Monday 31 March 2014

PMG အလုပ်သမား အလုပ်ထုတ်ခံရမှု ၀န်ထမ်းများ သပိတ်မှောက်မည်

PMG ကုမ္ပဏီမှ အလုပ်သမားတစ်ဦး အလုပ်ထုတ်ခံရသဖြင့် အလုပ်ပြန်ခန့်ပေးရန် အဆိုပါကုမ္ပဏီမှ ၀န် ထမ်းများက မတ်လ ၃၁ ရက်တွင် ဆန္ဒပြတောင်းဆိုသွားမည်ဟု အလုပ်ထုတ်ခံရသူ ဦးကြည်မင်းထိုက် က မဇ္ဈိမကို ပြောသည်။
“အလုပ်ပဲ ပြန်လိုချင်တယ်။ လျော်ကြေးတွေ ဘာတွေပေးတာ မလိုချင်ဘူး။ နောက်ပြီး အလုပ်ထဲက ၀န် ထမ်းတွေကလည်း ကျွန်တော့်ကို အလုပ်ပြန်ခန့်ဖို့အတွက် မနက်ဖြန်မှာ သပိတ်မှောက် ပါဝင်ကြမယ်။ လူအင်အား တစ်ရာခန့်ရှိတယ်။ ခွင့်ပြုချက်တော့ မတောင်းဘူး။ အလုပ်ပြန်မခန့်ရင် ကုမ္ပဏီပိတ်တဲ့အထိ သပိတ်မှောက်သွားမယ်”ဟု ဆိုသည်။

PMG ကုမ္ပဏီသည် အရက်နှင့် ရေသန့် ထုတ်လုပ်သော ကုမ္ပဏီတစ်ခုဖြစ်ပြီး အလုပ်ထုတ်ခံရသော ဦး ကြည်မင်းထိုက်မှာ PMG တွင် အထွေထွေလုပ်သားအဖြစ် သုံးနှစ်ခန့် အလုပ်လုပ်ခဲ့ပြီးနောက် နေထိုင် မကောင်းဖြစ်၍ နှစ်နှစ်အတွင်း ခွင့်ရက်အဖြစ် ၁၅၅ ရက်ကို ဆေးခွင့်အဖြစ် လျှောက်ခဲ့သော်လည်း ခွင့်မ ပေးပဲ မတ်လ ၂၆ ရက်တွင် အလုပ်မှထုတ်ခဲ့၍ သပိတ်မှောက် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်ဟု ၎င်း က ဆိုသည်။

PMG ကုမ္ပဏီရုံးချုပ်မှမန်နေဂျာဦးဝင်းဦးကမူ အလုပ်ထုတ်ခံရသော အလုပ်သမားဦးကြည်မင်းထိုက်သည် ကုမ္ပဏီမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသောကြောင့် မန်နေဂျာများဆုံးဖြတ်ချက် အရ အလုပ်မှထုတ်ပယ်ရခြင်းဖြစ်သည်ဟု ပြောသည်။

“အလုပ်ထုတ်ရတဲ့အကြောင်းက တစ်နှစ်ထဲမှာ ရက်ပေါင်း ၁၅၅ ရက် ပျက်ပါတယ်။ သူပြောတဲ့ နှစ်နှစ် ပေါင်းဆိုတာ မဟုတ်ပါဘူး။ ၂၀၁၃ - ၁၄ ဘဏ္ဍာရေးနှစ်မှာ ရက်ပေါင်း ၁၅၅ ရက်ပျက်ကွက်လို့ အလုပ် ထုတ်လိုက်တာပါ”ဟု ဆိုသည်။

အဆိုပါ အလုပ်ထုတ်ခံရခြင်းနှင့်ပတ်သက်ပြီး PMG ရုံးချုပ်ရှိရာ ဇောတိကလမ်းနှင့် ဘုရင့်နောင်လမ်း သဘောင်္ကျင်းမှတ်တိုင်အနီးတွင် မတ်လ ၃၁ ရက် မနက်မှစပြီး သပိတ်မှောက်သွားမည်ဖြစ်သည်ဟု ဦး ကြည်မင်းထိုက်က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment