Monday 31 March 2014

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို မြို့တော်စည်ပင်မှ ဖယ်ရှားရန်ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက သပိတ်စခန်း ဆက်လက်ဖွင့်လှစ်

Photo: မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို မြို့တော်စည်ပင်မှ ဖယ်ရှားရန်ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများက သပိတ်စခန်း ဆက်လက်ဖွင့်လှစ်
Monday, March 31, 2014

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရန်ပြုလုပ်သော်လည်း သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသူများက နစ်နာမှုများအတွက် ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။

မတ် ၃၀ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်တွင် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို စည်ပင်မှ လူအင်အား ၁၀၀ ခန့်ဖြင့် အင်အားသုံးဖယ်ရှားရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက “စည်ပင်ဥပဒေပုဒ်မ ၆၁(က)အရ မည့်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းကို တားမြစ်ထားကြောင်း၊ ပုဒ်မ ၆၃(င)အရ အများပြည်သူဆိုင်ရာ လမ်းပေါ်အုပ်မိုး၊ ထိုးထွက်၍ဖြစ်စေ အဆောက်အအုံ ဆောက်လုပ်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ စုပုံခြင်းမပြုရဟု တားမြစ်ထားကြောင်း” စသည့်အချက်များကို သပိတ်စခန်းဖျက်သိမ်းနိုင်ရန် ကြေညာခဲ့သည်။

ထို့ပြင် လမ်းများ၊ စင်္ကြန်များပေါ် လက်ရှိဆောက်လုပ်ထားသည့် ယာယီတဲနှင့် အမိုးအကာများကို ဖျက်သိမ်းရန် မေတ္တာရပ်ခံကြောင်း၊ မပြုလုပ်ပါက ဖျက်သိမ်းဖယ်ရှား သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီမှ အသိပေး ကြေညာအပ်ပါသည်ဟု မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းနေသူများကို ဖျက်သိမ်းဖယ်ရှားရန် ထပ်မံအသိပေးခဲ့သည်။

“စည်ပင်ဥပဒေကိုဘမ်းပြပြီး ခရိုနီအကျိုးစီးပွားကာကွယ်ဖို့ သပိတ်စခန်း ဖြိုခွင်းနည်းလို့ပဲ ထင်တယ်။ သတိပေးစာနဲ့ တရားဝင်အကြောင်းကြားစာပို့ပြီး လုပ်ရမှာ။ ညကဖျက်ဖို့ ခေါ်လာတဲ့လူတွေက ဘယ်သူတွေ လဲဆိုတာ အရှေ့ပိုင်းခရိုင် စည်ပင်အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အားလုံးစည်ပင်က၀န်ထမ်းလို့ မပြောပဲ တာဝန်ရှိသူတွေလို့ပဲပြောတယ်” ဟု အဆိုပါ သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအေးမြင့်က မတ် ၃၀ ရက် ညနေပိုင်းတွင် ပြောကြားသည်။

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများမှာ လတ်တလောတွင် အမိုးအကာများကို ဖြုတ်သိမ်းထားပြီး ၀ါဝါ၀င်းအိမ်ရာရှေ့ တွင် နေထိုင် လျက်ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group 

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက် ၄ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)
မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းအား မတ် ၃၀ ရက် နံနက် ၄ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ရန်မျိုးအောင်)

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဖယ်ရှားရန်ပြုလုပ်သော် လည်း သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြသူများက နစ်နာမှုများအတွက် ဆက်လက်၍ ဖွင့်လှစ်သွား မည်ဖြစ်ကြော င်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။
မတ် ၃၀ ရက်၊ နံနက် ၃ နာရီ ၄၀ မိနစ်အချိန်တွင် မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းကို စည်ပင်မှ လူအင်အား ၁၀၀ ခန့်ဖြင့် အင်အားသုံးဖယ်ရှားရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက “စည်ပင်ဥပဒေပုဒ်မ ၆၁(က)အရ မည့်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ခြင်းကို တားမြစ်ထားကြောင်း၊ ပုဒ်မ ၆၃(င)အရ အများပြည်သူဆိုင်ရာ လမ်းပေါ်အုပ်မိုး၊ ထိုးထွက်၍ဖြစ်စေ အဆောက်အအုံ ဆောက် လုပ်ခြင်း၊ ဆောက်လုပ်ရေးပစ္စည်းများ စုပုံခြင်းမပြုရဟု တားမြစ်ထားကြောင်း” စသည့်အချက်များကို သပိတ်စခန်းဖျက်သိမ်းနိုင်ရန် ကြေညာခဲ့သည်။

ထို့ပြင် လမ်းများ၊ စင်္ကြန်များပေါ် လက်ရှိဆောက်လုပ်ထားသည့် ယာယီတဲနှင့် အမိုးအကာများကို ဖျက်သိမ်းရန် မေတ္တာရပ်ခံကြောင်း၊ မပြုလုပ်ပါက ဖျက်သိမ်းဖယ်ရှား သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီမှ အသိပေး ကြေညာအပ်ပါသည်ဟု မြန်မာ့ဂုဏ်ရောင် သပိတ် စခန်းနေသူများကို ဖျက်သိမ်းဖယ်ရှားရန် ထပ်မံအသိပေးခဲ့သည်။

“စည်ပင်ဥပဒေကိုဘမ်းပြပြီး ခရိုနီအကျိုးစီးပွားကာကွယ်ဖို့ သပိတ်စခန်း ဖြိုခွင်းနည်းလို့ပဲ ထင်တယ်။ သတိပေး စာနဲ့ တရားဝင်အကြောင်းကြားစာပို့ပြီး လုပ်ရမှာ။ ညကဖျက်ဖို့ ခေါ်လာတဲ့လူတွေက ဘယ်သူတွေ လဲဆိုတာ အရှေ့ပိုင်းခရိုင် စည်ပင်အုပ်ချုပ်ရေးမှူးကို မေးကြည့်တော့ အားလုံးစည်ပင်က ၀န်ထမ်းလို့ မပြောပဲ တာဝန်ရှိသူတွေလို့ပဲပြောတယ်” ဟု အဆိုပါ သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအေးမြင့်က မတ် ၃၀ ရက် ညနေပိုင်းတွင် ပြောကြားသည်။

မြန်မာ့ဂုဏ်ရောင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများမှာ လတ်တလောတွင် အမိုးအကာများကို ဖြုတ်သိမ်း ထားပြီး ၀ါဝါ၀င်းအိမ်ရာရှေ့ တွင် နေထိုင် လျက်ရှိကြောင်း သတင်းရရှိသည်။

Eleven Media Group

No comments:

Post a Comment