Monday 31 March 2014

နိုင်ငံတကာဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် မွေးမြူထုတ်လုပ်မှု နည်းစနစ် သင်တန်းပေး

အမေရိကန်အခြေစိုက် INGO တစ်ခုဖြစ်သည့် Winrock International က ရန်ကုန်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ရှိ မွေးမြူရေးခြံတို့တွင် မွေးမြူ ထုတ်လုပ်မှု နည်းစနစ် သင်တန်းများ မတ်လ ၂၇ ရက်နေ့က စတင် သင်ကြား ပေးနေကြောင်း Winrock International က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ နို့စားနွား မွေးမြူရေး လုပ်ငန်းခွင် တစ်ခုနှင့် စစ်ကိုင်းတိုင်းဒေ သကြီး ဘုတလင်မြို့နယ်ရှိ ဆိတ်မွေးမြူရေး လုပ်ငန်းခွင်တို့တွင် အမေရိကန် ပြည်ထောင်စုမှ ကျွမ်းကျင် သူများဖြင့် သင်ကြားပေးလျက် ရှိပြီး မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းဒေ သကြီးများနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကထား၍ သင်တန်းများ ဆက်လက်ဖွင့်မည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယင်းစီမံကိန်းမှာ ၂၀၁၄ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ကြာမြင့်မည်ဖြစ်ရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းများတွင် နည်းပညာများ ပံ့ပိုးကူညီပေး သွားမည် ဖြစ်ကြောင်း သင်တန်း အစီအစဉ်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ဒေသက ဆိတ်မွေးမြူရေး လုပ်ငန်းတွေမှာ အမေရိကန် နိုင်ငံသား ပညာရှင်တစ်ဦးက သင်တန်း ပေးနေတာပါ၊ ဆိတ်ခြံတွေအထိ လိုက်ပြီး ကြည့်တယ်၊ လက်တွေ့ သင်တန်းတွေ လည်း ပေးတယ်၊ ဒီနယ်မှာ မိရိုးဖလာအတိုင်း ဆိတ်ကို စားကျက်မြေမှာ လွှတ်ကျောင်းပြီး မွေးမြူနေတာတွေ က နည်းလမ်းမကျဘူးလို့ ပြောတယ်၊ အဲဒီအတွက် မိုးတွင်းမှာ ပေါတဲ့မြက်တွေကို နွေရာသီ အစာရှားတဲ့ အချိန်မှာ ချဉ်ဖတ်လုပ်ထားပြီး အသုံးချနိုင်မယ့် လက်တွေ့နည်းတွေကိုလည်း သင်ပေးတယ်” ဟု ဘုတလင်မြို့နယ် ညောင်ကန်ကျေးရွာမှ သင်တန်း တက်ရောက်နေသည့် ဦးမြင့်ဟန်ထွန်း က ပြောကြား သည်။

ဆိတ်များ အာဟာရ ဖြစ်စေမည့် မြက်များ စိုက်ပျိုးနည်းကို လက်တွေ့ သင်ပေးထားပြီး ဖြစ်ကြော င်း၊ နောက် ပိုင်းတွင်လည်း ပြည်ပနိုင်ငံများမှ မျိုးသန့်ဆိတ်များနှင့် ဒေသတွင်း ဆိတ်များ သားစပ် လုပ်ငန်းကိုလည်း သင်ကြားပေးမည်ဟု သိရပြီး အသားအရည်အသွေး ကောင်းမွန်ရေးကိုလည်း ဆက်လက် သင်ကြားပေး မည်ဟု သိရကြောင်း ၎င်းကဆိုသည်။

ဘုတလင်မြို့နယ် ညောင်ကန် ကျေးရွာတွင် ပြုလုပ်လျက်ရှိသော ဆိတ်မွေးမြူ ထုတ်လုပ်မှု နည်းစနစ် သင် တန်းသို့ သင်တန်းသား ၃၀ ဦး တက်ရောက်နေပြီး အမေရိကန် ပညာရှင်များထံမှ ရရှိသော နည်းပညာ များဖြင့် မွေးမြူသွားမည် ဖြစ်ကြောင်း သင်တန်း တက်ရောက်နေသူတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment