မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက် ယူနေပြီ ဖြစ်ပေ မယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင် စာရင်း ကောက် ယူနိုင်ခြင်း မရှိပါဘူး။
သမ္မတဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ လ၀က ၀န်ကြီးဦးခင်ရီက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့်ပြုဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကတဆင့် ပြောခဲ့ပေမယ့် ကေအိုင်အိုဘက်က ကြိုတင် ညှိနှိုင်းထားတာ မရှိလို့ ခွင့်မပြုနိုင် ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်အနေနဲ့ ကေအိုင်အိုထိန်းချုပ် နယ်မြေတွေထဲ သန်းခေါင်စာရင်း ကောက်ဖို့ကိစ္စ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြဖို့ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက တိုက်တွန်းပြောကြားခဲ့ဖူးပေ မယ့် တွေ့ဆုံခြင်း မရှိဘူးလို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
DVB
အပြည့်အစုံ အသံဖိုင်နားဆင်ရန် -
https://soundcloud.com/dvbradio/ksa-daw-khon-ghar-30032014
No comments:
Post a Comment