Monday 31 March 2014

မြို့ကွက်သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်သော်လည်း မြေပိုင်ရှင် များက အကောင်အထည်ဖော်ရန် လိုလား

Photo: မြို့ကွက်သစ် စီမံကိန်းကို ဒေသခံများ ကန့်ကွက်သော်လည်း မြေပိုင်ရှင် များက အကောင်အထည်ဖော်ရန် လိုလား
Monday, March 31, 2014

မုံရွာ-ပုသိမ် ကားလမ်းမကြီး ဘေးရှိ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် မြို့ကွက်သစ် စီမံကိန်းကို အုံတုံပင် ကျေးရွာဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း သိမ်းဆည်းခံ မြေယာပိုင်ရှင် ၃၇ ဦးကမူ မြေကွက် ချထားပေးသည့်အတွက် ယင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။

ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံ တောင်သူ ၅၀ ဦးခန့်ထံမှ မြေဧကပေါင်း ၁၄၂ ဒသမ ၇၈ ဧက သိမ်းဆည်းခဲ့ပြီး မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက ပေ ၈၀၊ ပေ ၆၀ ရှိသည့် မြေကွက်နှစ်ကွက် ပြန်လည် ရရှိမည်ဟု တာဝန်ရှိသူများနှင့် သဘောတူထားသူ ၃၇ ဦးရှိရာ ၁၃ ဦးက သဘော မတူသည့်အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။
“ဒီမြေတွေက စိုက်ပျိုးလို့ မကောင်းတဲ့အတွက် အစပိုင်းကတည်းက မြို့ကွက်သစ် ရိုက်ဖို့ အားလုံးနီးပါး သဘောတူညီခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အုံတုံပင် ကျေးရွာက ဒေသခံ ၁၃ ဦးက သဘောမတူဘူး ဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေ၊ ကန့်ကွက်မှုတွေ လုပ်ပါတယ်။ စပြောတုန်းကတည်းက ထန်းပင်အတွက် လျော်ကြေး မပါပါဘူး။ အခုတော့ ထန်းတစ်ပင်အတွက် လျော်ကြေး ကျပ်တစ်သောင်းခွဲ ပေးမယ်လို့ ကြားတယ်” ဟု မြို့ကွက်သစ် စီမံကိန်း ဖော်ဆောင်ရန် သဘောတူသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ရဲတပ်ရင်း(၂၈) မှာ မုံရွာ- ပုသိမ် ကားလမ်းမကြီး၏ အနောက်ဘက်တွင် ရှိပြီး သိမ်းဆည်းခဲ့သည့် မြေဧက ၁၄၂ ဒသမ ၇၈ ဧကအနက် ဧကပေါင်း ၈၀ ကျော်သုံးစွဲမည် ဖြစ်ကြောင်း၊ မြို့ကွက် သစ်အတွက် ဧက ၅၀ ကျော် ပြန်လည် အသုံးပြုမည်ဖြစ်ကာ ယခင်က လျော်ကြေးပေးရန် သဘောတူညီမှု မရှိခဲ့သော်လည်း ထန်းပင်တစ်ပင်လျှင် တစ်သောင်း ငါးထောင်ကျပ် လျော်ကြေးပေးမည် ဖြစ်ကြောင်း ယင်းစီမံကိန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းယာမြေများပေါ်တွင် မြို့ကွက်သစ် ဖော်ဆောင်၍ အကွက်ဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးရန် ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မြေပိုင်ရှင် ၄၁ ဦး စုပေါင်း လက်မှတ်ထိုး၍ တိုင်းအစိုးရအဖွဲ့ထံ ပထမဆုံးအကြိမ် တင်ပြခဲ့ကြောင်း၊ မြေပုံအညွှန်းအရ ယခု မြေယာများမှ အကွက်ရိုက်လျှင် အကွက်ပေါင်း ၃၃၄ ကွက်ရမည်ဟု မြေယာ ပြန်လည် ချထားပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်းက ပြောဆိုသည်။

မတ်လ ပထမပတ်အတွင်းက ထန်းပင်များ ဖြိုလှဲခံရခြင်း၊ မြေယာ ညှိခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်မှုကို ကန့်ကွက်သည့် အုံတုံပင် ဒေသခံများနှင့် မတ်လ ဒုတိယပတ်တွင် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မတ်လ အတွင်း၌ပင် မြေယာ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းရမ်း စားသောက်သည့် ပုံသဏ္ဌာန်များလည်း ပြုလုပ်ခဲ့ကြသည်။

The Voice Weekly
မုံရွာ-ပုသိမ် ကားလမ်းမကြီး ဘေးရှိ ရဲတပ်ရင်း (၂၈) တည်ဆောက်ရန်နှင့် မြို့ကွက်သစ် စီမံကိန်းကို အုံတုံပင် ကျေးရွာဒေသခံများက ကန့်ကွက်မှုများ ရှိနေသော်လည်း သိမ်းဆည်းခံ မြေယာပိုင်ရှင် ၃၇ ဦးကမူ မြေကွက် ချထားပေးသည့်အတွက် ယင်းစီမံကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်စေ လိုကြောင်း အောင်မိုးကျေးရွာမှ ဦးမင်းသော်က ပြောကြားသည်။
ရဲတပ်ရင်းနှင့် မြို့ကွက်သစ် စီမံကိန်းအတွက် ဒေသခံ တောင်သူ ၅၀ ဦးခန့်ထံမှ မြေဧကပေါင်း ၁၄၂ ဒသမ ၇၈ ဧက သိမ်းဆည်းခဲ့ပြီး မြို့ကွက်သစ် ဖော်ဆောင်ပြီးပါက ပေ ၈၀၊ ပေ ၆၀ ရှိသည့် မြေကွက်နှစ် ကွက် ပြန် လည် ရရှိမည်ဟု တာဝန်ရှိသူများနှင့် သဘောတူထားသူ ၃၇ ဦးရှိရာ ၁၃ ဦးက သဘော မတူသည့် အတွက် စီမံကိန်းကို ဆက်လက် ဖော်ဆောင်နိုင်ခြင်း မရှိဟု ၎င်းကဆိုသည်။

“ဒီမြေတွေက စိုက်ပျိုးလို့ မကောင်းတဲ့အတွက် အစပိုင်းကတည်းက မြို့ကွက်သစ် ရိုက်ဖို့ အားလုံးနီးပါး သဘောတူညီခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အုံတုံပင် ကျေးရွာက ဒေသခံ ၁၃ ဦးက သဘောမတူဘူး ဆိုပြီး ဆန္ဒထုတ်ဖော်မှုတွေ၊ ကန့်ကွက်မှုတွေ လုပ်ပါတယ်။ စပြောတုန်းကတည်းက ထန်းပင်အတွက် လျော်ကြေး မပါပါဘူး။ အခုတော့ ထန်းတစ်ပင်အတွက် လျော်ကြေး ကျပ်တစ်သောင်းခွဲ ပေးမယ်လို့ ကြားတယ်” ဟု မြို့ကွက်သစ် စီမံကိန်း ဖော်ဆောင်ရန် သဘောတူသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ရဲတပ်ရင်း(၂၈) မှာ မုံရွာ- ပုသိမ် ကားလမ်းမကြီး၏ အနောက်ဘက်တွင် ရှိပြီး သိမ်းဆည်းခဲ့သည့် မြေဧက ၁၄၂ ဒသမ ၇၈ ဧကအနက် ဧကပေါင်း ၈၀ ကျော်သုံးစွဲမည် ဖြစ်ကြောင်း၊ မြို့ကွက် သစ်အတွက် ဧက ၅၀ ကျော် ပြန်လည် အသုံးပြုမည်ဖြစ်ကာ ယခင်က လျော်ကြေးပေးရန် သဘောတူညီမှု မရှိခဲ့သော်လည်း ထန်းပင်တစ်ပင်လျှင် တစ်သောင်း ငါးထောင်ကျပ် လျော်ကြေးပေးမည် ဖြစ်ကြောင်း ယင်းစီမံကိန်း တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းယာမြေများပေါ်တွင် မြို့ကွက်သစ် ဖော်ဆောင်၍ အကွက်ဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ပေးရန် ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မြေပိုင်ရှင် ၄၁ ဦး စုပေါင်း လက်မှတ်ထိုး၍ တိုင်းအစိုးရအဖွဲ့ထံ ပထမဆုံးအကြိမ် တင်ပြခဲ့ကြောင်း၊ မြေပုံအညွှန်းအရ ယခု မြေယာများမှ အကွက်ရိုက်လျှင် အကွက်ပေါင်း ၃၃၄ ကွက်ရမည်ဟု မြေယာ ပြန်လည် ချထားပေးရေး ကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်လင်းက ပြောဆိုသည်။

မတ်လ ပထမပတ်အတွင်းက ထန်းပင်များ ဖြိုလှဲခံရခြင်း၊ မြေယာ ညှိခြင်းလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် မြို့ကွက်သစ် ဖော်ဆောင်မှုကို ကန့်ကွက်သည့် အုံတုံပင် ဒေသခံများနှင့် မတ်လ ဒုတိယပတ်တွင် ရဲတပ်ဖွဲ့ ဝင်များ ပဋိပက္ခ ဖြစ်ပွားခဲ့ရာ မတ်လ အတွင်း၌ပင် မြေယာ ပြန်လည် ရရှိရေးအတွက် ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့ပြီး မုံရွာ-ပုသိမ် ကားလမ်းမပေါ် ထွက်၍ တောင်းရမ်း စားသောက်သည့် ပုံသဏ္ဌာန်များလည်း ပြုလုပ် ခဲ့ကြသည်။

The Voice Weekly

No comments:

Post a Comment