Monday 31 March 2014

ရှမ်းနီဒေသမှ ၂၀၁၄ သန်းကောင်စာရင်း၏ ကသောင်းကနှင်းများ

၃၀.၃.၂၀၁၄ စီခမ်းကြီး ၊ စီအူကျေးရွာများ သန်းခေါင်စာရင်းကောက်ခွင့်ရရှိ ယခင်စီခမ်းကြီး ၊ စီအူ ၊ ကောင်လွင် ကျေးရွာများတွင် KIA တပ်ရင်း(၁၂)မှ သန်းခေါင်စာရင်းကောက်ခွင့်မပေး နိုင်ကြောင်း တားမြစ် ထားသော်လည်း ယနေ့သတင်းအရ အစိုးရစစ်တပ်၏ လုံခြုံရေးအကူအညီပေး မှုဖြင့်သန်းခေါင် စာရင်းကို ပြန်လည်ကောက်ခံခွင့်ရရှိကြောင်းသိရပါသည်။ ကောင်လွင်ကျေးရွာမှာမူ ယခုအချိန်အထိ KIA တပ်ရင်း (၁၂) မှ သန်းခေါင်စာရင်းကောက်ယူခွင့် မပေးသေးကြောင်းသိရှိရပါသည်။
ထို့အတူ မံဝိန်းကြီးကျေးရွာအုပ်စု (၃)စုမှာလည်း ယခုအချိန်ထိ KIA မှ သန်းခေါင်စာရင်းလာကောက်သော ၀န်ထမ်းများအား လုံခြုံရေး အားမခံချက်မပေးနိုင်ဟူသော အကြောင်းပြချက်ဖြင့် သန်းခေါင် စာရင်း ကောက် ခွင် မပေးကြောင်းသိရပါသည်။လွယ်ဂျယ် သန်းခေါင်စာရင်း ကောက်ခံသူ ဆရာမထံမှ ကောက်ယူ ထားသော သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်များအား KIA မှ သိမ်းဆည်းသွားကြောင်း။

လွယ်ဂျယ် လ.၀.က ၀န်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ခွန်ရှောင်အား မိုင်ဘတ်ကျေးရွာ၌ သန်းခေါင်စာရင်းကောက် ယူ နေစဉ် KIA မှ သတ်ပစ်မည်ဟု ခြိမ်းခြောက်စာများ ပေးပို့ခဲ့ကြောင်း။အင်းတော်မြို့ နယ် နန့်စီးအောင်ဒေသ ပေကုန်းကျေးရွာ မှ ကချင်လူမျိုး KIA နှင့်အဆက်အ သွယ်ရှိသော ဦးတူးလောဒ့် ဆိုသူ သည် သန်းကောင်းစာရင်း ကောက်ခံသည့်အချိန်တွင် မိမိတို့ရှမ်းနီလူမျိုးများ နှင့် လ.၀.က ၀န်ထန်းများကို ၈၂၈ ကုဒ်တွင် တိုင်းလျန် ဟုထည့်တွင်းရန် ၉၁၄ -ရှမ်းနီ မထည့်ရန် လာရောက်ပြောဆိုကြောင်း။

အင်းတော်ကြီးဒေသ လုံးတုံ ကုန်းမန နှင့် နမ့်ပတဲ ကျေးရွာများမှ ရှမ်းနီလူမျိုးများ၏ အိမ်ထောင်စုဇယား စာရင်းများကို နမ့်ပတဲ အနောက်ရှိ KIA တပ်ရင်းမှ တပ်ရင်းမူးက လိုက်လံကောက်ခိုင်းနေကြောင်း။

ဗန်းမောက်မြို့နယ် သရက်ကုန်းကျေးရွာ တွင်လည်း ကျွန်းကုန်း အထက်တန်းကျောင်းခွဲဆရာ ၀င်းမြင့် ဆိုသူ သည်လည်း သန်းကောင်းစာရင်းကောက်ယူရာတွင် ၉၁၄ -ရှမ်းနီဟုဒေသခံရှမ်းနီ များ တောင်းဆိုမှု များကို ဆန့်ကျင်ကာ လက်မခံနိုင်ကြောင်း ၈၂၈နှင့် ၈၀၁ ကိုသာ ထည့်တွင်းပေးမည်းဟု ပြောဆိုကြောင်း ။

ထိုဝင်းမြင့်ဆိုသူသည် ရှမ်းလူမျိုးမဟုတ် မဲဇာ ဇာတိဖြစ်ပြီး ကျားဖြူမှ ငွေများကို လက်ခံရယူထားသည်ဟု လည်း သိရှိရပါသည်။

ဆင်ဘိုမြို့နယ် ရှမ်းမျိုးနွယ်စုရေးရာ ဥက္ကဌ မျိုးဝင်း (ကချင်နှင့် ချင်း စပ်ထားသူ)သည် လည်း ၉၁၄- ရှမ်းနီ ဆိုင်းပုဒ်များကို လိုက်လံ ဖျက်စီး နေကြောင်း သိရှိရပါသည်။

မိုးညှင်းမြိုနယ် နှင့် ဟိုပင်မြို့နယ်များမှ ၂၂ ရွာ ရွာလုံကျွတ် နှင့် အင်းတော်ကြီဒေသ ရွာလုံးကျွတ် ဒေသခံ ရှမ်းနီများကတော့ ၂၀၁၄ သန်းကောင်စာရင်းတွင် ၉၁၄ - ရှမ်းနီဟု ထည့်တွင်းကြကြောင်း။

ဖားကန့်မြို့နယ် ဖားကန့် လုံးခင်းအုပ်စု ကားမိုင်းမြို့နယ်များ ရှိ ရှမ်းနီများသည်လည်း ၉၁၄ -ရှမ်းနီဟု ထည့် တွင်းကြကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကက်သာ မြင်သာ စသည့် ဒေသမှ ရှမ်းနီများ ၊ နှောင်ပိုအာင် ၊နမ့်တော၊ ဖောင်းပြင် ဒေသများမှ ရှမ်းနီများ သည်လည်း ၉၁၄ ရှမ်းနီဟု ထည့်တွင်းကြကြောင်း။ မန္တလေးမြို့ မှ ရှမ်းနီလူမျိုးများသည်လည်း ၉၁၄ - ရှမ်းနီ ဟု ၂၀၁၄ သန်းကောင်း စာရင်းတွင်း အားပါးတရ ထည့် တွင်းကြကြောင်းကို သိရှိပါသည်။

ရှမ်းနီအမျိုးသားရေးအစည်းအရုံး

No comments:

Post a Comment