Monday 31 March 2014

ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်မှု ထက်ဝက်ခန့် လျော့နည်း

Photo: ရဲရွာရေအားလျှပ်စစ် ထုတ်လုပ်မှု ထက်ဝက်ခန့် လျော့နည်း

မန္တလေး၊ မတ် ၃၀

နွေရာသီကာလ ရေအားလျော့နည်းလာမှု များကြောင့် မေလအထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် ရဲရွာရေအားလျှပ်စစ်မှ မတ်လဆန်းပိုင်းမှ စတင်ကာ လျှပ်စစ် ထုတ်လုပ်ချိန်များကို လျှော့ချ၍ ထက်ဝက်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

အနိမ့်ဆုံး ရှိရမည့် ရေမှတ်ထက် ရေအမြင့် ပေ ၃၀ ခန့် ရှိနေသေးသဖြင့် လက်ရှိနှစ် နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇၉၀ ထိ ထုတ်လုပ်နိုင်သော်လည်း မဂ္ဂါဝပ် ၄၅၀ သာ ထုတ်လုပ်ပေးနေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မနက် ၅ နာရီကနေ စက်မောင်းတယ်။ နေ့လယ် ၁၁ ကျရင် ရပ်ထားတယ်။  ညနေ ၅ နာရီမှာ စမောင်းတယ်။ ည ၁၁ နာရီမှာ ပိတ်တယ်၊ ဓာတ်အား လိုအပ်တဲ့ အချိန်မှာ မီးပေးနိုင်ဖို့ပဲ စက်ကို မောင်းတော့တယ်။ ရေချွေတာတဲ့ သဘောပါ” ဟု ဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ရရှိမည့် ဓာတ်ငွေ့ဖြင့် တည်ဆောက်လျက် ရှိသော သဘာဝ ဓာတ်ငွေ့သုံး ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကျောက်ဆည်မြို့နယ်တွင် ဧပြီလအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ သိရှိရသည်။

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ သားဖွားသင်တန်းကျောင်းတွင် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံပွဲတွင် သင်တန်းကျောင်း၌ လျှပ်စစ်မီး အခက်အခဲ ရှိကြောင်း မီးပျက်သည့်အခါ မီးစက်နှိုးထားရပြီး လက်ရှိ ဒုသမ္မတ လာရောက်ချိန်တွင်လည်း မီးပျက်နေသဖြင့် မီးစက်နှိုးထားရကြောင်း ယင်းသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယင်းတွေ့ဆုံပွဲတွင် ပြန်လည် ပြောကြားသည်။
နွေရာသီကာလ ရေအားလျော့နည်းလာမှု များကြောင့် မေလအထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်ရန် အတွက် ရဲရွာရေအားလျှပ်စစ်မှ မတ်လဆန်းပိုင်းမှ စတင်ကာ လျှပ်စစ် ထုတ်လုပ်ချိန်များကို လျှော့ချ၍ ထက်ဝက်ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနေကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
အနိမ့်ဆုံး ရှိရမည့် ရေမှတ်ထက် ရေအမြင့် ပေ ၃၀ ခန့် ရှိနေသေးသဖြင့် လက်ရှိနှစ် နွေရာသီတွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၇၉၀ ထိ ထုတ်လုပ်နိုင်သော်လည်း မဂ္ဂါဝပ် ၄၅၀ သာ ထုတ်လုပ်ပေးနေကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

“မနက် ၅ နာရီကနေ စက်မောင်းတယ်။ နေ့လယ် ၁၁ ကျရင် ရပ်ထားတယ်။ ညနေ ၅ နာရီမှာ စမောင်း တယ်။ ည ၁၁ နာရီမှာ ပိတ်တယ်၊ ဓာတ်အား လိုအပ်တဲ့ အချိန်မှာ မီးပေးနိုင်ဖို့ပဲ စက်ကို မောင်းတော့ တယ်။ ရေချွေတာတဲ့ သဘောပါ” ဟု ဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း ရရှိမည့် ဓာတ်ငွေ့ဖြင့် တည်ဆောက်လျက် ရှိသော သဘာဝ ဓာတ်ငွေ့သုံး ၁၀၀ မဂ္ဂါဝပ် ထွက် ရှိမည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ကျောက်ဆည်မြို့နယ်တွင် ဧပြီလအတွင်း အပြီးတည်ဆောက် မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဌာနထံမှ သိရှိရသည်။

မန္တလေး ဗဟိုအမျိုးသမီးဆေးရုံ သားဖွားသင်တန်းကျောင်းတွင် မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပ သည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် တွေ့ဆုံပွဲတွင် သင်တန်းကျောင်း၌ လျှပ်စစ်မီး အခက်အခဲ ရှိကြောင်း မီးပျက်သည့်အခါ မီးစက်နှိုးထားရပြီး လက်ရှိ ဒုသမ္မတ လာရောက်ချိန်တွင်လည်း မီးပျက်နေသဖြင့် မီးစက်နှိုးထားရကြောင်း ယင်းသင်တန်းကျောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင် ရွက်ပေးမည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ယင်းတွေ့ဆုံပွဲတွင် ပြန် လည် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment