Monday 31 March 2014

နိုင်ငံရေးသမားနဲ့ စပွန်ဆာ၊ ဒီလိုထောင်ချောက်တွေ ရှိတယ်

Photo: နိုင်ငံရေးသမားနဲ့ စပွန်ဆာ၊ ဒီလိုထောင်ချောက်တွေ ရှိတယ်
Monday, March 31, 2014

(၁) ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်း မယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်းကျင်တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်းအတိုင်း ချေမှုန်းခဲ့ပါတယ်။ ဒီနေ့အချိန်မှာ BCP က ပျက်သုဉ်းသွားပြီး KNU က ယိုင်နဲ့နဲ့ ဖြစ်နေပါပြီ။

ဖြတ်လေးဖြတ်ဆိုတာ ကိုယ့်ရဲ့ရန်သူကို ရိက္ခာမရှိအောင်၊ ဘဏ္ဍာငွေ မရှိအောင်၊ သတင်းအဆက်အသွယ်၊ လူထုနဲ့ ထိတွေ့ဆက်ဆံမှု မရှိအောင် ဖြတ်တောက်တားဆီးပြီး အင်အားချည့်နဲ့အောင် ပြု လုပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ရန်သူကို ချေမှုန်းတဲ့ အခါ ဖြတ်လေးဖြတ်နည်းကိုပဲ အာဏာရှင်တွေ တောက်လျှောက် သုံးခဲ့ပါတယ်။ စစ်ဆင်ရေးတွေ အသုံးပြုခဲ့သလို စိတ်ဓာတ်စစ်ဆင်ရေး အပါအ၀င် နိုင်ငံရေးနယ်ပယ်က သူတွေကိုလည်း ဖြတ်လေးဖြတ်နည်းနဲ့ အင်အားချည့်နဲ့အောင် လုပ်ခဲ့တယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလလို့ ကြွေးကြော်ထားတဲ့ ဒီနေ့ကာလမှာလည်း ဦးနေ၀င်း မျိုးစေ့ချပေးခဲ့တဲ့ ဖြတ်လေးဖြတ်နည်းကို အာဏာရှင်တွေက အသွင်ပြောင်း သုံးစွဲလာတာ တွေ့နေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေထဲက အချို့သောသူတွေဟာ ရပ်တည်ချက် မခိုင်မာတော့ပါဘူး။ ကိုယ်ရပ်တည်ရှင်သန်ရေး တစ်ခုတည်းကိုကြည့်ပြီး ပြည်သူကို မျက်ကွယ်ပြုမယ့် ခြေလှမ်းတွေ မြင်လာရပါတယ်။

(၂)
အာဏာရှင်တွေရဲ့ ခေတ်သစ်ဖြတ်လေးဖြတ် နည်းဗျူဟာမှာ ခရိုနီတွေက အဓိကကျပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် ငွေရှိမှ လုပ်ချင် တာ ဖြစ်နိုင် မယ်ဆိုတဲ့ အယူအဆကို နိုင်ငံရေးသမားတွေကြား အရင်ရိုက် သွင်းပါတယ်။ အခြားတစ်ဖက်မှာတော့ ငွေလိုအပ်နေတဲ့ နိုင်ငံရေးသမားတွေကို ငွေမရှိအောင် ပိတ်ဆို့ခဲ့ပါတယ်။

ဘဏ္ဍာရေး အခက်အခဲကြုံတဲ့ နိုင်ငံရေးသမားတွေအတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခုက နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီက ထောက်ပံ့တာကို လက်ခံတာ ဖြစ်ပါ တယ်။ နောက် တစ်ချက်က ခရိုနီတွေကတစ်ဆင့် ကမ်းလှမ်းလာတဲ့ ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေကို လက်ခံတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုလုံး ကို ရွေးချယ်မှုမလုပ်ဘဲ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိသလို နည်းလမ်းနှစ်ခုစလုံးကို ရွေးချယ်လိုက်သူတွေ ရှိပါတယ်။ တချို့က ခရိုနီအောက်ကိုမ၀င်ဘဲ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ထောက်ပံ့ငွေ ကိုယူပြီး ရပ်တည်ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဆီက သက်သာခွင့်တွေရပြီး အခွင့်ထူးခံတွေ ဖြစ်ခဲ့တဲ့ ခရိုနီတွေက အာဏာရှင်တွေအလိုကျ နည်းလမ်းကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးသမားတွေနဲ့ မီဒီယာက အရေးပါတဲ့နေရာမှာ ရှိပါတယ်။ အာဏာရှင်တွေ က နိုင်ငံရေးသမားတွေနဲ့ မီဒီယာကို တိုက်ရိုက်ထိန်းချုပ်တာမျိုး မလုပ်တော့ပါဘူး။ သူတို့ရဲ့ လက်ဝေခံ ခရိုနီတွေကတစ်ဆင့် ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။

(၃) ဒီသုံးနှစ်တာကာလကို ပြန်ကြည့်မယ် ဆိုရင် ခရိုနီတွေ ဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ခဲ့ကြပါတယ်။ ရပ်တည်ချက် အခိုင်အမာဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာတောင် ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိနေပါပြီ။ NLD ပြီးရင် ပြည်သူလူထုက ယုံကြည်မျှော်လင့်မှု အများဆုံးထားခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှာလည်း ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိခဲ့ပါတယ်။ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့ ထောက်ပံ့ငွေကိုလည်း သူတို့တွေ ရရှိထားပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေပေးပြီး ချဉ်းကပ်ဝင်ရောက်နေကြတဲ့ ခရိုနီတွေထဲမှာ ပေါ်ပေါ်ထင်ထင်နဲ့ ထိပ်ဆုံးရောက်နေ တာက ရွှေသံလွင် ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်သုံးစကားက လှူဒါန်းငွေဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲမှာ ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက်ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပါတယ်။ ဒါ့အပြင် လေလံတင်ရောင်းခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒီအချိန်နောက်ပိုင်း NLD ကပြုလုပ်တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွေကို ရွှေသံလွင်ပိုင်တဲ့ ရွှေထွဋ်တင်ကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာပဲ ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲမှာလည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့တဲ့ ဂစ်တာကို ရွှေသံလွင် ကုမ္ပဏီကပဲ လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။

၂၀၁၃ မှာလုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှာ လူ ၅၀၀၀ စာ သုံးရက်ဆက်တိုက် ကျွေးမွေး ဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ဆိုတဲ့သတင်း ထွက်ခဲ့ပါတယ်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ထောက်ပံ့မှုတွေ ဖြစ်ပါ တယ်။ ဒီနောက်မှာ ထင်သာမြင်သာမရှိတဲ့ ထောက်ပံ့မှုတွေလည်း ရှိနေနိုင်ပါတယ်။

(၄) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းနဲ့ ပတ်သက် ရင် ပြည်သူလူထုရဲ့ အားမလိုအားမရဖြစ်တဲ့ အသံတွေက ကျယ် ကျယ်လောင်လောင် ထွက်နေခဲ့ပါတယ်။ သူတို့လွတ်ခါစ မှာ ပြည်သူလူထုက မျှော်လင့်ခဲ့ပေမဲ့ အခုချိန်မှာ အားမဲ့နေပါပြီ။

ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဆုံးဖြတ်ချက်တွေ ချခဲ့ကြပါတယ်။ ဒီအချိန်အထိ အဲဒီဆုံးဖြတ်ချက်တွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်စွမ်း မရှိသေးပါဘူး။ ပြည်သူလူထု အဓိကရင်ဆိုင်နေရတဲ့ လက်ငင်းပြဿနာတွေမှာလည်း သူတို့ရဲ့ ၀င်ရောက်ရပ်တည်ပေးမှုက အားပျော့နေပါတယ်။

ဒီကြားထဲမှာပဲ အဖွဲ့တွင်း ငွေကြေးကိစ္စတွေ ရှိနေခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ ဆိုတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ကို မကြာသေးခင်က ရေးခဲ့ပါတယ်။ News Watch ဂျာနယ်မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထဲက ငွေကြေးအရှုပ်အရှင်းတွေကိုသူက ဖွင့်ထုတ်ခဲ့ပါတယ်။

လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် နာမည်ကောင်းမရှိလှတဲ့ (Open Society Foundations-OSF) ရဲ့ ပဲ့ကိုင်ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာတဲ့အခါ ၈၈ ကျောင်းသားတွေနဲ့ တွေ့ခဲ့ပါတယ်။ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့တယ်၊ ဒီလိုရခဲ့တာကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့ဝင်တွေကို မပြောတဲ့အတွက် မေးခွန်းထုတ်မှုတွေကြုံပြီး ဖြေရှင်းမှုတွေ လုပ်ခဲ့ရတယ်၊ နောက်ဆုံး စည်းလုံးညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရတယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။

(၅)
ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားတွေနဲ့ ငွေကြေးကိစ္စဟာ မီဒီယာထက်ကို ကျယ်ကျယ်ပြန့်ပြန့် ရောက်မလာခဲ့ပေမဲ့ သူတို့ရဲ့ အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နဲ့ ဆင်တူတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ပေးခဲ့တာကို မေးခွန်းထုတ်သူတွေ ရှိခဲ့ပါတယ်။

အခု နောက်ဆုံးမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အစိုးရခရိုနီ ရွှေသံလွင်ကုမ္ပဏီတို့အကြား ဆက်နွှယ်မှုတွေအပေါ် မေးခွန်းထုတ်လာကြပါပြီ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်မှာ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ မင်္ဂလာဆောင် လုပ်ခဲ့တာကလွဲလို့ တခြားကြီးကြီးမားမား မင်္ဂလာဆောင်တွေ လုပ်ခဲ့တာ မရှိပါဘူး။

ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲလုပ်တာက ပြဿနာမ ဟုတ်ပါဘူး။ နိုင်ငံရေးသမားတစ်ဦးက ရွှေသံလွင်ကုမ္ပဏီပိုင်တဲ့ Sky Star ဟိုတယ်မှာ ဘာကြောင့်လုပ်တာလဲ ဆိုတာက မေးခွန်းဖြစ်နေပါတယ်။ ဦးကိုကိုကြီးနဲ့ နီးစပ်သူတွေက ဈေးသက်သာလို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Sky Star ဟိုတယ်ရဲ့ မင်္ဂလာဧည့်ခံပွဲစရိတ်က ဈေးသက်သာတဲ့ ဟိုတယ်တွေစာရင်းမှာ မပါပါဘူး။ ဈေးနှုန်းသက်သာခွင့် အခွင့်အရေး ပေးခဲ့သလားဆိုတာ မေးစရာရှိပါတယ်။ ပုံမှန်အခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးတယ်ဆိုရင် ဒါဟာ လာဘ်ထိုးမှု ဖြစ်ပါတယ်။

(၆)
အာဏာရှင်တွေရဲ့အိမ်ကို အခုချိန်အထိ ၀င်ထွက်ပြီး အခွင့်အရေးတွေ ယူနေဆဲဖြစ်တဲ့ ခရိုနီတွေက ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးသမားတွေကို ချဉ်းကပ်နေတာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တချို့ခရိုနီတွေဆိုရင် အာဏာရှင်တွေကို တစ်ဖက်မှာ ခြေဆုပ်လက်နယ်ပြုပြီး တစ်ဖက်မှာလည်း နိုင်ငံရေးသမားတွေနဲ့ အနီးကပ်နေထိုင်၊ အခွင့်အရေးတွေပေးပြီး ဟိုစကားဒီပို့၊ ဒီစကားဟိုပို့ လုပ်နေကြသူတွေပါ။

ခရိုနီပဲဖြစ်ဖြစ်၊ စီးပွားရေးသမားကြီးလို့ပဲခေါ်ခေါ် ခရိုနီတိုင်းက ဆိုးတဲ့သူတွေချည်း မဟုတ်ပါဘူး။ ခရိုနီတွေထဲမှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အမည်မခံဘဲ သာမန်ပြည်သူတွေလို နိုင်ငံရေးသမားတွေကို ကူညီနေသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ နောင်အစိုးရလက်ထက်မှာ ဒီနိုင်ငံရေးသမားတွေ အာဏာရလာရင်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုချိတ်တာ ဖြစ်ပါတယ်။

ခရိုနီတွေနဲ့ ပတ်သက်လာရင် ရွှေသံလွင်ကုမ္ပဏီကို ဦးတည်ပြောနေရတာက သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ခရိုနီတချို့ သူတို့ပေးသင့်ပေးထိုက်တဲ့ အခွန်ငွေကိုပေးဖို့ ပြင်ဆင်နေချိန်မှာ ရွှေသံလွင်က ဒီလိုမဟုတ်ပါဘူး။ အခွင့်အရေးတွေကို ဆက်ယူနေတဲ့အပြင် နိုင်ငံရေးသမားတွေကို ချုပ်ကိုင်၊ မီဒီယာကို လွှမ်းမိုးပြီး အာဏာရှင်တွေအလိုကျ လုပ်ကိုင်နေတဲ့ ခြေလှမ်းတွေကို တွေ့နေရလို့ပဲ ဖြစ်ပါတယ်။ သူတို့မှာ စီးပွားရေးရည်မှန်းချက်အပြင် နိုင်ငံရေးရည်မှန်းချက်ပါ ရှိလိမ့်မယ်လို့ ယူဆပါတယ်။

ရုပ်သံမီဒီယာကို ချုပ်ကိုင်ထားတဲ့ သူတို့ဟာ ပုံနှိပ်မီဒီယာကိုပါ ချုပ်ကိုင်ဖို့ ခြေလှမ်းပြင်ထားပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ ဒီမိုကရေစီတူဒေးရဲ့ နောက်ကွယ်မှာ ရွှေသံလွင်ကုမ္ပဏီ ရှိနေပါတယ်။ ငြင်းချက်ထုတ်တာတွေ ရှိနေပေမယ့် ဒီသတင်းစာတွေကို Sky Net ရုံးခွဲတွေကတစ်ဆင့် ဖြန့်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိက သတင်းစာအများစု ရှုံးနေကြပေမဲ့ ဒီမိုကရေစီတူဒေးကို တစ်ရက်သိန်းခြောက်ဆယ် အရှုံးခံထုတ်နေပြီး စုစုပေါင်း ငွေကျပ်သိန်းတစ်သောင်းကျော် အရှုံးခံပြီး ထုတ်ဖို့အတွက်လည်း ပြင်ဆင်ထားပါတယ်။ ကျပ် ၂၀၀ ၀န်းကျင်ဖြစ်နေတဲ့ ပုဂ္ဂလိက သတင်းစာဈေးကွက်မှာ သူတို့သတင်းစာရောင်းဈေးက ကျပ် ၁၀၀ ပါ။ ဈေးကွက်ဖျက်တဲ့ သဘောပါပဲ။

ဒါဟာ ငွေကြေးအင်အား ချည့်နဲ့လာတဲ့ လွတ်လပ်တဲ့မီဒီယာတွေ ယိုင်နဲ့လာချိန်မှာ အာဏာရှင်တွေရဲ့ လက်ဝေခံခရိုနီတွေ ၀င်ရောက်နေရာယူတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

(၈)
ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းဟာ အရင်က အစိုးရလက်ထက် တာဝန်ရှိသူတွေနဲ့ ရင်းနှီးပြီး အခွင့်အရေးများစွာ ရခဲ့သူဖြစ်ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာလည်း သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရရဲ့ ထိပ်တန်းခရီးစဉ်တွေမှာ လိုက်ပါခွင့်ရနေပြီး သူပိုင်တဲ့ Sky Net ရုပ်သံလိုင်းက နိုင်ငံပိုင်မီဒီယာတွေနဲ့ တန်းတူအခွင့်အရေး ရနေပါတယ်။

ဒါတွေအပြင် ဦးကျော်ဝင်းဟာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ရင်းနှီးသူတစ်ဦး ဖြစ်ပါတယ်။ ဦးစိုးသိန်း စက်မှုဝန်ကြီးဌာနကို တာဝန်ယူချိန်ကရော၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာပါ ကန့်သတ်ကုန်စည်တွေဖြစ်တဲ့ ဘီယာထုတ်လုပ်ခွင့်၊ စီးကရက်ထုတ်လုပ်ခွင့် (ရွှေသံလွင်စက်မှုဇုန်တွင်) တွေကို ဦးကျော်ဝင်း ရခဲ့ပါတယ်။

နောက်ပြီး ၉၂၆ ဧကကျယ်တဲ့ စစ်တောင်းစက္ကူစက်ရုံကို တစ်လငှားရမ်းခ ကျပ်သိန်း ၁၈၀ တည်းနဲ့ လုပ်ကိုင်ခွင့်ရခဲ့ပေမဲ့ ရှုံးလို့ဆိုပြီး ငှားရမ်းခပေးသွင်းစရာ မလိုဘဲ လျှော့ပေးခဲ့တဲ့ အခွင့်အရေးရခဲ့ပါတယ်။ နောက် မြေဧရိယာ ၁၀၅ ဧကကျော် ကျယ်ဝန်းတဲ့ ဘီလင်းသကြားစက်ရုံကို တစ်လငှားရမ်းခ ကျပ်၂၅ သိန်းတည်းနဲ့ လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။

တစ်ဖက်မှာ ဘီယာ၊ စီးကရက်စက်ရုံ တည်ထောင်ခွင့်တွေရပြီး လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မီဒီယာအနေနဲ့ Sky Net နဲ့ Shwe FM ကို လုပ်ခွင့်ရနေပါတယ်။

Sky Net ရုပ်သံလိုင်းကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်တဲ့အခါ သုံးနှစ်အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အကျိုးအမြတ် ခွဲဝေတဲ့အခါ စတင်ခွဲဝေတဲ့ နှစ်တွေမှာ နိုင်ငံတော်က လေးရာခိုင်နှုန်းပဲ ရခဲ့ပြီး ရွှေသံလွင်က ၉၆ ရာခိုင်နှုန်း အကျိုးအမြတ် ရတဲ့အထိ အခွင့်အရေးများစွာ ရခဲ့ပါတယ်။ Sky Net ရုပ်သံလိုင်းမှာဆိုရင် တပ်မတော်ခေါင်းဆောင်ပိုင်းက ပါဝင်ပတ်သက်နေတာ ရှိသလို အဲဒီမှာရှိတဲ့ ၀န်ထမ်းအများစုက အငြိမ်းစားတပ်မတော် အရာရှိတွေ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီဟာ BOT စနစ်နဲ့ လမ်းတံတားကြေးကောက်ခံတဲ့ လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ သတ္တုတွင်းထွက်နှင့် ကျောက်မျက်လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ စက်မှုဇုန်ထောင်ပြီး ကုန်ထုတ်လုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကအစ ဘတ်စ်ကားလိုင်း ပြေးဆွဲသည့်လုပ်ငန်းအဆုံး လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

အဲဒါတွေအပြင် ရွှေသံလွင်ကုမ္ပဏီ နာမည်နဲ့ ရှမ်းပြည်နယ် ရွာငံမှာလည်း စိုက်ပျိုးရေးခေါင်းစဉ် အမည်ခံပြီး မြေဧရိယာ ၁၃၇၅ ဧကကျော်ကို သိမ်းယူခဲ့တယ်လို့ လွှတ်တော်အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြထားပါတယ်။ သင်္ဘောနဲ့ စက်သုံးဆီ မှောင်ခိုတင်သွင်းလို့ ဖမ်းခံခဲ့ရတာလည်း ရှိပါတယ်။

ပိုဆိုးတာက ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်တိမ်းရှောင်မှုတွေ ဖြစ်ပါတယ်။ ရွှေသံလွင်ကုမ္ပဏီနာမည် အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ အထိ (လက်လှမ်းမီသမျှ) တည်ထောင်လုပ်ကိုင်ခွင့်ရပြီး အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ပြည်တွင်းအခွန်ဦးစီးဌာနက ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ထိပ်တန်းဝင်ငွေခွန်ဆောင်တဲ့ ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီ ၂၀ စလုံး ပါဝင်လာတာ မရှိပါဘူး။ ထိပ်တန်းကုန်သွယ်လုပ်ငန်းခွန်ဆောင်သည့် ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီတစ်ခုပဲ ပါခဲ့ပါတယ်။ နံပါတ် ၅၀၀ ဆိုတာကလည်း သိန်းတစ်ရာလောက်ပဲ ရှိတာဆိုတော့ ရွှေသံလွင်ဟာ အခွန်မဆောင်သလောက်ပါပဲ။

၁၉၉၅ ခုနှစ်လောက်က စတင်ပြီး အခုချိန်ထိ လုပ်ငန်းလုပ်ကိုင်လာတဲ့ ရင်းနှီးမြှုပ်မှုဟာ ကျွန်တော်တို့ ခန့်မှန်းရသလောက် ဘီလျံ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ရှိပါတယ်။ သူတို့ လက်ရှိပိုင်ဆိုင်မှုတွေအရ ပေးဆောင်မယ့် အခွန်ငွေက ဘီလျံ ၃၀ နဲ့ ဘီလျံ ၅၀ ကြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရခဲ့တဲ့ စာရင်းတွေအရ Sky Net ရုပ်သံလိုင်းဟာ စက်အလုံးရေ ငါးသိန်းကျော် ရောင်းခဲ့ပါတယ်။ ဒီပမာဏအတိုင်းဆိုရင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ဘီလျံပေါင်းများစွာ ပေးဆောင်ရမှာပါ။ တခြားအရက်ဘီယာနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ပေးဆောင်ရမှာတွေ ရှိပါသေးတယ်။

သူတို့အနေနဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ ဘယ်လိုကိန်းဂဏန်းတွေပြပြီး လုပ်ကိုင်နေသလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ MIC က ဒီအချက်အလက်တွေကို ကောင်းကောင်းသိပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေက ဘယ်ကလာနေသလဲ။ သူတို့နောက်မှာ ဘယ်သူတွေ ရှိနေတယ်။ ငွေကြေးခ၀ါချမှု ဥပဒေကို ဘယ်လိုမျိုး လက်တစ်လုံးခြား ပြုလုပ်ထားသလဲဆိုတဲ့ ကိစ္စတွေက ဆန်းစစ်ရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။

(၉)
ဒီအချိန်မှာ တချို့ခရိုနီ လုပ်ငန်းရှင်တွေက ပြုပြင်ပြောင်းလဲလာကြပါတယ်။ အခွန်ဆောင်မှုနဲ့ CSR ကိစ္စတွေလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အခွင့်ထူးတွေ မယူကြတော့ဘူး။ ကိုယ့်လုပ်ငန်းတွေကို ထင်သာမြင်သာရှိအောင် လုပ်လာကြတယ်။ ရွှေသံလွင်က ဒီလိုလုပ်မယ့်ပုံ မရှိသေးပါဘူး။ ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်ဆောင်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ မှားတယ်ဆိုရင် ရွှေသံလွင်ကုမ္ပဏီ၊ အခွန်ဦးစီးဌာနနဲ့ ကျွန်တော်တို့အကြား ငြင်းခုံရပါလိမ့်မယ်။ အကောင်းဆုံးကတော့ အခွန်ဦးစီးဌာနနဲ့ ရွှေသံလွင်ကုမ္ပဏီတို့ပေါင်းပြီး AGD ဘဏ်က သတင်းစာရှင်းလင်းပွဲ လုပ်သလိုလုပ်ပြီး အများပြည်သူကို ချပြရပါလိမ့်မယ်။

နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ်တဲ့ ငွေကြေးတွေကို ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ကိစ္စမှာ စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေထားတဲ့ ငွေကြေးတွေ ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေရဲ့ ငွေကြေး၊ ပြည်သူတွေဆီကရတဲ့ ငွေကြေးတွေဟာ ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊ ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေးနဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူတွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။

ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေဟာ နောင်တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြမှာလဲ။ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။

ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေ အပြီးမသတ်နိုင်သေးခင်မှာ အစိုးရကပေးတဲ့ ကားပါမစ်ယူခဲ့လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးသိက္ခာမဲ့ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရပါတယ်။ ဒါဟာ လတ်တလောဖြစ်ခဲ့တဲ့ သာဓကပါ။

အာဏာရှင်တွေ နောက်ကွယ်မှာရှိနေတဲ့ ခရိုနီတချို့ဟာ ယိုင်နဲ့လာတဲ့ ပုဂ္ဂလိက မီဒီယာတွေနေရာကို အစားထိုး ၀င်ရောက်လာပါပြီ။ သူတို့ရဲ့ ထောက်ချောက်ခြေလှမ်းတွေက နိုင်ငံရေးသမားတွေဆီကိုလည်း ဦးတည်ထားပါတယ်။

