Monday 31 March 2014

ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်

Photo: ကမ်းနီးဝင်ဖမ်းသည့် ကမ်းဝေးလှေများ အရေးယူနိုင်ရန် ရေလုပ်သားများ ပါသည့်အဖွဲ့ ဖွဲ့မည်
Monday, March 31, 2014

ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။

ယင်းအဖွဲ့များသည် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးတွင် ဝင်ရောက် ဖမ်းဆီးသည်ကို တွေ့လျှင်ဖြစ်စေ၊ သတင်းရရှိလျှင် ဖြစ်စေ၊ ထိရောက်စွာ အရေးယူ အပြစ်ပေးနိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းကာ သက်သေ အထောက်အထား ခိုင်လုံမှု ရှိစေရန် မှတ်တမ်းဓာတ်ပုံ ရယူစေခြင်း၊ သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနများသို့ သတင်းပေးပို့ခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ဝန်ကြီးက ပြောကြားသည်။
“မေလ ပထမပတ်မှာ စဖွဲ့ဖြစ်မယ်။ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ကျေးရွာတိုင်းမှာ ဖွဲ့စည်းသွားမယ်။ ကမ်းနီး ငါးဖမ်းကွက်ကို ကိုယ့်ဟာကိုယ် စောင့်ရှောက် ကာကွယ်နိုင်အောင် လုပ်ဆောင်တာပါ” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။

မတ်လ ၂၈ ရက်နေ့က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်း မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအေး မေးမြန်းခဲ့သည့် ဥပဒေမဲ့ တရားမဝင် ငါးဖမ်းနေမှုများအပေါ် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန အနေနှင့် မည်ကဲ့သို့ ထိရောက်စွာ စစ်ဆေးကြပ်မတ် အရေးယူနေသည်ကို သိရှိ လိုပါကြောင်းနှင့် အဆိုပါ စစ်ဆေး ကြပ်မတ်မှုများ မထိရောက်ပါက အနာဂတ် သယံဇာတများ မပြုန်းတီးရေးနှင့် ကမ်းနီး ရေလုပ်သားများ ရှေ့ရေးအတွက် ရေရှည်စီမံချက် ရေးဆွဲဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဝန်ကြီးမှ ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပါကျဉ်းကျန် ပိုက်ကွက် (ခြင်ထောင်ဇာ) ဖြင့် ငါးဖမ်းဆီးခြင်း၊ စည်းကမ်းမဲ့ ကမ်းဝေးဝါးလတ်၊ ဝါးတန်းလှေများမှ ကမ်းနီး လုပ်ကွက်တွင် ဖမ်းဆီးခြင်း၊ ဗုံးခွဲလှေများဖြင့် ငါးဖမ်းဆီးခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ်များကြောင့် ရေသယံဇာတများ ရှားပါးလျက် ရှိသည့်အပြင် ကမ်းနီး လှေငယ်များ၏ ငါးဖမ်း ကိရိယာများ ပျက်စီးဆုံးရှုံးခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဦးထွန်းအေးက ပြောဆိုသည်။
“တရားမဝင် ငါးခိုးဖမ်း လှေများကို အချိန်မီ ဖမ်းဆီးနိုင်ရေးကို ပင်လယ်ပြင် စိုးမိုးရေးတပ်များ၊ တပ်မတော် (ရေ) တပ်များနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

ကမ်းဝေး ငါးဖမ်းစက်လှေများသည် စက်လှေ နံပါတ်ပြားများကို သံပြားများဖြင့် ဖုံးအုပ်ကာ ကမ်းနီးသို့ ဝင်ရောက် ငါးဖမ်းဆီးခြင်း၊ အမှောင်ကို အမှီပြုကာ ညအချိန်များတွင် ဝင်ရောက်လေ့ ရှိခြင်းကြောင့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူရန် အခက်ကြုံတွေ့ရသည်ဟု ရေလုပ်သားများက ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း တရားမဝင် ထိုင်းငါးခိုး ဝါးလတ်တစ်စီး၊ ထိုင်းစာတန်းပါ ငါးခိုးလှေတစ်စီး၊ ထိုင်း ကဏန်းဖမ်းလှေ တစ်စီး၊ ဗုံးခွဲလှေသုံးစီး၊ အမည်မဲ့ ဗုံးခွဲလှေ နှစ်စီး၊ တရွတ်ဆွဲလှေ ၄စီး၊ ထိုင်းငါးကဲ့လှေနှစ်စီး၊ ငါးသယ်လှေ နှစ်စီး၊ ဝါးလတ် နှစ်စီး၊ ပါကျဉ်း ကျန်ပိုက်ပါစည်းပျက်လှေ လေးစီး၊ ကမ်းဝေးစည်းပျက်လှေ တစ်စီး၊ ပြည်ပ ကျူနာငါးခိုးလှေငါးစီး၊ စည်းပျက် တရွတ်ဆွဲပိုက် တစ်စီး၊ ဝိုင်းချုပ် စည်းပျက်လှေ တစ်စီး၊ စည်းပျက်လှေ နှစ်စီးတို့ကို ဖမ်းဆီးရမိပြီး တည်ဆဲ ငါးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အထက်ပါ လွှတ်တော် အစည်းအဝေးထံမှ သိရှိရသည်။

