Monday 31 March 2014

တရားမဝင် ဓာတ်သတ္တုတူးဖော်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြား

Photo: တရားမဝင် ဓာတ်သတ္တုတူးဖော်သူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် ညွှန်ကြား
Monday, March 31, 2014

မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှုများ ရှိလာသဖြင့် အဆိုပါ တရားမဝင် ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် အတွက် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“သတ္တုမတူးဖော်ရတဲ့ ကန့်သတ် မြေနေရာတွေက လွဲရင် တရားဝင် လျှောက်ထားခွင့် ပြုထားတယ်။ ခိုးတူးရင် စိစစ်ဖော်ထုတ် အရေးယူသွားမယ်” ဟု ဝန်ကြီး ဦးသန်းစိုးမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သစ်ပင်ကြီးများ ပေါက်ရောက်သော ဒေသများ၊ ဓမ္မတာ မျိုးဆက် ဧရိယာများ၊ ရေဝေရေလဲ ဧရိယာများကို ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့် မပြုသည့်အပြင် ပုသိမ်ကြီး မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဓာတ်သတ္တု တူးဖော်ခွင့် မပြုတော့ကြောင်း၊ အဆိုပါ ကန့်သတ်နေရာများတွင် တူးဖော်နေသူများနှင့် လုပ်ပိုင်ခွင့် လျှောက်ထားခြင်း မရှိဘဲ ဓာတ်သတ္တု ခိုးယူတူးဖော်သူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော အဖွဲ့များက စိစစ်ဖော်ထုတ်ပြီး သတ္တုတွင်း ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အခြား ဓာတ်သတ္တုထွက်သော နေရာများတွင် သတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရန် သတ္တုတွင်း ဥပဒေများနှင့်အညီ အကြီးစားလုပ်ကွက်၊ အလတ်စား လုပ်ကွက်များ ချပေးကြောင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“တရားမဝင် ခိုးပြီး သတ္တုထုတ်ယူတာကတော့ ဒေသခံတွေ အများစုပါ။ တရားဝင် လုပ်ငန်းရှင်တွေကတော့ ခိုးတူးစရာမှ မလိုဘဲ။ သူတို့ကလည်း ဒီအလုပ်မှ မလုပ်ရရင် လုပ်ကိုင်စားစရာမှ မရှိတာ။ အရင်ကတော့ တစ်နိုင်တစ်ပိုင် လုပ်ကွက်လေးတွေ ဒေသခံတွေကို ချပေးမယ်ဆိုပြီး အခုထိ ချမပေးသေးတော့ လုပ်စရာမရှိလို့ ခိုးတူးနေကြတာပါ” ဟု မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်နေသည့် လင်းသန့် သတ္တုတူးဖော်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဓာတ်သတ္တုတူးဖော်ရေး လုပ်ကိုင်နေကြသည့် ဒေသများဖြစ်သော မတ္တရာ၊ ပုသိမ်ကြီး၊ သပိတ်ကျင်း၊ စဥ့်ကူး၊ ပြင်ဦးလွင် စသော ဒေသများတွင် မိရိုးဖလာအရ ရွှေတူးဖော်ရေး လုပ်ငန်းများကို အများစု လုပ်ကိုင်နေကြပြီး အဆိုပါ အလုပ်ကို လုပ်ကိုင်နေကြသည့် လူအများစုမှာ လိုင်စင်မရှိဘဲ ရွှေထွက်သည့် ဒေသများသို့ အုပ်စုလိုက် ရွှေ့ပြောင်းလုပ်ကိုင်ကြကြောင်း အဆိုပါ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီးအတွင်း တရားမဝင် ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှုများ ရှိလာ သဖြင့် အဆိုပါ တရားမဝင်ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို မြို့နယ် အုပ်ချုပ်ရေးမှူး များ မှ တစ်ဆင့် ဖမ်းဆီးအရေးယူရန် အတွက် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။
“သတ္တုမတူးဖော်ရတဲ့ ကန့်သတ် မြေနေရာတွေက လွဲရင် တရားဝင် လျှောက်ထားခွင့် ပြုထားတယ်။ ခိုးတူး ရင် စိစစ်ဖော်ထုတ် အရေးယူသွားမယ်” ဟု ဝန်ကြီး ဦးသန်းစိုးမြင့်က ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနှင့် သစ်ပင်ကြီးများ ပေါက်ရောက်သော ဒေသများ၊ ဓမ္မတာ မျိုးဆက် ဧရိယာများ၊ ရေဝေရေလဲ ဧရိယာများကို ဓာတ်သတ္တု တူးဖော်ထုတ်လုပ်ခွင့် မပြုသည့်အပြင် ပုသိမ်ကြီး မြို့နယ်နှင့် ပြင်ဦးလွင်မြို့တို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဓာတ်သတ္တု တူးဖော် ခွင့် မပြုတော့ကြောင်း၊ အဆိုပါ ကန့်သတ်နေရာများတွင် တူးဖော်နေသူများနှင့် လုပ်ပိုင်ခွင့် လျှောက် ထားခြင်း မရှိဘဲ ဓာတ်သတ္တု ခိုးယူတူးဖော်သူများကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ပါဝင်သော အဖွဲ့များက စိစစ်ဖော်ထုတ်ပြီး သတ္တုတွင်း ဥပဒေများနှင့်အညီ ထိထိရောက်ရောက် အရေးယူရန် ညွှန်ကြား ထားကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

အခြား ဓာတ်သတ္တုထွက်သော နေရာများတွင် သတ္တုတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရန် သတ္တုတွင်း ဥပဒေများနှင့်အညီ အကြီးစားလုပ်ကွက်၊ အလတ်စား လုပ်ကွက်များ ချပေးကြောင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

“တရားမဝင် ခိုးပြီး သတ္တုထုတ်ယူတာကတော့ ဒေသခံတွေ အများစုပါ။ တရားဝင် လုပ်ငန်းရှင်တွေကတော့ ခိုးတူးစရာမှ မလိုဘဲ။ သူတို့ကလည်း ဒီအလုပ်မှ မလုပ်ရရင် လုပ်ကိုင်စားစရာမှ မရှိတာ။ အရင်ကတော့ တစ်နိုင်တစ်ပိုင် လုပ်ကွက်လေးတွေ ဒေသခံတွေကို ချပေးမယ်ဆိုပြီး အခုထိ ချမပေးသေးတော့ လုပ်စရာ မရှိလို့ ခိုးတူးနေကြတာပါ” ဟု မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်တွင် ရွှေတူးဖော်နေသည့် လင်းသန့် သတ္တုတူးဖော်ရေး ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဓာတ်သတ္တုတူးဖော်ရေး လုပ်ကိုင်နေကြသည့် ဒေသများဖြစ်သော မတ္တရာ၊ ပုသိမ်ကြီး၊ သပိတ်ကျင်း၊ စဥ့်ကူး၊ ပြင်ဦးလွင် စသော ဒေသများတွင် မိရိုးဖလာအရ ရွှေတူးဖော်ရေး လုပ်ငန်းများကို အများစု လုပ်ကိုင်နေကြပြီး အဆိုပါ အလုပ်ကို လုပ်ကိုင်နေကြသည့် လူအများစုမှာ လိုင်စင် မရှိဘဲ ရွှေထွက်သည့် ဒေသများသို့ အုပ်စုလိုက် ရွှေ့ပြောင်းလုပ်ကိုင်ကြကြောင်း အဆိုပါ ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment