Monday 31 March 2014

မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်

Photo: မျက်လုံးတော်ဖွင့်တန်ခိုးပြခဲ့သည့် တောင်ကုန်းလောကမာရဇိန်ဘုရားသို့ နေ့စဉ် ဘုရားဖူး ၅ဝဝကျော် လာရောက်ဖူးမြော်
Monday, March 31, 2014

အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ် ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုံရွာမြို့ ဒေါနခြံရပ်ကွက် ရေစင်ကြီး လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ တောင် ကုန်းလောကမာရဇိန်စေတီအတွင်းရှိ ဗုဒ္ဓဆင်းတု တော်သည် မတ်၂၃ ရက် သန်းခေါင်ယံအချိန်၌ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်ပြီး တန်ခိုးပြသ ခဲ့ပြီးနောက်ပိုင်း နေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်ပေါင်း ၅ဝဝကျော်ခန့် လာရောက် ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိကြောင်း ဂေါ ပကအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

''အခြားမြို့ကြီးတွေက ဘုရားဖူးတွေ ရော ကားတွေနဲ့ လာဖူးကြတာကိုတွေ့ရတယ်။ နေ့စဉ် ၅ဝဝနီးပါးရှိတယ်ဆိုတာ ဒီမှာလှူသွား ကြတဲ့ အလှူငွေဖြတ်ပိုင်းကိုကြည့်ပြီး ပြောတာ။ စပြီးပွင့်တဲ့နေ့ကဆို အတွင်းမှာလူပြည့်လို့ နောက် ပိုင်းသံဆန်ခါပိတ်လိုက်ပြီး အပြင်ကပဲဖူးမြော် စေခဲ့ရတယ်။ သုံးရက်အတွင်း လာရောက်ဖူးမြော် သူတွေရဲ့ လှူဒါန်းငွေ၁၅သိန်းကျော်ရှိပါပြီ''ဟု ¤င်းက ဆက်လက်ပြောသည်။

အဆိုပါဆင်းတုတော်အား တပို့တွဲ လပြည့်နေ့တွင် ရွှေသင်္ကန်းပူဇော်ကာ ရောင်တော် ဖွင့်ပြီးနောက်ပိုင်း ယခုကဲ့သို့ မျက်လုံးတော်ဖွင့် တန်ခိုးပြသခဲ့ခြင်းကို ကြုံတွေ့ရကြောင်း ဂေါပက အဖွဲ့မှ ပြောသည်။

''၂၃ရက် မွန်းလွဲ၂နာရီလောက်ကတည်း က ဒီဘုရားကိုလာတဲ့ကလေးတွေကစပြီး ဝဲ ဘက်မျက်လုံးတော်ပွင့်လာတာကို သူတို့မိဘတွေ ပြန်ပြောပြရင်း ဒီဖြစ်ရပ်ကို သိသွားတာ။ လွန်ခဲ့ တဲ့နှစ်ပေါင်း၃ဝကျော်ကလဲ မျက်တောင်လှုပ်ခတ် ပြီး ရောင်ခြည်တော်ကွန့်မြူးခဲ့သေးတယ်။ ဝဲ ဘက်မျက်လုံးကစပွင့်ပြီး ညပိုင်းကျတော့ နှစ် ဖက်စလုံးပွင့်လာတာ။ မျက်ဆန်တွေကအစ အား လုံး ထင်ထင်ရှားရှားဖူးတွေ့ရတော့ အကုန်အံ့သြ သွားကြတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစေတီတော်ကို မူလတည်ထားသူ မှာ ကောဇာသက္ကရာဇ် ၄၇၉ခုနှစ်၊ ပုဂံနန်းစံ ၄၅ ဆက်မြောက်မင်းဖြစ်သော အလောင်းစည်သူမင်း ကြီး ဗဒုံ(ခေါ်) အလုံမြို့သို့ ဖောင်စကြာဖြင့်ဆိုက် ရောက်စဉ် ဗဒုံမြို့တောင်ဘက် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်မှတစ်ဆင့် အရှည်နှစ်မိုင်ခန့် ရှိ သော လှေကူးအင်းအတွင်း လှည့်လည်ရှုစား စဉ် တောင်ဘက်ကုန်းကမူအရပ်၌ ဆိုက်ကပ်ပြီး အထိမ်းအမှတ်အဖြစ် သဲပုံစေတီတစ်ဆူတည် ထား၍ တောင်ကုန်းလောက မာရဇိန်ဘုရားဟုဘွဲ့ သမုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရသိရသည်။

အဆိုပါဘုရားသမိုင်းကို ပြုစုသူ အသက် ၈၃နှစ်အရွယ် မုံရွာမြို့ခံစာရေးဆရာကြီး သုဓမ္မ မဏိဇောတဓရ ဦးစန်းမောင်(မုံရွာစန်းမောင်)က ''ဟိုတုန်းက ဗဒုံ(အလုံ)နဲ့ မုံရွာမြို့ကြားမှာ လှေ ကူးအင်းကြီးခြားတယ်။ အခုမြေတွေဖို့လိုက်တော့ လှေကူးအင်းရဲ့ လက်ကျန်က ကန်သာယာကန်ပဲ ကျန်တော့တာ။ အဲဒီနောက် ကုန်းဘောင်ခေတ် မှာ ဗဒုံမြို့စားဖြစ်ခဲ့တဲ့ ဘိုးတော်ဦးဝိုင်းက လှေ ကူးအင်းကိုလာတော့ လှေကူးအင်းအလယ် တည့် တည့်မှာရှိတဲ့ ဘေးလောင်းတော် ဖောင်စကြာ ရှင်တည်ခဲ့တဲ့ သဲပုံစေတီရှိကြောင်း အမတ်ကြီး စိန္တကျော်သူဦးသြက တင်လျှောက်လို့ အဲဒီနေ ရာမှာ ကိုးတောင်ပြည့်အုတ်စေတီ ထပ်မံတည် ထားတာ။ နောက်ပြီး အင်းထဲက သားငါးမျိုးစုံ ငှက်မျိုးစုံကိုလဲ ဘေးမဲ့ပြုတော် မူပေးခဲ့တယ်။ နောက် ချုံနွယ်တွေထူထပ်လာပြီး သားကောင် မျိုးစုံ ခိုအောင်းလာတယ်။ အင်းကလဲ ကောလာ တယ်ပေါ့။ နောက်တော့ လယ်တီဆရာတော် ဘုရားကြီးရောက်လာပြီး လောကမာရဇိန်ဘုရား ကို ကျောပေးလျက် အင်းကိုမျက်နှာမူပြီး နေ့စဉ် တရားအားထုတ်ခဲ့တယ်။ နေဝင်ချိန်တိုင်း ဆရာ တော်ကြီး ပျောက်ပျောက်သွားလို့ တပည့်တွေက လိုက်ရှာရင် ဆရာတော်ကြီး မလှမ်းမကမ်းမှာ ကျားသစ်ကြီးနှစ်ကောင် ဝပ်ပြီး ဖူးမြော်နေတာ တွေ့ရတယ်။ ဒါကြောင့် ဆရာတော်ကြီး နှစ်ပေါင်း များစွာ တရားအားထုတ်ခဲ့တဲ့ နေရာဖြစ်တဲ့ အထိမ်း အမှတ်အနေနဲ့ ဆရာတော်နဲ့ ကုလားလူမျိုး၊ မြန် မာလူမျိုးတွေ စုပေါင်းပြီး Óဏ်တော်ပေ ၃ဝ ထပ်မြှင့်တည်ခဲ့တာ၊ ဘွဲ့တော်ကို မူလဘွဲ့တော်ပဲ မှည့်ခေါ်ခဲ့တာပါ''ဟု ပြောသည်။

ယခင် လောကမာရဇိန်ဘုရား တည်ရှိရာ နေရာတွင် ကိုလိုနီခေတ်အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်သော ဟိန္ဒူလူမျိုးများ၊ မြန်မာလူမျိုး များသည် ဒေါနပန်းပင်များစိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းပြုခဲ့ရာ နေရာဖြစ်သောကြောင့် ဒေါနခြံရပ်ကွက်ဟု ခေါ်တွင်စေခဲ့ကြောင်း သိရ သည်။

Yangon Media Group
အလောင်းစည်သူမင်းကြီး မုံ ရွာမြို့အနီးတည်ထားကိုးကွယ်သည့် လောကမာ ရဇိန်စေတီတော်အတွင်း ဗုဒ္ဓ ဆင်းတုတော်၏ မျက်လုံးတော်နှစ်ဖက်စလုံးဖွင့်တော်မူသည့် ဖြစ်ရပ်တော်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မုံရွာမြို့ ဒေါနခြံရပ်ကွက် ရေစင်ကြီး လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးရှိ တောင် ကုန်းလောကမာရ ဇိန်စေတီ အတွင်းရှိ ဗုဒ္ဓဆင်းတု တော်သည် မတ်၂၃ ရက် သန်းခေါင်ယံအချိန်၌ မျက်လုံးတော်နှစ်ဖက် စလုံးဖွင့်ပြီး တန်ခိုးပြသ ခဲ့ပြီးနောက်ပိုင်း နေ့စဉ် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်ပေါင်း ၅ဝဝကျော် ခန့် လာရောက် ဖူးမြော်ကြသဖြင့် စည်ကားလျက်ရှိကြောင်း ဂေါ ပကအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

''အခြားမြို့ကြီးတွေက ဘုရားဖူးတွေ ရော ကားတွေနဲ့ လာဖူးကြတာကိုတွေ့ရတယ်။ နေ့စဉ် ၅ဝဝနီးပါး ရှိတယ်ဆိုတာ ဒီမှာလှူသွား ကြတဲ့ အလှူငွေဖြတ်ပိုင်းကိုကြည့်ပြီး ပြောတာ။ စပြီးပွင့်တဲ့နေ့ကဆို အတွင်းမှာလူပြည့်လို့ နောက် ပိုင်းသံဆန်ခါပိတ်လိုက်ပြီး အပြင်ကပဲဖူးမြော် စေခဲ့ရတယ်။ သုံးရက်အတွင်း လာရောက်ဖူးမြော် သူတွေရဲ့ လှူဒါန်းငွေ၁၅သိန်းကျော်ရှိပါပြီ''ဟု ¤င်းက ဆက်လက်ပြောသည်။

အဆိုပါဆင်းတုတော်အား တပို့တွဲ လပြည့်နေ့တွင် ရွှေသင်္ကန်းပူဇော်ကာ ရောင်တော် ဖွင့်ပြီးနောက်ပိုင်း ယခုကဲ့သို့ မျက်လုံးတော်ဖွင့် တန်ခိုးပြသခဲ့ခြင်းကို ကြုံတွေ့ရကြောင်း ဂေါပက အဖွဲ့မှ ပြောသည်။

''၂၃ရက် မွန်းလွဲ၂နာရီလောက်ကတည်း က ဒီဘုရားကိုလာတဲ့ကလေးတွေကစပြီး ဝဲ ဘက်မျက်လုံးတော် ပွင့်လာတာကို သူတို့မိဘတွေ ပြန်ပြောပြရင်း ဒီဖြစ်ရပ်ကို သိသွားတာ။ လွန်ခဲ့ တဲ့နှစ်ပေါင်း၃ဝကျော်ကလဲ မျက်တောင်လှုပ်ခတ် ပြီး ရောင်ခြည်တော်ကွန့်မြူးခဲ့သေးတယ်။ ဝဲဘက်မျက်လုံးကစပွင့်ပြီး ညပိုင်း ကျတော့ နှစ် ဖက်စလုံးပွင့်လာတာ။ မျက်ဆန်တွေကအစ အား လုံး ထင်ထင်ရှားရှားဖူးတွေ့ရတော့ အကုန် အံ့သြ သွားကြတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစေတီတော်ကို မူလတည်ထားသူ မှာ ကောဇာသက္ကရာဇ် ၄၇၉ခုနှစ်၊ ပုဂံနန်းစံ ၄၅ ဆက်မြောက် မင်းဖြစ်သော အလောင်းစည်သူမင်း ကြီး ဗဒုံ(ခေါ်) အလုံမြို့သို့ ဖောင်စကြာဖြင့်ဆိုက် ရောက်စဉ် ဗဒုံမြို့တောင်ဘက် မုံရွာမြို့အနီးရှိ ချင်းတွင်းမြစ်မှတစ်ဆင့် အရှည်နှစ်မိုင်ခန့် ရှိ သော လှေကူးအင်းအတွင်း လှည့်လည်ရှုစား စဉ် တောင်ဘက်ကုန်းကမူအရပ်၌ ဆိုက်ကပ်ပြီး အထိမ်းအမှတ်အဖြစ် သဲပုံစေတီ တစ်ဆူတည် ထား၍ တောင်ကုန်းလောက မာရဇိန်ဘုရားဟုဘွဲ့ သမုတ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရ သိရသည်။

