Monday 31 March 2014

သန်းခေါင်းစာရင်းကောက်ယူမှု လုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည်အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တိုက်တွန်း


ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက် ယူ မည့်သူများကို တွေ့ဆုံနေစဉ် (ဓာတ်ပုံ-သန်းလှိုင်(စစ်တွေ))

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းစဉ် နှောင့်နှေးရပ်တန့်မှု မရှိစေဘဲ အောင်မြင်သည် အထိ လူတိုင်းပါဝင်ရန် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက မတ် ၃၀ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့ကြောင်း မတ်  ၃၀ ရက် ညပိုင်းက မြန်မာ့ရုပ်မြင်သံကြား သတင်းဖော်ပြ ချက်အရ သိရသည်။
စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင် တာဝန်ရှိသူများက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းအား ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ထိန်း သိမ်းဆောင်ရွက်ခဲ့မှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ သန်းခေါင်စာရင်း ကောက်ယူမှု ဆိုင် ရာ အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံခြားသားများ အဆင်ပြေ လုံခြုံစွာ နေထိုင်နိုင်ရေး ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း နယ်မြေအေးချမ်း လုံခြုံရေးဆိုင်ရာ ဆောင် ရွက် ထားမှု အခြေအနေများကို တင်ပြခဲ့ကြသည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်ပြီး ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က နိုင်ငံအမျိုးသား အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်မြှင့်တင်ရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အချက်ပေါင်းများ စွာ ကို သန်းခေါင်စာရင်းမှ ရရှိနိုင်မည်ဖြစ်ရာ နိုင်ငံတော်၏ အနာဂတ်လူထု၏ မျှော်လင့်ချက်များကို ပုံဖော်ပေးနိုင်ရန် သန်းခေါင်စာရင်းတွင် လူတိုင်းအကောက်ခံရန်နှင့် မှန်ကန်စွာဖြေကြားပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သန်းခေါင်စာရင်းကောက် ယူခြင်း လုပ်ငန်းစဉ်ကြီးအပေါ် မရိုးမဖြောင့်သောသဘောဖြင့် အခွင့်ကောင်း ယူ အမြတ်ထုတ်ရန် ကြိုးပမ်းမှုများကိုလည်း သတိကြီး စွာဖြင့် စောင့်ကြ ည့် ကာကွယ်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အမျိုးသားရေး လုပ်ငန်း တာဝန်အဖြစ် ခံယူပြီး လူတိုင်းပါဝင်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ် နှောင့်နှေး ရပ်တန့်မှု မရှိဘဲ ပြီးပြည့်စုံအောင်မြင် သည် အထိ လူတိုင်းကိုယ်စီ ပါဝင်ကြရန်တို့ကိုလည်း ပြောကြားခဲ့သည်ဟု သိရသည်။

ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ် ၃၀ ရက်မှစတင်ကာ တစ်နိုင်ငံလုံး၌ ကောက်ယူ လျက်ရှိပြီး နိုင် ငံတော် သမ္မတ ဦးသိန်းစိန်မိသားစု၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သန်းခေါင် စာရင်းကောက်ယူရေး အဖွဲ့မှ မတ် ၃၀ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ အိမ်တော်သို့ သွားရောက်၍ စာရင်းကောက်ယူခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment