Monday 31 March 2014

သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေဆဲ

Photo: သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေ စောင့်ကြည့်နေဆဲ
Monday, March 31, 2014

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေဟာ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဒီနေ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်သူ ကိုပေါက်က အခုလိုပြောပါတယ်။

"ဆရာဝန်အပိုင်းတွေ ပြောတာတော့ ကျနော်လည်း ဆေးပညာစကားတွေတော့ နားမလည်ဘူးပေါ့၊ ကျနော်တို့ နားလည်အောင်ပြောတာကတော့ မနေ့ကထက်တော့ တိုးတက်လာတယ်လို့ သူတို့သုံးသပ်တယ်ပေါ့၊ ဒါပေမဲ့ စိတ်ချရတယ်လို့ မပြောနိုင်သေးဘူးပေါ့၊ လူငယ်တစ်ယောက်လို မြန်မြန်ဆန်ဆန် ပြန်အားပြည့်ဖို့က အရမ်းခက်တယ်ပေါ့၊ သူကလူကြီးဖြစ်တဲ့အတွက် တိတိကျကျ သူတို့မပြောရဲဘူးတဲ့"

ဆရာဦးဝင်းတင်ဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေရာကနေ မတ်လ ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံ ကို ပြောင်းရွှေ့ လိုက်တာဖြစ်ပြီး အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးဝါး ကုသမှု ခံယူနေတာပါ။

RFA Burmese
ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ် ကုသမှုခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာ ယကအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ စောင့် ကြည့် ရမယ့် အခြေအနေမှာပဲ ရှိသေးတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဒီနေ့ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မိသားစုဝင်တစ်ဦးဖြစ်သူ ကိုပေါက် က အခုလိုပြောပါတယ်။

"ဆရာဝန်အပိုင်းတွေ ပြောတာတော့ ကျနော်လည်း ဆေးပညာစကားတွေတော့ နားမလည်ဘူးပေါ့၊ ကျနော်တို့ နားလည်အောင်ပြောတာကတော့ မနေ့ကထက်တော့ တိုးတက်လာတယ်လို့ သူတို့သုံးသပ် တယ်ပေါ့၊ ဒါပေမဲ့ စိတ်ချရတယ်လို့ မပြောနိုင်သေးဘူးပေါ့၊ လူငယ်တစ်ယောက် လို မြန်မြန် ဆန် ဆန် ပြန်အားပြည့်ဖို့က အရမ်းခက်တယ်ပေါ့၊ သူကလူကြီးဖြစ်တဲ့အတွက် တိတိကျကျ သူတို့မပြောရဲဘူးတဲ့"

ဆရာဦးဝင်းတင်ဟာ အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က လမ်းမတော်မြို့နယ် Green Cross ဆေးရုံမှာ ဆေးကုသမှု ခံယူနေရာကနေ မတ်လ ၂၇ ရက်နေ့က ဝိတိုရိယဆေးရုံ ကို ပြောင်းရွှေ့ လိုက်တာဖြစ်ပြီး အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးဝါး ကုသမှု ခံယူနေတာပါ။

RFA Burmese

No comments:

Post a Comment