မကြာသေးမီက ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်မိန့်ခွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွေကိုကြည့်ရင် သူတို့ပြောဆိုချက်တွေဟာ အဖြစ်မှန်နဲ့ ဝေးကွာနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် အာဏာသိမ်း လုပ်ရပ်တွေဟာ မှန်ကန်တယ်ဆိုတဲ့ သဘောထားမျိုးကို ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတယ်။ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တပ်မတော်ရဲ့ အာဏာသိမ်း လုပ်ရပ်တွေကြောင့်ပါ။ ဒါကို ကာကွယ်ရေးဦးစီးချုပ်က လျစ်လျူရှုပြီး အာဏာသိမ်းလုပ်ရပ်တွေ မှန်တယ်လို့ပြောတာဟာ အမှန်တရားကို ဖုံးကွယ်လိုစိတ် ရှိနေပြီး အမှားကို ၀န်မခံလိုတဲ့စိတ် ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကြောင့် မြန်မာနိုင်ငံဟာ အချိန်မရွေး စစ်အာဏာရှင်အောက်ကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကို ပြည်သူတွေက သံသယ ရှိနေပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ခက်ခဲတဲ့ ရေဆန်ခရီးကို ဖြတ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရေစုန်ခရီးရောက်ပြီလို့ မပြောနိုင်သေးပါဘူး။ အရပ်သားအစိုးရ ပီပီပြင်ပြင် မဖြစ်သေးဘူး။ ဒီမိုကရေစီ အခွင့်အရေးတွေ မရှိသေးပါဘူး။ စစ်အာဏာရှင်အောက်ကို ပြန်ရောက်နိုင်ခြေတွေလည်း ရှိနေသေးတယ်။

ဒါကြောင့် ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင်လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်။

ဒီလိုပါပဲ။ ပြည်သူတွေကရော ကိုယ့်ရဲ့ခေါင်းဆောင်တွေ နှောင်ကြိုးကင်းကင်းနေနိုင်အောင် ဘယ်လိုကူညီပေးကြမလဲ။ ဝေဖန်နေရုံနဲ့ တော့မဖြစ်ပါဘူး။ ဒီလိုထောင်ချောက်တွေကို နားလည်ဖို့လည်း လိုပါတယ်။

ရွှေသံလွင်မိသားစု ပိုင်ဆိုင်သည့်၊ ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီအချို့စာရင်း

၁။ Shwe Than Lwin Gems Co.,Ltd
၂။ Shwe Than Lwin Media Co.,Ltd
၃။ Shwe Than Lwin Mining Co.,Ltd
၎။ Shwe Than Lwin Trading Co.,Ltd
၅။ ECO Communication Public Co.,Ltd (trsm;ydkif)
၆။ Golden Pyit Taing Htaung Services Co.,Ltd
၇။ Golden Pyit Taing Htaung Trading Co.,Ltd
၈။ Golden Thazin Construction Co.,Ltd
၉။ It Is Myanmar Trading Co.,Ltd
၁၀။ People Media Public Co.,Ltd (trsm;ydkif)
၁၁။ Shwe Nanda Trading Co.,Ltd
၁၂။ Shwe Nay Minn Gyi Co.,Ltd
၁၃။ Shwe Shan Pyi Public Co.,Ltd (trsm;ydkif)
၁၄။ Than Lwin Aye Yar Export Import Co.,Ltd
၁၅။ Than Lwin Aye Yar Gems Co.,Ltd
၁၆။ Than Lwin Aye Yar Industrial Production & Construction Co.,Ltd
၁၇။ Than Lwin Aye Yar Travels & Tours Co.,Ltd
၁၈။ Myanmar Towards Co.,Ltd
၁၉။ Shwe Thanlwin Highway Co.,Ltd
၂၀။ Shwe Thu Kha Mein Trading Co.,Ltd
မှတ်ချက်။ ။ ကုမ္ပဏီများအားလုံး ၀င်ငွေခွန်ပေးဆောင်သည့် ၅၀၀ ဦးစာရင်းတွင် ပါဝင်ခြင်း လုံးဝမရှိပေ။

Eleven Media Group
(၁) ဖြတ်လေးဖြတ် နည်းဗျူဟာနဲ့ ရန်သူကို အပြီးတိုင် ချေမှုန်း မယ်ဆိုတာ မြင်းလောင်းတဲ့နေရာမှာ ကျွမ်း ကျင် တဲ့ အာဏာရှင်ဟောင်း ဦးနေ၀င်း ကျင့်သုံးခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်ကစလို့ ၁၉၈၃ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ (BCP) နဲ့ ကရင်အမျိုးသား အစည်းအရုံး (ုKNU) ကို ဒီနည်းလမ်း အတိုင်း ချေမှုန်းခဲ့ပါတယ်။ ဒီနေ့အချိန်မှာ BCP က ပျက်သုဉ်းသွားပြီး KNU က ယိုင်နဲ့နဲ့ ဖြစ်နေပါပြီ။
ဖြတ်လေးဖြတ်ဆိုတာ ကိုယ့်ရဲ့ရန်သူကို ရိက္ခာမရှိအောင်၊ ဘဏ္ဍာငွေ မရှိအောင်၊ သတင်းအဆက်အသွယ်၊ လူထုနဲ့ ထိတွေ့ဆက်ဆံမှု မရှိအောင် ဖြတ်တောက်တားဆီးပြီး အင်အားချည့်နဲ့အောင် ပြုလုပ်တာဖြစ် ပါ တယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ရန်သူကို ချေမှုန်းတဲ့ အခါ ဖြတ်လေးဖြတ်နည်းကိုပဲ အာဏာ ရှင်တွေ တောက်လျှောက် သုံးခဲ့ပါတယ်။ စစ်ဆင်ရေးတွေ အသုံးပြုခဲ့သလို စိတ်ဓာတ်စစ်ဆင်ရေး အပါ အ၀င် နိုင်ငံရေးနယ်ပယ်က သူတွေကိုလည်း ဖြတ်လေးဖြတ်နည်းနဲ့ အင်အားချည့်နဲ့အောင် လုပ်ခဲ့တယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ ကာလလို့ ကြွေးကြော်ထားတဲ့ ဒီနေ့ကာလမှာလည်း ဦးနေ၀င်း မျိုးစေ့ချပေး ခဲ့တဲ့ ဖြတ်လေးဖြတ်နည်းကို အာဏာရှင်တွေက အသွင်ပြောင်း သုံးစွဲလာတာ တွေ့နေရပါတယ်။ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေထဲက အချို့သောသူတွေဟာ ရပ်တည်ချက် မခိုင် မာတော့ပါဘူး။ ကိုယ်ရပ်တည်ရှင်သန်ရေး တစ်ခုတည်းကိုကြည့်ပြီး ပြည်သူကို မျက်ကွယ်ပြုမယ့် ခြေ လှမ်းတွေ မြင် လာရပါတယ်။

(၂)
အာဏာရှင်တွေရဲ့ ခေတ်သစ်ဖြတ်လေးဖြတ် နည်းဗျူဟာမှာ ခရိုနီတွေက အဓိကကျပါတယ်။ စိတ်ဓာတ် စစ်ဆင်ရေး အဖြစ် ငွေရှိမှ လုပ်ချင် တာ ဖြစ်နိုင် မယ်ဆိုတဲ့ အယူအဆကို နိုင်ငံရေးသမားတွေကြား အရင်ရိုက် သွင်းပါတယ်။ အခြားတစ်ဖက်မှာတော့ ငွေလိုအပ်နေတဲ့ နိုင်ငံရေးသမားတွေကို ငွေမရှိအောင် ပိတ်ဆို့ခဲ့ပါတယ်။

ဘဏ္ဍာရေး အခက်အခဲကြုံတဲ့ နိုင်ငံရေးသမားတွေအတွက် ရွေးချယ်စရာ နည်းလမ်းနှစ်ခု ဖြစ်လာခဲ့ပါတယ်။ တစ်ခုက နိုင်ငံတကာ အဖွဲ့ အစည်းတွေဆီက ထောက်ပံ့တာကို လက်ခံတာ ဖြစ်ပါ တယ်။ နောက် တစ်ချက် က ခရိုနီတွေကတစ်ဆင့် ကမ်းလှမ်းလာတဲ့ ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေကို လက်ခံ တာ ဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုလုံး ကို ရွေးချယ်မှုမလုပ်ဘဲ ခိုင်ခိုင်မာမာရပ်တည်ဖို့ ကြိုးစားနေတဲ့သူတွေ ရှိသလို နည်းလမ်းနှစ်ခုစလုံးကို ရွေးချယ်လိုက်သူတွေ ရှိပါတယ်။ တချို့က ခရိုနီအောက်ကိုမ၀င် ဘဲ နိုင်ငံတကာ အဖွဲ့အစည်းတွေဆီက ထောက်ပံ့ငွေ ကိုယူပြီး ရပ်တည်ခဲ့ကြပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဆီက သက်သာခွင့်တွေရပြီး အခွင့်ထူးခံတွေ ဖြစ်ခဲ့တဲ့ ခရိုနီတွေက အာဏာရှင်တွေအလိုကျ နည်းလမ်းကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီမိုကရေစီခေတ် မှာ နိုင်ငံရေး သမားတွေနဲ့ မီဒီယာက အရေးပါတဲ့နေရာမှာ ရှိပါတယ်။ အာဏာရှင်တွေက နိုင်ငံရေးသမားတွေနဲ့ မီဒီယာ ကို တိုက်ရိုက်ထိန်းချုပ်တာမျိုး မလုပ်တော့ပါဘူး။ သူတို့ရဲ့ လက်ဝေခံ ခရိုနီတွေကတစ်ဆင့် ထိန်းချုပ်ဖို့ လုပ်ဆောင်ခဲ့ ပါတယ်။

(၃) ဒီသုံးနှစ်တာကာလကို ပြန်ကြည့်မယ် ဆိုရင် ခရိုနီတွေ ဟာ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ခဲ့ကြပါတယ်။ ရပ်တည်ချက် အခိုင်အမာဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာတောင် ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိနေပါပြီ။ NLD ပြီးရင် ပြည်သူလူထုက ယုံကြည်မျှော်လင့်မှု အများဆုံးထားခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှာလည်း ခရိုနီတွေရဲ့ စိမ့်ဝင်မှုတွေ ရှိခဲ့ပါတယ်။ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့ ထောက်ပံ့ငွေကိုလည်း သူတို့တွေ ရရှိထားပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို ငွေကြေး၊ အခွင့်အရေး၊ သက်သာခွင့်တွေပေးပြီး ချဉ်းကပ် ၀င်ရောက်နေကြတဲ့ ခရိုနီတွေထဲမှာ ပေါ်ပေါ်ထင်ထင်နဲ့ ထိပ်ဆုံးရောက်နေ တာက ရွှေသံလွင် ကုမ္ပဏီ ဖြစ် ပါတယ်။ သူတို့ရဲ့ လက်သုံးစကားက လှူဒါန်းငွေဖြစ်ပါတယ်။

၂၀၁၂ ခုနှစ် NLD ပညာရေးကွန်ရက် ရန်ပုံငွေပွဲမှာ ရွှေသံလွင်ပိုင် Sky Net နဲ့ Shwe FM က တိုက်ရိုက် ထုတ်လွှင့်ခကြေး ကုန်ကျငွေ ကျပ်သိန်း ၁၃၀၀ လှူခဲ့ပါတယ်။ ဒါ့အပြင် လေလံတင်ရောင်း ခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ သိုးမွေးဆွယ်တာကိုလည်း ကျပ် ၄၂၅ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။ ဒီအချိန်နောက်ပိုင်း NLD ကပြုလုပ်တဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွေကို ရွှေသံလွင်ပိုင် တဲ့ ရွှေထွဋ်တင် ကွင်းမှာ ပြု လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ထဲမှာပဲ ပြုလုပ်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ရဲ့ စေတနာဝဿန် ဂီတ ရံပုံငွေပွဲမှာလည်း ဦးမင်းကိုနိုင်၊ ဦးပြုံးချိုနဲ့ ဦးဋ္ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့တဲ့ ဂစ်တာကို ရွှေသံလွင် ကုမ္ပဏီ ကပဲ လေလံကြေး ၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့ပါတယ်။

၂၀၁၃ မှာလုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတု အခမ်းအနားမှာ လူ ၅၀၀၀ စာ သုံးရက် ဆက်တိုက် ကျွေးမွေး ဧည့်ခံစရိတ်ကို ရွှေသံလွင်ကုမ္ပဏီက နာမည်မခံဘဲ ပေးခဲ့တယ်ဆိုတဲ့သတင်း ထွက်ခဲ့ ပါတယ်။ ဒါတွေဟာ ထင်သာမြင်သာရှိတဲ့ ထောက်ပံ့မှုတွေ ဖြစ်ပါ တယ်။ ဒီနောက်မှာ ထင်သာမြင်သာ မရှိတဲ့ ထောက်ပံ့မှုတွေလည်း ရှိနေနိုင်ပါတယ်။

(၄) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းနဲ့ ပတ်သက် ရင် ပြည်သူလူထုရဲ့ အားမလိုအား မရဖြစ်တဲ့ အသံတွေက ကျယ် ကျယ်လောင်လောင် ထွက်နေခဲ့ပါတယ်။ သူတို့လွတ်ခါစ မှာ ပြည်သူလူထု က မျှော်လင့်ခဲ့ပေမဲ့ အခုချိန်မှာ အားမဲ့နေပါပြီ။

ပြီးခဲ့တဲ့နှစ်အတွင်း လုပ်ခဲ့တဲ့ ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခမ်းအနားမှာ ဆုံးဖြတ် ချက်တွေ ချခဲ့ကြပါတယ်။ ဒီအချိန်အထိ အဲဒီဆုံးဖြတ်ချက်တွေကို တိတိကျကျ အကောင်အထည်ဖော်နိုင်စွမ်း မရှိသေးပါဘူး။ ပြည်သူလူထု အဓိကရင်ဆိုင်နေရတဲ့ လက်ငင်းပြဿနာတွေမှာလည်း သူတို့ရဲ့ ၀င်ရောက်ရပ် တည်ပေးမှုက အားပျော့နေပါတယ်။

ဒီကြားထဲမှာပဲ အဖွဲ့တွင်း ငွေကြေးကိစ္စတွေ ရှိနေခဲ့ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ ဆိုတဲ့ ဆောင်းပါးရှည်တစ်ပုဒ်ကို မကြာသေး ခင်က ရေးခဲ့ပါတယ်။ News Watch ဂျာနယ်မှာလည်း ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းထဲက ငွေကြေးအရှုပ်အရှင်းတွေကိုသူက ဖွင့်ထုတ်ခဲ့ပါတယ်။

လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ရင် နာမည်ကောင်းမရှိလှတဲ့ (Open Society Foundations-OSF) ရဲ့ ပဲ့ကိုင် ရှင် ဂျော့ဆိုးရော့စ် မြန်မာနိုင်ငံ လာတဲ့အခါ ၈၈ ကျောင်းသားတွေနဲ့ တွေ့ခဲ့ပါတယ်။ ဆိုးရော့စ်က ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးကိုကိုကြီးကို အမေရိကန်ဒေါ်လာ ၂၅၀၀၀ ပေးခဲ့တယ်၊ ဒီလိုရခဲ့တာကို ဦးကိုကိုကြီးက ကျန်တဲ့အဖွဲ့ဝင်တွေကို မပြောတဲ့ အတွက် မေးခွန်း ထုတ် မှုတွေကြုံပြီး ဖြေရှင်းမှုတွေ လုပ်ခဲ့ရတယ်၊ နောက်ဆုံး စည်းလုံး ညီညွတ်ရေး ခေါင်းစဉ်အောက်မှာ အကျင့်ပျက်မှုကို ဖုံးဖိမျိုသိပ် ထားလိုက်ကြရတယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။

(၅) ဂျော့ဆိုးရော့စ်၊ ၈၈ ကျောင်းသားတွေနဲ့ ငွေကြေးကိစ္စဟာ မီဒီယာထက်ကို ကျယ် ကျယ်ပြန့်ပြန့် ရောက်မလာခဲ့ပေမဲ့ သူတို့ရဲ့ အဖွဲ့အစည်းနာမည်ကို ဂျော့ဆိုးရော့စ် အဖွဲ့နာမည်နဲ့ ဆင်တူတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းလို့ ပေးခဲ့တာကို မေးခွန်းထုတ်သူတွေ ရှိခဲ့ပါတယ်။

အခု နောက်ဆုံးမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ အစိုးရခရိုနီ ရွှေသံလွင်ကုမ္ပဏီတို့အကြား ဆက်နွှယ်မှုတွေအပေါ် မေးခွန်းထုတ်လာကြပါပြီ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်းခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ရန်ကုန်မြို့ မင်္ဂလာဧည့်ခံပွဲကို ရွှေသံလွင်ကုမ္ပဏီပိုင် Sky Star ဟိုတယ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီဟိုတယ်မှာ နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ မင်္ဂလာဆောင် လုပ်ခဲ့တာကလွဲလို့ တခြားကြီးကြီးမားမား မင်္ဂလာဆောင်တွေ လုပ်ခဲ့တာ မရှိပါဘူး။

ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲလုပ်တာက ပြဿနာမ ဟုတ်ပါဘူး။ နိုင်ငံရေးသမားတစ်ဦး က ရွှေသံလွင် ကုမ္ပဏီပိုင်တဲ့ Sky Star ဟိုတယ်မှာ ဘာကြောင့်လုပ်တာလဲ ဆိုတာက မေးခွန်းဖြစ်နေပါတယ်။ ဦးကိုကိုကြီးနဲ့ နီးစပ်သူတွေက ဈေးသက်သာလို့ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

ကျွန်တော်တို့ သိရသလောက်တော့ Sky Star ဟိုတယ်ရဲ့ မင်္ဂလာဧည့်ခံပွဲစရိတ်က ဈေးသက်သာတဲ့ ဟိုတယ်တွေစာရင်းမှာ မပါပါဘူး။ ဈေးနှုန်းသက်သာခွင့် အခွင့်အရေး ပေးခဲ့သလား ဆိုတာ မေးစရာ ရှိပါတယ်။ ပုံမှန်အခြေအနေမဟုတ်ဘဲ သွယ်ဝိုက်သောအားဖြင့် အထူးအခွင့်အရေး ပေးတယ်ဆိုရင် ဒါဟာ လာဘ်ထိုးမှု ဖြစ်ပါတယ်။

(၆)
အာဏာရှင်တွေရဲ့အိမ်ကို အခုချိန်အထိ ၀င်ထွက်ပြီး အခွင့်အရေးတွေ ယူနေဆဲဖြစ်တဲ့ ခရိုနီတွေက ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးသမားတွေကို ချဉ်းကပ်နေတာ ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တချို့ခရိုနီတွေဆိုရင် အာဏာရှင်တွေကို တစ်ဖက်မှာ ခြေဆုပ်လက်နယ်ပြုပြီး တစ်ဖက်မှာလည်း နိုင်ငံရေး သမားတွေနဲ့ အနီးကပ်နေထိုင်၊ အခွင့်အရေးတွေပေးပြီး ဟိုစကားဒီပို့၊ ဒီစကားဟိုပို့ လုပ်နေကြသူတွေပါ။

ခရိုနီပဲဖြစ်ဖြစ်၊ စီးပွားရေးသမားကြီးလို့ပဲခေါ်ခေါ် ခရိုနီတိုင်းက ဆိုးတဲ့သူတွေချည်း မဟုတ်ပါဘူး။ ခရိုနီတွေထဲမှာ ကောင်းတဲ့သူတွေ ရှိပါတယ်။ အမည်မခံဘဲ သာမန်ပြည်သူတွေလို နိုင်ငံရေးသမားတွေကို ကူညီနေသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တချို့ကတော့ နောင်အစိုးရလက်ထက်မှာ ဒီနိုင်ငံရေးသမားတွေ အာဏာရလာရင်ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုချိတ်တာ ဖြစ်ပါတယ်။

ခရိုနီတွေနဲ့ ပတ်သက်လာရင် ရွှေသံလွင်ကုမ္ပဏီကို ဦးတည်ပြောနေရတာက သူတို့ရဲ့ လုပ် ရပ်တွေကြောင့် ဖြစ်ပါတယ်။ ခရိုနီတချို့ သူတို့ပေးသင့်ပေးထိုက်တဲ့ အခွန်ငွေကိုပေးဖို့ ပြင်ဆင်နေချိန် မှာ ရွှေသံလွင်က ဒီလိုမဟုတ်ပါဘူး။ အခွင့်အရေးတွေကို ဆက်ယူနေတဲ့အပြင် နိုင်ငံရေးသမားတွေကို ချုပ် ကိုင်၊ မီဒီယာကို လွှမ်းမိုးပြီး အာဏာရှင်တွေအလိုကျ လုပ်ကိုင်နေတဲ့ ခြေလှမ်းတွေ ကို တွေ့နေရ လို့ပဲ ဖြစ်ပါတယ်။ သူတို့မှာ စီးပွားရေးရည်မှန်းချက်အပြင် နိုင်ငံရေးရည်မှန်းချက်ပါ ရှိလိမ့်မယ်လို့ ယူဆပါ တယ်။

ရုပ်သံမီဒီယာကို ချုပ်ကိုင်ထားတဲ့ သူတို့ဟာ ပုံနှိပ်မီဒီယာကိုပါ ချုပ်ကိုင်ဖို့ ခြေလှမ်းပြင်ထားပါတယ်။ မကြာသေးခင်က ထွက်ရှိလာတဲ့ ဒီမိုကရေစီတူဒေးရဲ့ နောက်ကွယ်မှာ ရွှေသံလွင်ကုမ္ပဏီ ရှိနေ ပါတယ်။ ငြင်းချက်ထုတ်တာတွေ ရှိနေပေမယ့် ဒီသတင်းစာတွေကို Sky Net ရုံးခွဲတွေကတစ် ဆင့် ဖြန့် တယ်လို့ သိရပါတယ်။

ပုဂ္ဂလိက သတင်းစာအများစု ရှုံးနေကြပေမဲ့ ဒီမိုကရေစီတူဒေးကို တစ်ရက်သိန်းခြောက်ဆယ် အရှုံးခံ ထုတ်နေပြီး စုစုပေါင်း ငွေကျပ်သိန်းတစ်သောင်းကျော် အရှုံးခံပြီး ထုတ်ဖို့အတွက် လည်း ပြင်ဆင်ထား ပါတယ်။ ကျပ် ၂၀၀ ၀န်းကျင်ဖြစ်နေတဲ့ ပုဂ္ဂလိက သတင်းစာဈေးကွက်မှာ သူတို့သတင်းစာရောင်းဈေးက ကျပ် ၁၀၀ ပါ။ ဈေးကွက်ဖျက်တဲ့ သဘောပါပဲ။

ဒါဟာ ငွေကြေးအင်အား ချည့်နဲ့လာတဲ့ လွတ်လပ်တဲ့မီဒီယာတွေ ယိုင်နဲ့လာချိန်မှာ အာဏာရှင်တွေရဲ့ လက်ဝေခံခရိုနီတွေ ၀င်ရောက်နေရာယူတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။

(၈) ရွှေသံလွင်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းဟာ အရင်က အစိုးရလက်ထက် တာဝန်ရှိသူတွေနဲ့ ရင်းနှီးပြီး အခွင့်အရေးများစွာ ရခဲ့သူဖြစ်ပါတယ်။ အခု အစိုးရသစ် လက်ထက်မှာလည်း သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရရဲ့ ထိပ်တန်းခရီးစဉ်တွေမှာ လိုက်ပါခွင့်ရနေပြီး သူပိုင်တဲ့ Sky Net ရုပ်သံလိုင်းက နိုင်ငံပိုင် မီဒီယာတွေနဲ့ တန်းတူအခွင့်အရေး ရနေပါတယ်။

ဒါတွေအပြင် ဦးကျော်ဝင်းဟာ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ ရင်းနှီးသူ တစ်ဦး ဖြစ် ပါ တယ်။ ဦးစိုးသိန်း စက်မှုဝန်ကြီးဌာနကို တာဝန်ယူချိန်ကရော၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှာပါ ကန့်သတ်ကုန်စည်တွေဖြစ်တဲ့ ဘီယာထုတ်လုပ်ခွင့်၊ စီးကရက်ထုတ်လုပ် ခွင့် (ရွှေသံလွင်စက်မှုဇုန်တွင်) တွေကို ဦးကျော်ဝင်း ရခဲ့ပါတယ်။

နောက်ပြီး ၉၂၆ ဧကကျယ်တဲ့ စစ်တောင်းစက္ကူစက်ရုံကို တစ်လငှားရမ်းခ ကျပ်သိန်း ၁၈၀ တည်းနဲ့ လုပ်ကိုင်ခွင့်ရခဲ့ပေမဲ့ ရှုံးလို့ဆိုပြီး ငှားရမ်းခပေးသွင်းစရာ မလိုဘဲ လျှော့ပေးခဲ့တဲ့ အခွင့်အရေး ရခဲ့ပါ တယ်။ နောက် မြေဧရိယာ ၁၀၅ ဧကကျော် ကျယ်ဝန်းတဲ့ ဘီလင်းသကြားစက်ရုံကို တစ်လငှားရမ်းခ ကျပ်၂၅ သိန်းတည်းနဲ့ လုပ်ကိုင်ခွင့်ပြုခဲ့တဲ့ အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။

တစ်ဖက်မှာ ဘီယာ၊ စီးကရက်စက်ရုံ တည်ထောင်ခွင့်တွေရပြီး လုပ်ကိုင်နေသလို တစ်ဖက်မှာလည်း မီဒီယာအနေနဲ့ Sky Net နဲ့ Shwe FM ကို လုပ်ခွင့်ရနေပါတယ်။

Sky Net ရုပ်သံလိုင်းကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်တဲ့အခါ သုံးနှစ်အခွန် ကင်းလွတ်ခွင့် ရရှိခဲ့ပါတယ်။ နိုင်ငံတော်နဲ့ အကျိုးအမြတ် ခွဲဝေတဲ့အခါ စတင်ခွဲဝေတဲ့ နှစ်တွေ မှာ နိုင်ငံတော်က လေးရာခိုင်နှုန်းပဲ ရခဲ့ပြီး ရွှေသံလွင်က ၉၆ ရာခိုင်နှုန်း အကျိုးအမြတ် ရတဲ့အထိ အခွင့် အရေးများစွာ ရခဲ့ပါတယ်။ Sky Net ရုပ်သံလိုင်းမှာဆိုရင် တပ်မတော်ခေါင်းဆောင်ပိုင်းက ပါဝင်ပတ် သက်နေ တာ ရှိသလို အဲဒီမှာရှိတဲ့ ၀န်ထမ်းအများစုက အငြိမ်းစားတပ်မတော် အရာရှိတွေ ဖြစ်ပါတယ်။

ရွှေသံလွင်ကုမ္ပဏီဟာ BOT စနစ်နဲ့ လမ်းတံတားကြေးကောက်ခံတဲ့ လုပ်ငန်း၊ စက်သုံးဆီလုပ်ငန်း၊ သတ္တုတွင်း ထွက်နှင့် ကျောက်မျက်လုပ်ငန်း၊ မီဒီယာလုပ်ငန်း၊ စက်မှုဇုန်ထောင်ပြီး ကုန်ထုတ်လုပ်ငန်း၊ ကုန် သွယ်မှု လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေကအစ ဘတ်စ်ကားလိုင်း ပြေးဆွဲသည့်လုပ်ငန်းအဆုံး လုပ်ငန်းပေါင်းများစွာ တည်ထောင်လုပ်ကိုင်ခွင့် ရရှိထားပါတယ်။

အဲဒါတွေအပြင် ရွှေသံလွင်ကုမ္ပဏီ နာမည်နဲ့ ရှမ်းပြည်နယ် ရွာငံမှာလည်း စိုက်ပျိုးရေးခေါင်းစဉ် အမည်ခံပြီး မြေဧရိယာ ၁၃၇၅ ဧကကျော်ကို သိမ်းယူခဲ့တယ်လို့ လွှတ်တော်အစီရင်ခံစာ တစ်စောင် မှာ ဖော်ပြထားပါတယ်။ သင်္ဘောနဲ့ စက်သုံးဆီ မှောင်ခိုတင်သွင်းလို့ ဖမ်းခံခဲ့ရတာလည်း ရှိပါတယ်။

ပိုဆိုးတာက ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်တိမ်းရှောင်မှုတွေ ဖြစ်ပါတယ်။ ရွှေသံလွင်ကုမ္ပဏီနာမည် အပါအ၀င် ကုမ္ပဏီပေါင်း ၂၀ အထိ (လက်လှမ်းမီသမျှ) တည်ထောင်လုပ်ကိုင်ခွင့်ရပြီး အခွင့်အရေးတွေ အများကြီး ရခဲ့ပေမယ့် ပြည်တွင်းအခွန်ဦးစီးဌာနက ၂၀၁၂-၂၀၁၃ ခုနှစ်က ထုတ်ပြန်တဲ့ ထိပ်တန်း ၀င်ငွေခွန်ဆောင်တဲ့ ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီ ၂၀ စလုံး ပါဝင်လာတာ မရှိပါဘူး။ ထိပ်တန်း ကုန်သွယ်လုပ်ငန်းခွန်ဆောင်သည့် ၅၀၀ ဦးစာရင်းမှာ ကုမ္ပဏီတစ်ခုပဲ ပါခဲ့ပါတယ်။ နံပါတ် ၅၀၀ ဆိုတာက လည်း သိန်းတစ်ရာလောက်ပဲ ရှိတာဆိုတော့ ရွှေသံလွင်ဟာ အခွန်မဆောင်သလောက်ပါပဲ။

၁၉၉၅ ခုနှစ်လောက်က စတင်ပြီး အခုချိန်ထိ လုပ်ငန်းလုပ်ကိုင်လာတဲ့ ရင်းနှီးမြှုပ်မှုဟာ ကျွန်တော်တို့ ခန့်မှန်းရသလောက် ဘီလျံ ၃၀၀ နဲ့ ၅၀၀ ကြားမှာ ရှိပါတယ်။ သူတို့ လက်ရှိပိုင်ဆိုင် မှုတွေ အရ ပေးဆောင်မယ့် အခွန်ငွေက ဘီလျံ ၃၀ နဲ့ ဘီလျံ ၅၀ ကြားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရခဲ့တဲ့ စာရင်းတွေ အရ Sky Net ရုပ်သံလိုင်းဟာ စက်အလုံးရေ ငါးသိန်းကျော် ရောင်းခဲ့ပါတယ်။ ဒီပမာဏအတိုင်းဆိုရင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ဘီလျံပေါင်းများစွာ ပေးဆောင်ရမှာပါ။ တခြားအရက်ဘီယာနဲ့ ဆောက် လုပ်ရေး လုပ်ငန်းတွေအတွက် ပေးဆောင်ရမှာတွေ ရှိပါသေးတယ်။

သူတို့အနေနဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှာ ဘယ်လိုကိန်းဂဏန်းတွေပြပြီး လုပ်ကိုင်နေသလဲ ဆိုတာ မေးခွန်းထုတ်ဖို့ လိုပါတယ်။ MIC က ဒီအချက်အလက်တွေကို ကောင်းကောင်းသိပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုငွေတွေက ဘယ်ကလာနေသလဲ။ သူတို့နောက်မှာ ဘယ်သူတွေ ရှိနေတယ်။ ငွေကြေးခ၀ါချမှု ဥပဒေကို ဘယ်လိုမျိုး လက်တစ်လုံးခြား ပြုလုပ်ထားသလဲဆိုတဲ့ ကိစ္စတွေက ဆန်းစစ်ရမယ့် ကိစ္စတွေ ဖြစ်ပါတယ်။

(၉) ဒီအချိန်မှာ တချို့ခရိုနီ လုပ်ငန်းရှင်တွေက ပြုပြင်ပြောင်းလဲလာကြပါတယ်။ အခွန်ဆောင်မှုနဲ့ CSR ကိစ္စတွေလုပ်ဖို့ ပြင်ဆင်နေပါ တယ်။ အခွင့်ထူးတွေ မယူကြတော့ဘူး။ ကိုယ့်လုပ်ငန်းတွေကို ထင်သာမြင် သာ ရှိအောင် လုပ်လာကြတယ်။ ရွှေသံလွင်က ဒီလိုလုပ်မယ့်ပုံ မရှိသေးပါဘူး။ ရွှေသံလွင်ကုမ္ပဏီရဲ့ အခွန်ဆောင်မှုနဲ့ ပတ်သက်လို့ အချက်အလက်တွေ မှားတယ်ဆိုရင် ရွှေသံလွင်ကုမ္ပဏီ၊ အခွန်ဦးစီးဌာနနဲ့ ကျွန်တော်တို့အကြား ငြင်းခုံရပါလိမ့်မယ်။ အကောင်းဆုံးကတော့ အခွန်ဦးစီးဌာနနဲ့ ရွှေသံလွင် ကုမ္ပဏီ တို့ပေါင်းပြီး AGD ဘဏ်က သတင်းစာရှင်းလင်းပွဲ လုပ်သလိုလုပ်ပြီး အများပြည်သူကို ချပြရပါလိမ့်မယ်။

နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ ခရိုနီထောင်ချောက်ကို သိထားဖို့ လိုပါတယ်။ ခရိုနီတွေ ရဲ့ နောက်ကွယ်မှာ အာဏာရှင်တွေ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို သိထားဖို့ လိုပါတယ်။ လိုအပ် တဲ့ ငွေကြေးတွေ ကို ပြည်သူတွေဆီက တစ်ကျပ်တစ်ပြားရငွေတွေနဲ့ ခရီးဆက်လို့ ရပါတယ်။ အခုပဲ NLD ရုံးဆောက်တဲ့ ကိစ္စမှာ စင်ကာပူရောက် မြန်မာလူငယ်တွေ ငွေစုနေကြပါတယ်။ သူတို့ ပင်ပန်းတကြီး ရှာဖွေ ထားတဲ့ ငွေကြေးတွေ ထည့်ဝင်လှူ ဒါန်းဖို့ ပြင်နေကြတယ်။ ဒီလိုလူငယ်တွေ ရဲ့ ငွေကြေး၊ ပြည်သူတွေဆီက ရတဲ့ ငွေကြေးတွေဟာ ခရိုနီတွေပေးတဲ့ ငွေကြေးထက် ပိုပြီးဖြူစင်ပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလက်ရှိ ခရိုနီတွေရဲ့ ပေးကမ်းမှုဟာ အမေရိကန်ဒေါ်လာ သန်း ၇၀ ကို ကာစီနိုမှာဖြုန်းတီး၊ ညအိပ်ဖော်ကို သိန်း ၁၅၀၀၊ ၂၀၀၀ ပေးဖို့ ၀န်မလေးတဲ့ကြေး နဲ့ နှိုင်းယှဉ်ရင် ပြောပလောက်တဲ့ ငွေကြေးတွေ မဟုတ်ဘူးဆိုတာပါ။ ပြည်သူတွေရဲ့ဘ၀ကို နင်းခြေပြီး အစိုးရကပေးတဲ့ အခွင့်အရေးတွေနဲ့ သူတို့ရထားတဲ့ ငွေတွေက ဖြူစင်တဲ့ငွေတွေ မဟုတ်ပါဘူး။ နိုင်ငံရေး သမားတွေကို ပေးကမ်းပြီး လျှော်ဖွပ်လို့ရတဲ့ ငွေတွေလည်း မဟုတ်ပါဘူး။

ခရိုနီတွေပေးတဲ့ငွေကြေး၊ အထူးသက်သာခွင့်၊ ထောက်ပံ့မှု၊ စပွန်ဆာတွေကို လက်ခံထားသူတွေ ဟာ နောင် တစ်ချိန် သူတို့အစိုးရဖြစ်တဲ့ အချိန်မှာ ခရိုနီတွေရဲ့ မသမာမှုကို ဘယ်လိုအဂတိတရားနဲ့ ဆုံးဖြတ်ကြ မှာလဲ။ တိုက်ရိုက်အားဖြင့်၊ သွယ်ဝိုက်အားဖြင့် လာဘ်ယူထားသူတွေဟာ အဂတိတရား ကင်းရှင်းနိုင်ပါ့မလား။

ငြိမ်းချမ်းရေးဆွေးနွေးမှုကိစ္စတွေ အပြီးမသတ်နိုင်သေးခင်မှာ အစိုးရကပေးတဲ့ ကားပါမစ်ယူခဲ့လို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးသိက္ခာမဲ့ပြီး ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းခဲ့ရပါတယ်။ ဒါဟာ လတ်တလောဖြစ်ခဲ့တဲ့ သာဓကပါ။

အာဏာရှင်တွေ နောက်ကွယ်မှာရှိနေတဲ့ ခရိုနီတချို့ဟာ ယိုင်နဲ့လာတဲ့ ပုဂ္ဂလိက မီဒီယာတွေနေရာကို အစားထိုး ၀င်ရောက်လာပါပြီ။ သူတို့ရဲ့ ထောက်ချောက်ခြေလှမ်းတွေက နိုင်ငံရေးသမားတွေဆီကိုလည်း ဦးတည်ထားပါတယ်။

မကြာသေးမီက ပြောကြားခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွှတ်တော်မိန့်ခွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွေကိုကြည့်ရင် သူတို့ပြောဆိုချက်တွေဟာ အဖြစ်မှန် နဲ့ ဝေးကွာနေတာကို တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ် အာဏာသိမ်း လုပ်ရပ်တွေဟာ မှန်ကန် တယ်ဆိုတဲ့ သဘောထားမျိုးကို ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတယ်။ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး၊ အနိမ့်ကျဆုံးနိုင်ငံ ဖြစ်ခဲ့ရတယ်။ ဒါတွေဟာ တပ်မတော်ရဲ့ အာဏာ သိမ်း လုပ်ရပ်တွေကြောင့်ပါ။ ဒါကို ကာကွယ်ရေးဦးစီးချုပ်က လျစ်လျူရှုပြီး အာဏာသိမ်းလုပ်ရပ်တွေ မှန်တယ် လို့ပြောတာဟာ အမှန်တရားကို ဖုံးကွယ်လိုစိတ် ရှိနေပြီး အမှားကို ၀န်မခံလိုတဲ့စိတ် ရှိနေတယ် ဆိုတာ ထင်ရှားပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကြောင့် မြန်မာနိုင်ငံဟာ အချိန်မရွေး စစ်အာဏာရှင်အောက်ကို ပြန်ရောက်သွားနိုင်တယ် ဆိုတာကို ပြည်သူတွေက သံသယ ရှိနေပါတယ်။

နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေဟာ ခက်ခဲတဲ့ ရေဆန်ခရီးကို ဖြတ်ခဲ့ကြပြီးပါပြီ။ အခုချိန် မှာ ရေစုန်ခရီးရောက်ပြီလို့ မပြောနိုင်သေးပါဘူး။ အရပ်သားအစိုးရ ပီပီပြင်ပြင် မဖြစ်သေးဘူး။ ဒီမိုကရေစီ အခွင့်အရေးတွေ မရှိသေးပါဘူး။ စစ်အာဏာရှင်အောက်ကို ပြန်ရောက်နိုင်ခြေတွေလည်း ရှိနေသေးတယ်။

ဒါကြောင့် ဒီအချိန်မှာ NLD ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေးသမားတွေကို မေးလိုတာက အရင် လိုမျိုး ပြည်သူလူထုရဲ့ ဒုက္ခကို ခါးစည်းခံပြီး ပြည်သူတွေနဲ့ တစ်သားတည်းရှိနေမလား၊ ခရိုနီတွေနဲ့ တွဲပြီး ပြည်သူကို မျက်ကွယ်ပြု ကပွဲသဘင်တွေ ဆင်နွှဲကြမလားဆိုတဲ့ မေးခွန်းနှစ်ခု ဖြစ်ပါတယ်။ ကိုယ်ဘာ လုပ်မလဲဆိုတာ ရွေးချယ်ရပါမယ်။

ဒီလိုပါပဲ။ ပြည်သူတွေကရော ကိုယ့်ရဲ့ခေါင်းဆောင်တွေ နှောင်ကြိုးကင်းကင်းနေနိုင်အောင် ဘယ်လို ကူညီပေးကြမလဲ။ ဝေဖန်နေရုံနဲ့ တော့မဖြစ်ပါဘူး။ ဒီလိုထောင်ချောက်တွေကို နားလည်ဖို့လည်း လိုပါတယ်။

ရွှေသံလွင်မိသားစု ပိုင်ဆိုင်သည့်၊ ဆက်စပ်ပတ်သက်သည့် ကုမ္ပဏီအချို့စာရင်း

၁။ Shwe Than Lwin Gems Co.,Ltd
၂။ Shwe Than Lwin Media Co.,Ltd
၃။ Shwe Than Lwin Mining Co.,Ltd
၎။ Shwe Than Lwin Trading Co.,Ltd
၅။ ECO Communication Public Co.,Ltd (trsm;ydkif)
၆။ Golden Pyit Taing Htaung Services Co.,Ltd
၇။ Golden Pyit Taing Htaung Trading Co.,Ltd
၈။ Golden Thazin Construction Co.,Ltd
၉။ It Is Myanmar Trading Co.,Ltd
၁၀။ People Media Public Co.,Ltd (trsm;ydkif)
၁၁။ Shwe Nanda Trading Co.,Ltd
၁၂။ Shwe Nay Minn Gyi Co.,Ltd
၁၃။ Shwe Shan Pyi Public Co.,Ltd (trsm;ydkif)
၁၄။ Than Lwin Aye Yar Export Import Co.,Ltd
၁၅။ Than Lwin Aye Yar Gems Co.,Ltd
၁၆။ Than Lwin Aye Yar Industrial Production & Construction Co.,Ltd
၁၇။ Than Lwin Aye Yar Travels & Tours Co.,Ltd
၁၈။ Myanmar Towards Co.,Ltd
၁၉။ Shwe Thanlwin Highway Co.,Ltd
၂၀။ Shwe Thu Kha Mein Trading Co.,Ltd

မှတ်ချက်။ ။ ကုမ္ပဏီများအားလုံး ၀င်ငွေခွန်ပေးဆောင်သည့် ၅၀၀ ဦးစာရင်းတွင် ပါဝင်ခြင်း လုံးဝမရှိပေ။

Eleven Media Group

No comments:

Post a Comment