အဆိုပါဘုရားသမိုင်းကို ပြုစုသူ အသက် ၈၃နှစ်အရွယ် မုံရွာမြို့ခံစာရေးဆရာကြီး သုဓမ္မ မဏိဇောတဓရ ဦးစန်းမောင်(မုံရွာစန်းမောင်)က ''ဟိုတုန်းက ဗဒုံ(အလုံ)နဲ့ မုံရွာမြို့ကြားမှာ လှေ ကူးအင်းကြီးခြားတယ်။ အခုမြေတွေဖို့လိုက်တော့ လှေကူးအင်းရဲ့ လက်ကျန်က ကန်သာယာကန်ပဲ ကျန်တော့တာ။ အဲဒီနောက် ကုန်းဘောင်ခေတ် မှာ ဗဒုံမြို့စားဖြစ်ခဲ့တဲ့ ဘိုးတော်ဦးဝိုင်းက လှေ ကူးအင်းကိုလာတော့ လှေကူး အင်း အလယ် တည့် တည့်မှာရှိတဲ့ ဘေးလောင်းတော် ဖောင်စကြာ ရှင်တည်ခဲ့တဲ့ သဲပုံစေတီရှိကြောင်း အမတ်ကြီး စိန္တကျော်သူဦးသြက တင်လျှောက်လို့ အဲဒီနေ ရာမှာ ကိုးတောင်ပြည့်အုတ်စေတီ ထပ်မံတည် ထားတာ။ နောက်ပြီး အင်းထဲက သားငါးမျိုးစုံ ငှက်မျိုးစုံကိုလဲ ဘေးမဲ့ပြုတော် မူပေးခဲ့တယ်။ နောက် ချုံနွယ်တွေထူထပ်လာပြီး သားကောင် မျိုးစုံခိုအောင်းလာတယ်။ အင်းကလဲ ကောလာ တယ်ပေါ့။ နော က်တော့ လယ်တီဆရာတော် ဘုရားကြီးရောက်လာပြီး လောကမာရဇိန်ဘုရား ကို ကျောပေးလျက် အင်းကိုမျက်နှာမူပြီး နေ့စဉ် တရားအားထုတ်ခဲ့တယ်။ နေဝင်ချိန်တိုင်း ဆရာ တော်ကြီး ပျောက်ပျောက် သွားလို့ တပည့်တွေက လိုက်ရှာရင် ဆရာတော်ကြီး မလှမ်းမကမ်းမှာ ကျားသစ်ကြီးနှစ်ကောင် ဝပ်ပြီး ဖူးမြော်နေတာ တွေ့ရတယ်။ ဒါကြောင့် ဆရာတော်ကြီး နှစ်ပေါင်း များစွာ တရားအားထုတ် ခဲ့တဲ့ နေရာဖြစ်တဲ့ အထိမ်း အမှတ်အနေနဲ့ ဆရာတော်နဲ့ ကုလားလူမျိုး၊ မြန် မာလူမျိုးတွေ စုပေါင်းပြီး Óဏ်တော်ပေ ၃ဝ ထပ်မြှင့်တည်ခဲ့တာ၊ ဘွဲ့တော်ကို မူလဘွဲ့တော်ပဲ မှည့်ခေါ်ခဲ့တာပါ''ဟု ပြောသည်။

ယခင် လောကမာရဇိန်ဘုရား တည်ရှိရာ နေရာတွင် ကိုလိုနီခေတ်အတွင်း ဗုဒ္ဓဘာသာ ကိုးကွယ်သော ဟိန္ဒူလူမျိုးများ၊ မြန်မာလူမျိုး များသည် ဒေါနပန်းပင်များစိုက်ပျိုးပြီး အသက် မွေးဝမ်းကျောင်းပြုခဲ့ ရာ နေရာဖြစ်သောကြောင့် ဒေါနခြံရပ်ကွက်ဟု ခေါ်တွင်စေခဲ့ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment