Monday 31 March 2014

သန်လျင် ခရိုင် ရဲကင်း ယာဉ်မှု နှစ်ဦး ဒဏ်ရာရ

Photo: သန်လျင် ခရိုင် ရဲကင်း ယာဉ်မှု နှစ်ဦး ဒဏ်ရာရ
Monday, March 31, 2014

၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ)ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VANအဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိမှုကြောင့် ကင်းတဲအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်နေသော ရဲတပ်သား ဇော်ဇော်တွင် ယာမျက်လုံးဖူးရောင်ညိုမဲ၊ နှုတ်ခမ်းအပေါ်၊ အောက်ညိုမဲ ဒဏ်ရာများရရှိပြီး သန်လျင်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်း၊ ၎င်းယာဉ်၏ နောက်ခန်းတွင်စီးနင်းလိုက်ပါလာသူ ဦးစိုးမိုးတွင် ယာလက်ကောက်ဝတ်ကျိုးဒဏ်ရာရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် လည်းကောင်း တက်ရောက်ကုသမှု ခံယူခဲ့ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်သူ ယာဉ်မောင်း နေ၀င်းအောင်အား သန်လျင်မြို့မရဲစခန်းယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၃၀.၃.၂၀၁၄ ရက်နေ့ ၂၃၅၅ အချိန် သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်းအတိုင်း သန်လျင်နာရီစင်ဘက်မှ ကျိုက်ခေါက်ဘုရား ဘက်သို့ ယာဉ်မောင်း နေ၀င်းအောင်(၃၃)နှစ်၊ (ဘ) ဦးကြည်းဝင်း၊ အုပ်ဖိုစုရပ်ကွက်၊ သန်လျင်မြို့နယ်နေသူမောင်းနှင်သည့် ၁စ/---AD VAN အဖြူ ရောင်ကိုယ်ပိုင်ယာဉ်သည် တောင်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့အရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်း လုံခြုံရေးကင်းတဲအားဝင်ရောက်တိုက်မိခဲ့ ပါ သ ည်။

ထိုသို့တိုက်မိမှုကြောင့် ကင်းတဲအတွင်း၌ လုံခြုံရေး တာဝန် ဆောင်ရွက်နေသော ရဲတပ်သား ဇော်ဇော်တွင် ယာမျက်လုံးဖူးရောင်ညိုမဲ၊ နှုတ်ခမ်းအပေါ်၊ အောက်ညိုမဲ ဒဏ်ရာများရရှိပြီး သန်လျင်ဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်း၊ ၎င်းယာဉ်၏ နောက်ခန်း တွင်စီးနင်းလိုက်ပါလာသူ ဦးစိုးမိုးတွင် ယာလက်ကောက်ဝတ်ကျိုးဒဏ်ရာရရှိသဖြင့် သန်လျင်ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် လည်းကောင်း တက်ရောက်ကုသမှု ခံယူခဲ့ရ ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်သူ ယာဉ်မောင်း နေ၀င်းအောင်အား သန်လျင်မြို့မ ရဲစခန်း ယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၇/၃၃၈ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

No comments:

Post a Comment