ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လပ်ဗ်ရော့ဗ်
ရုရှားနဲ့ အမေရိကန်အစိုးရတွေဟာ ယူကရိန်းနိုင်ငံတွင်းက ပြည်သူတွေ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ယူကရိန်းအစိုးရနဲ့အတူ အလုပ်တွဲလုပ်ဖို့ သဘောတူလိုက်ကြပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လပ်ဗ်ရော့ဗ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဆွေးနွေးအပြီးမှာ မတ် ၃၀ ရက်နေ့ က ပြော ပါတယ်။
ဒါပေမယ့် ယူကရိန်းပြည်သူတွေ အကျိုးစီးပွားအခြေအနေအပေါ် သံတမန်နည်းနဲ့ ဖြေရှင်းဖို့ နည်းလမ်း ရှာရေး ဘုံတူညီချက်တွေကို ရှာဖို့ လိုကြောင်း သဘောတူခဲ့တယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက ပြော ပါတယ်။
အရင်အပတ်ကတော့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားနဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့ တယ် လီဖုန်းနဲ့ ဆက်သွယ် စကားပြောဆိုကာ စစ်အေးခေတ်အပြီး အရှေ့အနောက် မတိုးသာ မဆုတ် သာဖြစ်မှု အဆိုးဆုံးအခြေအနေအတွင်း တင်းမာမှုတွေ ပြေလျော့ရေး ၃ ဖက်လုံးက ကြိုးစားခဲ့ကြတယ်လို့ မီဒီယာတွေ က ရေးပါတယ်။
DVB
No comments:
Post a Comment