Monday 31 March 2014

အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း တက္ကသိုလ်ကျောင်း သား များ ဆန္ဒပြ

ပြည်သူ့လွှတ်တော်တွင် ပြင်ဆင်ရေးဆွဲနေသော အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ကန့် ကွက်ကြော င်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ ငါးဖွဲ့ ပူးပေါင်းကာ မတ်လ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ လှည်းတန်း (ဦးထွန်းလင်းခြံလမ်းထိပ်)၌ ဆန္ဒပြပွဲတစ်ခုကျင်းပခဲ့ကြောင်း ရန်ကုန်စီးပွားရေးတက္က သိုလ် ကျောင်းသားသမဂ္ဂဝင် ကိုမင်းသူကျော်က ပြောကြားသည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ပါဝင်ခဲ့သော ယင်းဆန္ဒပြပွဲကို မြို့နယ် တာဝန်ရှိသူများထံ ခွင့်ပြုချက် မတင်ဘဲ ပြသခဲ့ခြင်း ဖြစ်ပြီး ထပ်မံ၍ ဆန္ဒပြပွဲများ ကျင်းပရန်လည်း စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုင်ငံပိုင် သတင်းစာများတွင် မတ်လ ၁၆ ရက် နှင့် ၁၇ ရက်နေ့တွင် ဖော်ပြထားသည့် အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြောင်း “ပညာရေးကောင်စီ အလိုမရှိ”၊ “ဗဟိုချုပ်ကိုင်မှု လျှော့ချရေး တို့အရေး” ကဲ့သို့ ကြွေးကြော်သံများ အော်ဟစ်ခဲ့ပုံကို တက္ကသိုလ်ကျောင်းသား ကိုမင်းသူကျော်က ပြောဆိုသည်။

ယင်းအပြင် ပညာရေး ဝန်ကြီးဌာနက ပေးအပ်သော ဘွဲ့လက်မှတ်များသည် လက်တွေ့ လူငယ်များအတွက် အသုံးမဝင်ကြောင်းကို သရုပ်ဖော်အနုပညာ (Performances) များ ပြသကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ၎င်းကဆိုသည်။

မတ်လ ၃၀ ရက်နေ့ ဆန္ဒပြပွဲကို ဦးဆောင်သော ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်စီးပွားရေး တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ ရေကြောင်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် သူနာပြုတက္ကသိုလ် ကျောင်းသား တို့မှ ဖြစ်ကြောင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) ထံမှ စုံစမ်းသိရှိရသည်။

တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြပွဲနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းသော်လည်း မှတ်ချက် မပေးလိုကြောင်း သာ ပြန်လည် ဖြေကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂ အပါအဝင် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်း၊ နိုင်ငံလုံးဆိုင်ရာ ပညာရေးမြှင့် တင်မှုကွန်ရက် (NNER) တို့ကလည်း မတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် အမျိုးသား ပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြောင်းစာများ အသီးသီး ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေကြမ်း မရေးဆွဲမီ ယခုနှစ် ဇန်နဝါရီလဆန်းက ဒေသန္တရအဆင့် ပညာရေး ဆွေးနွေးပွဲများတွင် ပညာရေး ဝန်ကြီးဌာန၏ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် အမျိုးသားပညာရေး ကောင်စီ ဖွဲ့စည်းခြင်းတို့တွင် ပညာရေး အဖွဲ့အစည်း အချို့နှင့် သဘောထား ကွဲလွဲမှုများ ရှိခဲ့သည်။

သို့သော် ပညာရေး ဝန်ကြီးဌာနနှင့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီတို့က ၎င်းတို့၏ အမျိုးသားပညာရေး ဥပဒေကြမ်း နှစ်ခုကို မတ်လ ၁၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တစ်ပြိုင်နက် တင်သွင်းခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment