Monday 31 March 2014

KIA မှ ခြိမ်းခြောက်မှုကြောင့် သန်းခေါင်းစာရင်းကောက်ခံသည့် ဆရာမများ စိုးရိမ်လျှက်ရှိ

Photo: KIA မှ ခြိမ်းခြောက်မှုကြောင့် သန်းခေါင်းစာရင်းကောက်ခံသည့် ဆရာမများ စိုးရိမ်လျှက်ရှိ
Monday, March 31, 2014

ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင် စာရင်း လိုက်လံကောက် ယူမည့် ဆရာမများအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) မှ တပ်ရင်းမှုးက မလာ ရောက်ရန်နှင့် သန်းခေါင်းစာရင်း လိုက်ကောက်လို့ တစ်ခုခုဖြစ်ပါက တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု ယင်းဒေသခံ များထံမှ သိရသည်။

“KIA က တပ်ရင်းမှုးလို့ပြောတယ်…ကျွန်မတို့ကို သန်းခေါင်းစာရင်ကောက်ဖို့ မလာနဲ့၊ လာလို့ သူတို့ဘက်က စစ်သားတွေ တခုခု လုပ်ရင် တာဝန်မယူဘူး ” ဟု ဆိုပြီး လာရောက်ပြောကြားကြောင်း သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဆရာမ တစ်ဦးမှ ပြောသည်။

ထို့အပြင် မတ်လ ၂၇ ရက်နေ့ကလည်း မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများကိုလည်း KIA ရင်း ၂၇ တာဝန်ရှိသူများက သန်းခေါင်စားရင်း အကောက်မခံရန်ပြောကြားခဲ့ သလို ရင်း (၁) လက်အောက်ခံ အင်ဘာပါ ၊ တုန်ဟုန်း၊ လွယ်ဂျယ်အစရှိသည့် ရှမ်းရွာများတွင်လည်း သန်းခေါင်းစာရင်း အကောက်မခံရန် ပြောကြားထားကြောင်း လွယ်ဂျယ်မြို့ခံတစ်ဦးထံမှ သိရသည်။

“ သူတို့တွေ….ကျွန်မနဲ့အတူ ဆရာတစ်ဦးကို သန်းခေါင်းစာရင်း လိုက်ကောက်နေတုန်း ဖမ်းခေါ်သွားတယ်…. မနေ့က တော့ မေးခွန်ပုံစံတွေသိမ်းပြီး လူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်….နောက်တစ်ခေါက်ကျရင် ဖမ်းခံရတဲ့သူကို သတ်ပြစ်မယ်လို့ ပြောလိုက်ဆိုပြီးပြောတယ်….ခု ကျွန်မတို့တွေ သန်းခေါင်းစာရင်းတောင် ဆက်မကောက်ရဲတော့ဘူး” ဟု လွယ်ဂျယ်မြို့နယ်တွင် သန်းခေါင်းစာရင်း ကောက်ယူနေသော ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကာယကံရှင် ဆရာမကပြောသည်။

ယခုကဲ့သို့ KIA မှ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ခံမှုကို ခွင့်မပြုသည့်အပြင် ကချင်ပြည်နယ် အတွင်း တခြားကျေးရွာများကို သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဝန်ထမ်းများကိုပါ ဖမ်းဆီးနေခြင်းကြောင့် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာမျာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင်စားရင် လိုက်လံကောက်ယူမည့် ဆရာမများမှာ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်လျှက်ကြောင်း ဒေသခံဆရာမ တစ်ဦးက ပြောကြားသွားခဲ့ပါသည်။

ခိုင်မြဲအောင်

https://www.facebook.com/profile.php?id=100004684952735
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာနှင့် နမ့်ခမ်း ကျေးရွာ များတွင် သန်းခေါင် စာရင်း လိုက်လံကောက်ယူမည့် ဆရာမများအား KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) မှ တပ်ရင်းမှုးက မလာ ရောက်ရန်နှင့် သန်းခေါင်းစာရင်း လိုက်ကောက်လို့ တစ်ခုခုဖြစ်ပါက တာဝန်မယူကြောင်း ပြောကြားခဲ့သည်ဟု ယင်းဒေသခံ များထံမှ သိရသည်။
“KIA က တပ်ရင်းမှုးလို့ပြောတယ်…ကျွန်မတို့ကို သန်းခေါင်းစာရင်ကောက်ဖို့ မလာနဲ့၊ လာလို့ သူတို့ဘက်က စစ်သားတွေ တခုခု လုပ်ရင် တာဝန်မယူဘူး ” ဟု ဆိုပြီး လာရောက်ပြောကြားကြောင်း သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဆရာမ တစ်ဦးမှ ပြောသည်။

ထို့အပြင် မတ်လ ၂၇ ရက်နေ့ကလည်း မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုလည်း KIA ရင်း ၂၇ တာဝန်ရှိသူများက သန်းခေါင်စားရင်း အကောက်မခံရန်ပြောကြားခဲ့ သလို ရင်း (၁) လက်အောက်ခံ အင်ဘာပါ ၊ တုန်ဟုန်း၊ လွယ်ဂျယ်အစရှိသည့် ရှမ်းရွာများတွင်လည်း သန်းခေါင်းစာရင်း အကောက်မခံရန် ပြောကြားထားကြောင်း လွယ်ဂျယ်မြို့ခံတစ်ဦးထံမှ သိရသည်။

“ သူတို့တွေ….ကျွန်မနဲ့အတူ ဆရာတစ်ဦးကို သန်းခေါင်းစာရင်း လိုက်ကောက်နေတုန်း ဖမ်းခေါ်သွား တယ်…. မနေ့က တော့ မေးခွန်ပုံစံတွေသိမ်းပြီး လူတွေကိုတော့ ပြန်လွှတ်ပေးလိုက် တယ်….နောက် တစ်ခေါက်ကျရင် ဖမ်းခံရတဲ့သူကို သတ်ပြစ်မယ်လို့ ပြောလိုက်ဆိုပြီးပြောတယ်….ခု ကျွန်မတို့တွေ သန်းခေါင် စာရင်းတောင် ဆက်မကောက်ရဲတော့ဘူး” ဟု လွယ်ဂျယ်မြို့နယ်တွင် သန်းခေါင် စာရင်း ကောက် ယူနေသော ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ကာယကံရှင် ဆရာမကပြောသည်။

ယခုကဲ့သို့ KIA မှ ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ခံမှုကို ခွင့်မပြုသည့်အပြင် ကချင်ပြည်နယ် အတွင်း တခြားကျေးရွာများကို သန်းခေါင်းစာရင်း လိုက်လံကောက်ယူနေသော ဝန်ထမ်းများကိုပါ ဖမ်းဆီးနေခြင်းကြောင့် ကချင်ပြည်နယ် မံစီမြို့နယ်ရှိ နမ့်ဆာ၊ မံဝိန်းကြီး ကျေးရွာ အုပ်စု ၆ အုပ်စုမှ ကျေးရွာမျာနှင့် နမ့်ခမ်း ကျေးရွာများတွင် သန်းခေါင်စားရင် လိုက်လံကောက်ယူမည့် ဆရာမများမှာ ဖမ်းဆီးခြင်းခံရမည်ကို စိုးရိမ်လျှက်ကြောင်း ဒေသခံဆရာမ တစ်ဦးက ပြောကြားသွားခဲ့ပါသည်။

ခိုင်မြဲအောင်
https://www.facebook.com/profile.php?id=100004684952735

No comments:

Post a Comment