Monday 31 March 2014

ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမ ဆုံး တွေ့ဖူး သည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း

Photo: ဘရာဇီး နိုင်ငံ အမေဇုန် ချိုင့်ဝှမ်း အတွင်းရှိ မျိုးနွယ်စု တစ်စုက ပထမ ဆုံး တွေ့ဖူး သည့် လေယာဉ်ကို တိုက်ခိုက်ရန် ကြိုးပမ်း
Monday, March 31, 2014

ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။

၎င်းမျိုးနွယ်စု ဝင်များသည် လေယာဉ်ပေါ်မှ ဓာတ်ပုံ ရိုက်သည်ကို ထိတ်လန့်၍ ၎င်းတို့ ကိုင်ထားသော လှံများပင် လှုပ်ရမ်း သွားသည့်အတွက် လေယာဉ်ကို ပထမဆုံး တွေ့မြင်ဖူး ပုံ ပေါ်သည့် အပြင် ခေတ်မီတိုးတက်သော ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက် နေသယောင်ရှိသည်ဟု ခန့်မှန်းရသည်။

Acre ပြည်နယ်တွင် နေထိုင်သော အဆိုပါ မျိုးနွယ်စုတွင် လူဦးရေ ၂ဝဝနီးပါးခန့် ရှိသည်ဟု သိရပြီး ဘရာဇီး အစိုးရသည် ၎င်း၏ မျိုးနွယ်စုနှင့် အဆက်အသွယ် ပြတ်တောက် နေသည်မှာ မှန်ကန်ကြောင်း လက်ခံသော်လည်း ၎င်းဒေသတွင် သစ်ပင် ခုတ်လှဲခြင်း၊ ဓာတ်သတ္တု တူးဖော်ခြင်း၊ မွေးမြူရေး ခြံလုပ်ငန်း လုပ်ကိုင်ခြင်း၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်း စသည့် ခြိမ်းခြောက် မှုများနှင့် ရင်ဆိုင် နေရသည့်အတွက် ယင်းဒေသကို စောင့်ကြည့် ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အသစ်ရှာဖွေ တွေ့ရှိသော မျိုးနွယ်စုများ နေထိုင်သည့် ဒေသတွင် နေထိုင်လျက်ရှိသော Ashaninka မျိုးနွယ်စုခေါင်း ဆောင်များက ၎င်းတို့ ပိုင်ဆိုင်သည့် နယ်နိမိတ်တွင် သစ်ခုတ် လှဲခြင်း၊ သတ္တု တူးဖော်ခြင်းနှင့် အမဲလိုက်ခြင်း များကို ထိန်းချုပ်ပေးရန် အစိုးရနှင့် NGO အဖွဲ့အစည်းများအား တောင်းဆို ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အမေဇုန်ချိုင့်ဝှမ်း အတွင်း နေထိုင်သော ခေတ်မီ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်နေသည့် မျိုးနွယ်စု များသည် ကောက်ပဲ သီးနှံများ၊ မြေပဲများ၊ ငှက်ပျောသီးများ၊ ဂျုံနှင့် ပြောင်းများ အစရှိသည် တို့ကို စိုက်ပျိုး၍ နေထိုင်လျက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ မျိုးနွယ်စုများ၏ လူ့အခွင့်အရေး အတွက် လှုပ်ရှားသည့် Survival International အဖွဲ့အစည်းက ပြောပြခဲ့ကြောင်း သိရသည်။

မြ၀တီ
ဘရာဇီးနိုင်ငံရှိ အမေဇုန် ချိုင့်ဝှမ်း၏ ဝေးလံ ခေါင်ဖျားသည့် Acre ပြည်နယ်တွင် ဓာတ်ပုံရိုက်သည်ကိုပင် ထိတ်လန့်အံ့သြ ကြသည့် မျိုးနွယ်စု တစ်စုက လေယာဉ်ပျံ တစ်စင်းကို တွေ့မြင် ခဲ့ကြပြီး နောက်ပိုင်းတွင် တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့ကြကြောင်း သိရသည်။
၎င်းမျိုးနွယ်စု ဝင်များသည် လေယာဉ်ပေါ်မှ ဓာတ်ပုံရိုက်သည်ကို ထိတ်လန့်၍ ၎င်းတို့ကိုင်ထားသော လှံများ ပင် လှုပ်ရမ်းသွားသည့်အတွက် လေယာဉ်ကို ပထမဆုံး တွေ့မြင်ဖူး ပုံ ပေါ်သည့် အပြင် ခေတ်မီ တိုးတက်သော ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက် နေသယောင်ရှိသည်ဟု ခန့်မှန်းရသည်။

Acre ပြည်နယ်တွင် နေထိုင်သော အဆိုပါ မျိုးနွယ်စုတွင် လူဦးရေ ၂ဝဝနီးပါးခန့် ရှိသည်ဟု သိရပြီး ဘရာဇီး အစိုးရသည် ၎င်း၏ မျိုးနွယ်စုနှင့် အဆက်အသွယ် ပြတ်တောက် နေသည်မှာ မှန်ကန်ကြောင်း လက်ခံသော် လည်း ၎င်းဒေသတွင် သစ်ပင် ခုတ်လှဲခြင်း၊ ဓာတ်သတ္တု တူးဖော်ခြင်း၊ မွေးမြူရေး ခြံလုပ်ငန်း လုပ်ကိုင်ခြင်း၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်း စသည့် ခြိမ်းခြောက် မှုများနှင့် ရင်ဆိုင် နေရသည့်အတွက် ယင်းဒေသ ကို စောင့် ကြည့် ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အသစ်ရှာဖွေ တွေ့ရှိသော မျိုးနွယ်စုများ နေထိုင်သည့် ဒေသတွင် နေထိုင်လျက်ရှိသော Ashaninka မျိုးနွယ်စုခေါင်း ဆောင်များက ၎င်းတို့ ပိုင်ဆိုင်သည့် နယ်နိမိတ်တွင် သစ်ခုတ် လှဲခြင်း၊ သတ္တု တူးဖော်ခြင်းနှင့် အမဲလိုက်ခြင်း များကို ထိန်းချုပ်ပေးရန် အစိုးရနှင့် NGO အဖွဲ့အစည်းများအား တောင်းဆို ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အမေဇုန်ချိုင့်ဝှမ်း အတွင်း နေထိုင်သော ခေတ်မီ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်နေသည့် မျိုးနွယ်စု များသည် ကောက်ပဲ သီးနှံများ၊ မြေပဲများ၊ ငှက်ပျောသီးများ၊ ဂျုံနှင့် ပြောင်းများ အစရှိသည် တို့ကို စိုက်ပျိုး၍ နေထိုင်လျက်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ မျိုးနွယ်စုများ၏ လူ့အခွင့်အရေး အတွက် လှုပ်ရှားသည့် Survival International အဖွဲ့အစည်းက ပြောပြခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment