Monday 31 March 2014

တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ

Photo: တစ်ပြည်လုံးတွင် သန်းခေါင်စာရင်း စတင်ကောက်ယူ
Monday, March 31, 2014

နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန်လာသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မြန်မာနိုင်ငံတွင် မတ်လ ၃၀ ရက်နေ့မှ စတင် ကောက်ယူနေပြီ ဖြစ်သည်။

သန်းခေါင်စာရင်းကို စာရင်းကောက်ဦးရေ တစ်သိန်းဝန်းကျင် အသုံးပြုကာ မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ကောက်ယူနေပြီ ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူသွားမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးရေးနှင့် စီမံကိန်းများ ရေးဆွဲရန် သန်းခေါင်စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် အဆင်မပြေသည့် ကိစ္စများ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအထိ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

“ကုတ်နံပါတ် (လူမျိုးသင်္ကေတ) မရထားတဲ့ မျိုးနွယ်စုတွေက ၉၁၄ မှာ ထည့်လို့ရှိရင် ဘယ်လောက်အထိ စိတ်ချရမလဲ ဆိုပြီး စိုးရိမ်ကြတယ်။ ၉၁၄ မှာ ထည့်လိုက်ရင် မျိုးနွယ်စု အမည်တွေ ပျောက်သွားမှာ စိုးရိမ်နေကြတယ်။ ၉၁၄ ကို မယုံကြည်တာ” ဟု ၎င်းကဆိုသည်။
၉၁၄ ဆိုသည်မှာ တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သူများအတွက် သတ်မှတ်ထားသည့် သင်္ကေတ ဖြစ်သည်။

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ထိန်းချုပ်နယ်မြေတွင် ကောက်ယူနိုင်ခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရန် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး ယင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံ နယ်နိမိတ်တွင်ရှိသူ အားလုံးကို သန်းခေါင်စာရင်းတွင် ထည့်သွင်းကောက်ယူမည် ဖြစ်ကာ ရည်ညွှန်းချိန် နောက်ပိုင်းတွင် မွေးဖွားသူများကို ထည့်သွင်းကောက်ယူမည် မဟုတ်ပေ။ သန်းခေါင်စာရင်း ကောက်ရာတွင်လည်း မတ်လ ၂၉ ရက်နေ့ ညတွင် ရှိနေခဲ့သည့် နေရာတွင် ရှိနေခဲ့သူကို စာရင်းသွင်း ကောက်ယူမည် ဖြစ်သည်။

“သန်းခေါင်စာရင်း အကောက်ခံတာ ဘာမှ ပြဿနာ မရှိပါဘူး” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဝင်းက ဆိုသည်။

သန်းခေါင်စာရင်း အချက်အလက် ပမာဏစာရင်းကို ၂၀၁၄ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်မည် ဖြစ်ပြီး အပြီးသတ် စာရင်းများကို ၂၀၁၅ ခုနှစ် ပထမ လေးလပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အချက်အလက်များ အပေါ် သုံးသပ်ထားသည့် ရလဒ်များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်က အဆက်မပြတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးပါက မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အသက်အုပ်စုအလိုက် ဦးရေ၊ အလုပ်လက်မဲ့နှုန်း၊ စာတတ်မြောက်မှုနှုန်း၊ လုပ်သားအင်အား၊ လူနေမှု အဆင့်အတန်း၊ အိမ်အကြောင်းအရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အရွယ်အစား၊ သက်ကြီးရွယ်အို၊ လူတန်းစား ကွာဟမှု၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရန် အခြေခံအချက် အလက်များကို ရရှိမည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး မြေပြင်စာရင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း အင်အား ၁၁၁၂၅၄ ဦးကို သင်တန်းများ ပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နေကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

The Voice Weekly
နှစ်ပေါင်း သုံးဆယ်ကျော်အကြာ တစ်ကျော့ပြန်လာသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို မြန်မာနိုင်ငံ တွင် မတ်လ ၃၀ ရက်နေ့မှ စတင် ကောက်ယူနေပြီ ဖြစ်သည်။
သန်းခေါင်စာရင်းကို စာရင်းကောက်ဦးရေ တစ်သိန်းဝန်းကျင် အသုံးပြုကာ မတ်လ ၃၀ ရက်နေ့မှ စတင်ကာ ကောက်ယူနေပြီ ဖြစ်ပြီး ဧပြီလ ၁၀ ရက်နေ့အထိ ၁၂ ရက်ကြာ ကောက်ယူသွား မည် ဖြစ်ကြောင်း၊ နိုင်ငံ၏ လက်ရှိနှင့် အနာဂတ်ဖွံ့ဖြိုးရေးနှင့် စီမံကိန်းများ ရေးဆွဲရန် သန်းခေါင် စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ပြောဆိုထားသည်။

သန်းခေါင်စာရင်း ကောက်ယူမှုနှင့် အဆင်မပြေသည့် ကိစ္စများ မတ်လ ၃၀ ရက်နေ့ ညနေပိုင်းအထိ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေဖြစ်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြု ကော်မတီမှ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇက်ခင် က ပြောကြားသည်။

“ကုတ်နံပါတ် (လူမျိုးသင်္ကေတ) မရထားတဲ့ မျိုးနွယ်စုတွေက ၉၁၄ မှာ ထည့်လို့ရှိရင် ဘယ်လောက်အထိ စိတ်ချရမလဲ ဆိုပြီး စိုးရိမ်ကြတယ်။ ၉၁၄ မှာ ထည့်လိုက်ရင် မျိုးနွယ်စု အမည်တွေ ပျောက်သွားမှာ စိုးရိမ်နေကြတယ်။ ၉၁၄ ကို မယုံကြည်တာ” ဟု ၎င်းကဆိုသည်။ ၉၁၄ ဆိုသည်မှာ တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သူများအတွက် သတ်မှတ်ထားသည့် သင်္ကေတ ဖြစ်သည်။

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနေပြီ ဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ထိန်းချုပ်နယ်မြေတွင် ကောက်ယူနိုင်ခြင်း မရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေး မှူး ဒေါ်ခွန်ဂျာ က ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရန် မတ်လ ၂၉ ရက်နေ့ ညသန်းခေါင်ယံကို ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ထားပြီး ယင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံ နယ်နိမိတ်တွင်ရှိသူ အားလုံးကို သန်းခေါင် စာရင်း တွင် ထည့်သွင်းကောက်ယူမည် ဖြစ်ကာ ရည်ညွှန်းချိန် နောက်ပိုင်းတွင် မွေးဖွားသူများကို ထည့်သွင်းကောက် ယူမည် မဟုတ်ပေ။ သန်းခေါင်စာရင်း ကောက်ရာတွင်လည်း မတ်လ ၂၉ ရက်နေ့ ညတွင် ရှိနေခဲ့သည့် နေရာတွင် ရှိနေခဲ့သူကို စာရင်းသွင်း ကောက်ယူမည် ဖြစ်သည်။

“သန်းခေါင်စာရင်း အကောက်ခံတာ ဘာမှ ပြဿနာ မရှိပါဘူး” ဟု ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဝင်းက ဆိုသည်။

သန်းခေါင်စာရင်း အချက်အလက် ပမာဏစာရင်းကို ၂၀၁၄ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်မည် ဖြစ်ပြီး အပြီးသတ် စာရင်းများကို ၂၀၁၅ ခုနှစ် ပထမ လေးလပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း၊ အချက်အလက် များ အပေါ် သုံးသပ်ထားသည့် ရလဒ်များကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ စတင်က အဆက်မပြတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ထံမှ သိရှိရသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးပါက မြန်မာနိုင်ငံရှိ လူဦးရေစာရင်း၊ အသက်အုပ်စုအလိုက် ဦးရေ၊ အလုပ်လက်မဲ့နှုန်း၊ စာတတ်မြောက်မှုနှုန်း၊ လုပ်သားအင်အား၊ လူနေမှု အဆင့်အတန်း၊ အိမ်အကြောင်း အရာနှင့် ပိုင်ဆိုင်မှု၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း၊ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းခြင်း၊ မိသားစု ပုံသဏ္ဌာန်၊ အရွယ်အစား၊ သက်ကြီးရွယ်အို၊ လူတန်းစား ကွာဟမှု၊ အသက်မွေးလုပ်ငန်း၊ လူမျိုး၊ ဘာသာ စသည့် ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရန် အခြေခံအချက် အလက်များကို ရရှိမည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး၌ သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၈၀၉၈၅ ကွက်ရှိပြီး မြေပြင်စာရင်း ကောက်ယူ မည့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း အင်အား ၁၁၁၂၅၄ ဦးကို သင်တန်းများ ပေး၍ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နေကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment