် လူဦးရေ ပိုမိုတိုးပွားလာနိုင်ကြောင်း ဗဟိုသန်းခေါင် စာရင်း ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

Eleven Media Group

No comments:

Post a Comment