Monday 31 March 2014

ရန်ကုန်မှမြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြသူများ ပြည်မြို့သို့ရောက်ရှိ

Photo: ရန်ကုန်မှမြစ်ဆုံသို့လမ်းလျှောက်ဆန္ဒပြသူများ ပြည်မြို့သို့ရောက်ရှိ
Monday, March 31, 2014

မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ် ဆိုင်းရေးအတွက် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှဦးဆောင် ၍တက်ကြွလှုပ်ရှားသူ ၈ဝခန့်သည် ယခုလ၂၃ရက်မှစတင်ထွက်ခွာလာ ရာ လမ်းခရီးရှိ တိုက်ကြီး၊ သာယာ ဝတီ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့ များကိုဖြတ်သန်း၍ ပေါင်းတည်၊
ရွှေတောင်မြို့တို့မှတစ်ဆင့် ဆက် လက်ထွက်ခွာ၍ ယနေ့မွန်းတည့် ၁၂နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိခဲ့သည်။

''ဒီမြစ်ဆုံစီမံကိန်းက ကျွန် တော်တို့ မြန်မာနိုင်ငံအတွက်အကျိုး မရှိဘူးလို့ထင်ပါတယ်။ စီမံကိန်း ကြောင့် ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ဂေဟစနစ်တွေပျက်စီးနိုင်ပါတယ်။ အခု CPI ကုမ္ပဏီကမြစ်ဆုံစီမံကိန်း ကိုစတင်ဖို့ကြိုးစားနေချိန်မှာ ဒီ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်း ရေးအတွက် အခုလိုလမ်းလျှောက် ဆန္ဒပြခြင်းဖြစ်ပါတယ်''ဟုရန်ကုန် မြို့မှစတင်၍ အဖွဲ့တွင်ပါဝင်သူ ဦးသီဟကရှင်းပြသည်။

ရန်ကုန်မြို့မှ မြစ်ဆုံသို့လမ်းလျှောက်သူများ နှင့်အတူ ပြည်မြို့ရှိ နိုင်ငံရေး
တက် ကြွသူများပါပူးပေါင်းပါဝင်၍ပြည် မြို့တွင်းသို့လမ်းလျှောက်ခဲ့ပြီးခေတ္တ တည်းခိုမည့် ပြည်မြို့ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ အနောက် ဘက်မုခ်အနီးရှိ သတ္တဌာနဘုန်းကြီး ကျောင်းဝင်းသို့ ရောက်ရှိရပ်နားခဲ့ သည်။ ၄င်းတို့ခေတ္တရပ်နားသည့် သတ္တဌာနကျောင်းဝင်းသည် လွန်ခဲ့ သော ၁၃ဝဝပြည့်အရေးတော်ပုံ ရေနံမြေသပိတ်တပ်သားများချောက် မြို့မှ ရန်ကုန်မြို့အရောက်ချီတက် စဉ် ဝင်ရောက်ရပ်နားသွားသော သမိုင်းဝင်အောင်မြေနေရာဖြစ်သည်။

The Union Daily
မြစ်ဆုံစီမံကိန်း အပြီးသတ်ရပ် ဆိုင်းရေးအတွက် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့ချုပ်မှဦးဆောင် ၍တက်ကြွလှုပ်ရှားသူ ၈ဝခန့်သည် ယခုလ၂၃ရက်မှစတင်ထွက်ခွာလာ ရာ လမ်းခရီးရှိ တိုက်ကြီး၊ သာယာ ဝတီ၊ ကြို့ပင်ကောက်၊ ဇီးကုန်းမြို့ များကိုဖြတ်သန်း၍ ပေါင်းတည်၊ ရွှေတောင်မြို့တို့မှတစ်ဆင့် ဆက် လက်ထွက်ခွာ၍ ယနေ့မွန်းတည့် ၁၂နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ရောက်ရှိခဲ့သည်။
''ဒီမြစ်ဆုံစီမံကိန်းက ကျွန် တော်တို့ မြန်မာနိုင်ငံအတွက်အကျိုး မရှိဘူးလို့ထင်ပါတယ်။ စီမံကိန်း ကြောင့် ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ဂေဟစနစ်တွေပျက်စီးနိုင်ပါတယ်။ အခု CPI ကုမ္ပဏီကမြစ်ဆုံစီမံကိန်း ကိုစတင်ဖို့ကြိုးစားနေချိန်မှာ ဒီ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်း ရေးအတွက် အခုလိုလမ်းလျှောက် ဆန္ဒပြခြင်းဖြစ်ပါတယ်''ဟုရန်ကုန် မြို့မှစတင်၍ အဖွဲ့တွင်ပါဝင်သူ ဦးသီဟကရှင်းပြ သည်။

ရန်ကုန်မြို့မှ မြစ်ဆုံသို့လမ်းလျှောက်သူများ နှင့်အတူ ပြည်မြို့ရှိ နိုင်ငံရေး တက် ကြွသူများ ပါပူးပေါင်း ပါဝင်၍ပြည် မြို့တွင်းသို့လမ်းလျှောက်ခဲ့ပြီးခေတ္တ တည်းခိုမည့် ပြည်မြို့ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ အနောက် ဘက်မုခ်အနီးရှိ သတ္တဌာနဘုန်းကြီး ကျောင်းဝင်းသို့ ရောက်ရှိရပ်နားခဲ့ သည်။ ၄င်းတို့ခေတ္တ ရပ်နားသည့် သတ္တဌာနကျောင်းဝင်းသည် လွန်ခဲ့ သော ၁၃ဝဝပြည့် အရေးတော်ပုံ ရေနံမြေ သပိတ်တပ်သားများချောက် မြို့မှ ရန်ကုန်မြို့အရောက်ချီတက် စဉ် ဝင်ရောက်ရပ်နားသွားသော သမိုင်းဝင်အောင်မြေနေ ရာဖြစ်သည်။

The Union Daily

No comments:

Post a Comment