Monday 31 March 2014

ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်

Photo: ပျောက်ဆုံး လေယာဉ် ပြန် တွေ့ ပြီ ဆို သော် လည်း မလေးရှား ဝန်ကြီးချုပ် က တိကျ ပြည့်စုံစွာ ရှင်းမပြနိုင်သေး သည့် အတွက် ကျန်ရစ်သူ မိသား စုများ ဒေါသထွက်
Monday, March 31, 2014

MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီးသည်များ၏ မိသားစုများ နှင့်ဆွေမျိုးများသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက်သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်းစစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။ ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာချက်အပေါ်တွင် စိတ်ဆိုးကာ လူသတ်သမားတွေဟု ပြောနေကြသည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြကြောင်း ပြောခဲ့သည်ဟု သိရသည်။

ကျွန်တော်တို့က ဒီလေယာဉ်ကြီး ဘာဖြစ်သွားတာလဲ ဆိုတာသိချင်တာ။ အမှန်တကယ်က ဘာဖြစ်သွားတာလဲ။ တရုတ်ပြည်ဆိုင်ရာ မလေးရှား သံအမတ်ကြီး ဒါတွတ်အစ္စကန် ဒါဆာရူဒင် အပါအဝင် မလေးရှား ကိုယ်စားလှယ်အဖွဲ့အား အင်္ဂလိပ်ဘာသာဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ဖြစ်ပုံက အဆိုပါ မလေးရှားသံရုံးမှ သံအမတ်ကြီး ခေါင်းဆောင်သော အဖွဲ့သည် လီဒိုဟိုတယ် ဘောလရွမ်း (Ball Room) တွင် နေ့စဉ်ရှင်းလင်းပြသ မှု ပြုလုပ် ခဲ့သော်လည်း သိလိုသော မေးခွန်း များ မေးခွင့်မရဘဲနှင့် အစည်းအဝေးကြီး ပြီးဆုံးသွားသဖြင့် စိတ်မရှည်ဖြစ်ရာမှ ဒေါသဖြစ်ကာ ခရီးသည်များ၏ မိသားစု များနှင့် ဆွေမျိုးများထဲက ခင်ဗျားတို့ မသွားနဲ့ဦး။ ခင်ဗျားတို့ ဒီအခန်းထဲက မထွက်နဲ့ဦး။ ကျုပ်တို့စောင့်နေတာ အရမ်းကိုကြာသွားပြီ။ ကျုပ်တို့က ခင်ဗျားတို့ ပြောတာကိုပဲ နားထောင်ဖို့ လာတာမဟုတ်ဘူး ဟု အော်ဟစ်ပြောဆို ခဲ့ကြကြောင်း သိရသည်။ AP သတင်းဌာန အဆိုအရ မိသားစုများက နောက်ပိုင်းကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် မိသားစုများမှာ အကြီးအကျယ် မချင့်မရဲဖြစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ''ကျုပ်တို့ကို ဘာမှလှုပ်လို့မရအောင် လုပ်ထားတယ်။ အမှောင်ထဲမှာထားပြီး မလေးရှား အစိုးရက လိမ်ညာပြောနေကြတယ်။ မိသားစုတွေအားလုံး တစ်သဘောတည်းဖြစ် တဲ့ အချက်က မလေးရှား အစိုးရဟာ ကြန့်ကြာပြီး အချိန်ဆွဲနေတယ်။ ဖုံးကွယ်ထားတယ်။ လိမ်ညာနေတယ်''ဟု AP ကဆိုသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်က ပြောသွားသည်မှာ Boeing 777 လေယာဉ်ကြီး ဘာကြောင့် မူလပျံသန်းနေသည့် လမ်းကြောင်းမှ ချက်ချင်းပြောင်း ပျံရသလဲဆိုတာကို စုံစမ်း စစ်ဆေးရေးမှူးတွေက ဖြစ်နိုင်ခြေရှိသမျှ အားလုံးကို စစ်ဆေးနေကြောင်းနှင့် အာဏာ ပိုင်တွေအနေဖြင့် လေယာဉ်ပြန်ပေးဆွဲခံရ တာဟုတ်၊ မဟုတ် သေချာပေါက် မပြောနိုင် သေးကြောင်း၊ ယခုလေယာဉ်သည် လေယာဉ်ပေါ်က တစ်ယောက်၏ တမင်သက်သက် လုပ်ခိုင်းခြင်းကြောင့် လိုက်လုပ်နေရတာ ထင်ကြောင်း BBC သတင်းဌာနက ပြန်ပြောပြသည်။ သြစတြေးလျနှင့် နိုင်ငံတကာ လေယာဉ်မှူးများအသင်း ကော်မတီဝင် မိုက်ဂလင်းက ယခုလေယာဉ်ကြီး ပျောက်ဆုံးရခြင်း၏ အဓိက အဖြစ်နိုင်ဆုံးမှာ လေယာဉ်မှူးက မိမိကိုယ်ကိုယ် သတ်သေခြင်းဟူ၍ စဉ်းစားမိကြောင်း သာဓကနှစ်ခုရှိရာ ပထမတစ်ခုမှာ ၁၉၉၇ ခုနှစ်က စင်ကာပူမှ ဂျာကာတာသို့ သွားသော Silk Air လေယာဉ် ပျက်ကျမှုနှင့် နောက်တစ်ခုက ၁၉၉၉ ခုနှစ်က လော့စ်အိန်ဂျလိစ်မှ ကိုင်ရိုသို့ပျံသွားသော Egypt Air လေယာဉ်ပျက်ကျမှုတို့ ဖြစ်သည်ဆို၏။

မလေးရှား ဝန်ကြီးချုပ် ပြောပြရာ၌ လေယာဉ်နှင့်ဂြိုဟ်တုအကြား နောက်ဆုံး Signal ကိုလေယာဉ် ထွက်ခွာပြီးနောက် နံနက် ၈ နာရီ ၁၁ မိနစ် (၇ နာရီနှင့် ၃၁ မိနစ်) ကြာ သည်အထိ နောက်ဆုံးအဆက် အသွယ်ရသည်မှ ထရန်စပေါင်းဒါ ခလုတ်ပိတ်ထား သော်လည်း ထရန်စမစ်တာက ပိတ်မရသဖြင့် Signal တွေ ပုံမှန်ထုတ် လွှင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဂြိုဟ်တုက နာရီဝက်တစ်ကြိမ် ဖမ်းယူရရှိသည့် အတွက်ကြောင့် ရေတွက်လျှင် နောက်ထပ်ငါးနာရီအထိ ဂြိုဟ်တုက အဆက်အသွယ် ရရှိကာ ဆက်ပျံနေခဲ့သည်။ လေယာဉ်မှာ ပါသွားသောဆီကလည်း နောက်ထပ် ရှစ်နာရီကြာအောင် မောင်းနှင် နိုင်သေးသည် အထိ လုံလောက်သေးသည်။ အိန္ဒိယ သမုဒ္ဒရာကြီးပေါ် စနေ၊ တနင်္ဂနွေနေ့ များက ပျံသန်းရှာဖွေနေကြသော လေယာဉ်များနှင့် ဂြိုဟ်တုဓာတ်ပုံများအရ ရေပြင်ပေါ်တွင် MH370 လယာဉ်ပျောက်နေသော နေရာ တွင် ပေါလောမျောနေသော အရာဝတ္ထုများကို တွေ့ရှိရသော်လည်း တနင်္လာနေ့ နံနက်ပိုင်းအထိ ရှာဖွေရေးအဖွဲ့မှ ရယူနိုင်ခြင်းမရှိ၍ ထိုမြင်နေရသော အရာဝတ္ထုသည် MH370 Boeing 777 လေယာဉ်မှ ဟုတ်၊ မဟုတ် ဆုံးဖြတ်ခြင်းမပြုနိုင် ခဲ့သေးပေ။ မတ် ၂၄ ရက်က မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဂြိုဟ်တု အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလေ့လာမှု အသစ်အရ လေယာဉ်သည် သြစတြေးလျ နိုင်ငံပတ်သ်မြို့ ကမ်းခြေမှ မိုင် ၁၅ဝဝ ကျော် ကွာဝေးသော အိန္ဒိယသ မုဒ္ဒရာထဲသို့ ပျက်ကျသွားဖွယ်ရာကို ပြသနေကြောင်း ကြေညာလိုက်သည်။ MH370 ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြားလိုက်သည်။ မလေးရှား ဝန်ကြီးချုပ်က ကြေညာသွားသော်လည်း ကျန်ရစ်သူ မိသားစု များနှင့် ဆွေမျိုးများက စိတ်တွင် ဘဝင်မကျကြပေ။ လေယာဉ်ပျက်သည့် အထောက်အထား အပိုင်းအစများကို သေချာစွာ မဖော်ပြနိုင် သေးသည့်အတွက် ကျန်ရစ်သူ မိသားစုတွေကို အရူးလုပ်နေသည့် အပြင် တစ်ကမ္ဘာလုံးက လူတွေကိုပါ အရူးလုပ်နေသည်ဟု စွပ်စွဲပြောဆို နေကြကြောင်းကို သိရှိနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါ သည်။

မြ၀တီ
MH370 သည် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်း ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြား လိုက်သည်။ သို့သော်လည်း ကျန်ရစ်ခဲ့သော ခရီးသည်များ၏ မိသားစုများ နှင့်ဆွေမျိုးများသည် စနေနေ့က တရုတ်ပြည်တွင် စိတ်ခံစားချက်များ ဆူပွက်လာကာ မလေးရှား အရာရှိများအား ပျောက်သွား သော လေယာဉ်၏ ခရီးစဉ်ကို စုံစမ်း စစ်ဆေးနေခြ င်းနှင့် ပတ်သက်၍ ကြန့်ကြာနေခြင်း၊ ဖုံးကွယ်ထားခြင်းနှင့် လိမ်ညာနေခြင်းဖြစ်ကြောင်း ဒေါသတကြီး စွပ်စွဲအော်ဟစ်ပြော ကြားခဲ့ကြောင်း သိရသည်။ ယခုလည်း ဝန်ကြီးချုပ်၏ ကြေညာချက်အပေါ်တွင် စိတ်ဆိုး ကာ လူသတ်သမားတွေဟု ပြောနေကြသည့်အပြင် မလေးရှား အစိုးရက မိမိတို့ကိုပါ အရူးလုပ်နေကြေ ကြာင်း ပြောခဲ့သည်ဟု သိရသည်။
ကျွန်တော်တို့က ဒီလေယာဉ်ကြီး ဘာဖြစ်သွားတာလဲ ဆိုတာသိချင်တာ။ အမှန်တကယ်က ဘာဖြစ်သွား တာလဲ။ တရုတ်ပြည်ဆိုင်ရာ မလေးရှား သံအမတ်ကြီး ဒါတွတ်အစ္စကန် ဒါဆာရူဒင် အပါအဝင် မလေးရှား ကိုယ်စားလှယ်အဖွဲ့အား အင်္ဂလိပ်ဘာသာဖြင့် အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ ဖြစ်ပုံက အဆိုပါ မလေးရှားသံရုံးမှ သံအမတ်ကြီး ခေါင်းဆောင်သော အဖွဲ့သည် လီဒိုဟိုတယ် ဘောလရွမ်း (Ball Room) တွင် နေ့စဉ်ရှင်းလင်းပြသ မှု ပြုလုပ် ခဲ့သော်လည်း သိလိုသော မေးခွန်း များ မေးခွင့်မရဘဲနှင့် အစည်းအဝေးကြီး ပြီးဆုံးသွားသဖြင့် စိတ်မရှည်ဖြစ်ရာမှ ဒေါသဖြစ်ကာ ခရီးသည်များ၏ မိသားစု များနှင့် ဆွေမျိုးများထဲက ခင်ဗျားတို့ မသွားနဲ့ဦး။ ခင်ဗျားတို့ ဒီအခန်းထဲက မထွက်နဲ့ဦး။ ကျုပ်တို့စောင့်နေတာ အရမ်းကိုကြာသွားပြီ။ ကျုပ်တို့က ခင်ဗျားတို့ ပြောတာကိုပဲ နားထောင်ဖို့ လာတာမဟုတ်ဘူး ဟု အော်ဟစ်ပြောဆို ခဲ့ကြကြောင်း သိရသည်။ AP သတင်းဌာန အဆိုအရ မိသားစုများ က နောက်ပိုင်းကြေညာချက် တစ်စောင် ထုတ်ပြန်ရာတွင် မိသားစုများမှာ အကြီးအကျယ် မချင့်မရဲဖြစ်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ''ကျုပ်တို့ကို ဘာမှလှုပ်လို့မရအောင် လုပ်ထားတယ်။ အမှောင်ထဲမှာထားပြီး မလေးရှား အစိုးရက လိမ်ညာပြောနေကြတယ်။ မိသားစုတွေအားလုံး တစ်သဘောတည်းဖြစ် တဲ့ အချက်က မလေးရှား အစိုးရဟာ ကြန့်ကြာပြီး အချိန်ဆွဲနေတယ်။ ဖုံးကွယ်ထားတယ်။ လိမ်ညာနေတယ်''ဟု AP ကဆိုသည်။

မလေးရှား ဝန်ကြီးချုပ် နာဂျစ်က ပြောသွားသည်မှာ Boeing 777 လေယာဉ်ကြီး ဘာကြောင့် မူလပျံသန်းနေ သည့် လမ်းကြောင်းမှ ချက်ချင်းပြောင်း ပျံရသလဲဆိုတာကို စုံစမ်း စစ်ဆေးရေးမှူးတွေက ဖြစ်နိုင်ခြေရှိသမျှ အားလုံးကို စစ်ဆေးနေကြောင်းနှင့် အာဏာ ပိုင်တွေအနေဖြင့် လေယာဉ်ပြန်ပေးဆွဲခံရ တာဟုတ်၊ မဟုတ် သေချာပေါက် မပြောနိုင် သေးကြောင်း၊ ယခုလေယာဉ်သည် လေယာဉ်ပေါ်က တစ်ယောက်၏ တမင်သက်သက် လုပ်ခိုင်းခြင်းကြောင့် လိုက်လုပ်နေရတာ ထင်ကြောင်း BBC သတင်းဌာန က ပြန်ပြောပြသည်။ သြစတြေးလျနှင့် နိုင်ငံတကာ လေယာဉ်မှူးများအသင်း ကော်မတီဝင် မိုက်ဂလင်းက ယခုလေယာဉ်ကြီး ပျောက်ဆုံးရခြင်း၏ အဓိက အဖြစ်နိုင်ဆုံးမှာ လေယာဉ်မှူးက မိမိကိုယ်ကိုယ် သတ်သေခြင်းဟူ၍ စဉ်းစားမိကြောင်း သာဓကနှစ်ခုရှိရာ ပထမတစ်ခုမှာ ၁၉၉၇ ခုနှစ်က စင်ကာပူမှ ဂျာကာတာသို့ သွားသော Silk Air လေယာဉ် ပျက်ကျမှုနှင့် နောက်တစ်ခုက ၁၉၉၉ ခုနှစ်က လော့စ်အိန်ဂျလိစ်မှ ကိုင်ရိုသို့ပျံသွားသော Egypt Air လေယာဉ်ပျက်ကျမှုတို့ ဖြစ်သည်ဆို၏။

မလေးရှား ဝန်ကြီးချုပ် ပြောပြရာ၌ လေယာဉ်နှင့်ဂြိုဟ်တုအကြား နောက်ဆုံး Signal ကိုလေယာဉ် ထွက်ခွာပြီးနောက် နံနက် ၈ နာရီ ၁၁ မိနစ် (၇ နာရီနှင့် ၃၁ မိနစ်) ကြာ သည်အထိ နောက်ဆုံးအဆက် အသွယ်ရသည်မှ ထရန်စပေါင်းဒါ ခလုတ်ပိတ်ထား သော်လည်း ထရန်စမစ်တာက ပိတ်မရသဖြင့် Signal တွေ ပုံမှန်ထုတ် လွှင့်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဂြိုဟ်တုက နာရီဝက်တစ်ကြိမ် ဖမ်းယူရရှိသည့် အတွက်ကြောင့် ရေတွက်လျှင် နောက်ထပ်ငါးနာရီအထိ ဂြိုဟ်တုက အဆက်အသွယ် ရရှိကာ ဆက်ပျံနေခဲ့သည်။ လေယာဉ်မှာ ပါသွားသောဆီကလည်း နောက်ထပ် ရှစ်နာရီကြာအောင် မော င်းနှင် နိုင်သေးသည် အထိ လုံလောက်သေးသည်။ အိန္ဒိယ သမုဒ္ဒရာကြီးပေါ် စနေ၊ တနင်္ဂနွေနေ့ များက ပျံသန်းရှာဖွေနေကြသော လေယာဉ်များနှင့် ဂြိုဟ်တုဓာတ်ပုံများအရ ရေပြင်ပေါ်တွင် MH370 လယာဉ်ပျောက်နေသော နေရာ တွင် ပေါလောမျောနေသော အရာဝတ္ထုများကို တွေ့ရှိရသော်လည်း တနင်္လာနေ့ နံနက်ပိုင်းအထိ ရှာဖွေရေးအဖွဲ့မှ ရယူနိုင်ခြင်းမရှိ၍ ထိုမြင်နေရသော အရာဝတ္ထုသည် MH370 Boeing 777 လေယာဉ်မှ ဟုတ်၊ မဟုတ် ဆုံးဖြတ်ခြင်းမပြုနိုင် ခဲ့သေးပေ။ မတ် ၂၄ ရက်က မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဂြိုဟ်တု အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလေ့လာမှု အသစ် အရ လေယာဉ်သည် သြစတြေးလျ နိုင်ငံပတ်သ်မြို့ ကမ်းခြေမှ မိုင် ၁၅ဝဝ ကျော် ကွာဝေးသော အိန္ဒိယသ မုဒ္ဒရာထဲသို့ ပျက်ကျသွားဖွယ်ရာကို ပြသနေကြောင်း ကြေညာလိုက်သည်။ MH370 ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ထိုးကျသွားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ကြေညာကာ ကျန်ရစ်သူများထံ တရားဝင် အကြောင်းကြားလိုက်သည်။ မလေးရှား ဝန်ကြီးချုပ်က ကြေညာသွားသော်လည်း ကျန်ရစ်သူ မိသားစု များနှင့် ဆွေမျိုးများက စိတ်တွင် ဘဝင်မကျကြပေ။ လေယာဉ်ပျက်သည့် အထောက်အထား အပိုင်းအစများကို သေချာစွာ မဖော်ပြနိုင် သေးသည့်အတွက် ကျန်ရစ်သူ မိသားစုတွေကို အရူးလုပ်နေသည့် အပြင် တစ်ကမ္ဘာလုံးက လူတွေကိုပါ အရူးလုပ်နေသည်ဟု စွပ်စွဲပြောဆို နေကြကြောင်းကို သိရှိနိုင်ပါရန် ရေးသား တင်ပြလိုက်ရပါ သည်။

မြ၀တီ

No comments:

Post a Comment