The Voice Weekly
ကမ်းဝေးငါးဖမ်းလှေများ ကမ်းနီး ရေပြင်သို့ တရားမဝင် ဝင်ရောက် ငါးဖမ်းဆီးသည့်ကိစ္စကို ထိထိရောက်ေ ရာက် ကိုင်တွယ်နိုင်ရန် ကမ်းနီးငါးဖမ်း ရေလုပ်သားများ ပါဝင်သည့် အဖွဲ့များကို ဖွဲ့စည်းမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာဝင်းအောင်က ပြောကြားသည်။
ယင်းအဖွဲ့များသည် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးတွင် ဝင်ရောက် ဖမ်းဆီးသည်ကို တွေ့လျှင်ဖြစ်စေ၊ သတင်းရရှိလျှင် ဖြစ်စေ၊ ထိရောက်စွာအရေးယူအပြစ်ပေးနိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့၊ ကျေး ရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့များနှင့် ပူးပေါင်း ညှိနှိုင်းကာ သက်သေ အထောက် အထား ခိုင်လုံမှု ရှိစေရန် မှတ်တမ်းဓာတ်ပုံ ရယူစေခြင်း၊ သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနများသို့ သတင်းပေး ပို့ခြင်း တို့ကို ဆောင်ရွက်ရမည်ဟု ဝန်ကြီးက ပြောကြားသည်။

“မေလ ပထမပတ်မှာ စဖွဲ့ဖြစ်မယ်။ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ကျေးရွာတိုင်းမှာ ဖွဲ့စည်းသွားမယ်။ ကမ်းနီး ငါးဖမ်းကွက်ကို ကိုယ့်ဟာကိုယ် စောင့်ရှောက် ကာကွယ်နိုင်အောင် လုပ်ဆောင်တာပါ” ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်သက်က ဆိုသည်။

မတ်လ ၂၈ ရက်နေ့က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် ဘုတ်ပြင်း မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအေး မေးမြန်းခဲ့ သည့် ဥပဒေမဲ့ တရားမဝင် ငါးဖမ်းနေမှုများအပေါ် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန အနေနှင့် မည်ကဲ့သို့ ထိရောက်စွာ စစ်ဆေးကြပ်မတ် အရေးယူနေသည်ကို သိရှိ လိုပါကြောင်းနှင့် အဆိုပါ စစ်ဆေး ကြပ်မတ်မှုများ မထိရောက် ပါက အနာဂတ် သယံဇာတများ မပြုန်းတီးရေးနှင့် ကမ်းနီး ရေလုပ်သား များ ရှေ့ရေး အတွက် ရေရှည်စီမံချက် ရေးဆွဲဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး ဝန်ကြီးမှ ယင်းသို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

ပါကျဉ်းကျန် ပိုက်ကွက် (ခြင်ထောင်ဇာ) ဖြင့် ငါးဖမ်းဆီးခြင်း၊ စည်းကမ်းမဲ့ ကမ်းဝေးဝါးလတ်၊ ဝါးတန်းလှေ များမှ ကမ်းနီး လုပ်ကွက်တွင် ဖမ်းဆီးခြင်း၊ ဗုံးခွဲလှေများဖြင့် ငါးဖမ်းဆီးခြင်း စသည့် ဥပဒေမဲ့ လုပ်ရပ် များကြောင့် ရေသယံဇာတများ ရှားပါးလျက် ရှိသည့်အပြင် ကမ်းနီး လှေငယ်များ၏ ငါးဖမ်း ကိရိယာများ ပျက်စီးဆုံးရှုံးခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဦးထွန်းအေးက ပြောဆို သည်။

“တရားမဝင် ငါးခိုးဖမ်း လှေများကို အချိန်မီ ဖမ်းဆီးနိုင်ရေးကို ပင်လယ်ပြင် စိုးမိုးရေးတပ်များ၊ တပ်မတော် (ရေ) တပ်များနဲ့ ညှိနှိုင်း ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာဝင်းအောင်က ဆိုသည်။

ကမ်းဝေး ငါးဖမ်းစက်လှေများသည် စက်လှေ နံပါတ်ပြားများကို သံပြားများဖြင့် ဖုံးအုပ်ကာ ကမ်းနီးသို့ ဝင်ရောက် ငါးဖမ်းဆီးခြင်း၊ အမှောင်ကို အမှီပြုကာ ညအချိန်များတွင် ဝင်ရောက်လေ့ ရှိခြင်းကြောင့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူရန် အခက်ကြုံတွေ့ရသည်ဟု ရေလုပ်သားများက ပြောဆိုသည်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း တရားမဝင် ထိုင်းငါးခိုး ဝါးလတ်တစ်စီး၊ ထိုင်းစာတန်းပါ ငါးခိုးလှေတစ်စီး၊ ထိုင်း ကဏန်းဖမ်းလှေ တစ်စီး၊ ဗုံးခွဲလှေသုံးစီး၊ အမည်မဲ့ ဗုံးခွဲလှေ နှစ်စီး၊ တရွတ်ဆွဲလှေ ၄စီး၊ ထိုင်းငါးကဲ့လှေနှစ်စီး၊ ငါးသယ်လှေ နှစ်စီး၊ ဝါးလတ် နှစ်စီး၊ ပါကျဉ်း ကျန်ပိုက်ပါစည်းပျက်လှေ လေးစီး၊ ကမ်းဝေးစည်းပျက်လှေ တစ်စီး၊ ပြည်ပ ကျူနာငါးခိုးလှေငါးစီး၊ စည်းပျက် တရွတ်ဆွဲပိုက် တစ်စီး၊ ဝိုင်းချုပ် စည်းပျက်လှေ တစ်စီး၊ စည်းပျက်လှေ နှစ်စီးတို့ကို ဖမ်းဆီးရမိပြီး တည်ဆဲ ငါးလုပ်ငန်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း အထက်ပါ လွှတ်တော် အစည်းအဝေးထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment