Monday 31 March 2014

လွယ်ဂျယ်မြို့ လွယ်ဟိုးကိုက်တောင်ပေါ်သို့ ဗုဒ္ဓရုပ်ပွားတော်များပင့်ဆောင်

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ရှမ်းဘာသာဖြင့် လွယ်ဟိုးကိုက်တောင်(ခေါ်) ကြက် မောက်တောင် ယခုအခါ(ဘုရား ကုန်း)ပေါ်တွင် ကိန်းဝပ်စံပယ်တော် မူသည့် ဗုဒ္ဓရုပ်ပွားတော်အဆူ ၂ဝ နှင့် ရဟန္တာရုပ်တုတော် ရှစ်ဆူတို့အား မန္တလေးမြို့မှ ပင့်ဆောင်ခဲ့ပြီး မြို့သူမြို့သားများစုပေါင်း၍ ဝန်ချီ စက်ကြီးများ အသုံးပြုကာ ယခုလအတွင်း အောင် မြင်စွာဖြင့် တည်ထားကိုးကွယ်နိုင်ခဲ့ ကြသည်။
ကြေးဆင်းတုတော်နှင့် ကြေးခေါင်းလောင်းအပါအဝင် ပူဇော် ရသည့်တန်ဖိုးငွေမှာ ကျပ်သိန်း ၈ဝ ကုန်ကျခဲ့ပြီး လွယ်ဂျယ်မြို့သူ မြို့သား များ၊ ခရီးသွားပုဂ္ဂိုလ်များ၊ ဝန်ထမ်း များက စုပေါင်းလှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

လွယ်ဂျယ်မြို့နယ်ခွဲ သံဃနာယက ဆရာတော်ဦးကောဝိဒ၊ လွယ်ဟိုး ကိုက်တောင် ဘဒ္ဒန္တဝါရိန္တ ဆရာတော် နှင့် သံဃာတော်များ အမှူးပြု၍ လူမှု ရေးအသင်းအဖွဲ့နှင့် မြို့သူ မြို့သားများ၊ ရှမ်းမျိုးနွယ် စုခေါင်းဆောင် ဦးမောင်လွယ်၊ နယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်ခွဲအုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အရာထမ်းများနှင့် ဝန်ထမ်းများ တက် ရောက်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်ပူဇော်ပွဲ ကြီးကို ဓမ္မတေးသံများ၊ အလှူပွဲများ ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ ကြောင်း သိရသည်။

ရင်ငြိမ်းပန်း
Myanmaalinn

No comments:

Post a Comment