Friday 28 August 2015

မွေးဖွားချိန်တွင် ဖခင်နိုင်ငံသား မဖြစ်ဟုဆိုပြီး အမျိုးသမီးကိုယ်စားလှယ်လောင်းတစ်ဦးကို ခရိုင်ကော်မရှင် ပယ်ချ


မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့် ဖက်ဒရယ်ပြည်ထောင်စုပါ တီမှ ကိုယ်စားလှယ်လောင်းတစ် ဦးကို မွေးဖွားချိန်၌ ဖခင်သည်နိုင်ငံ သားမဖြစ်သည့်အတွက်ဟုဆို ကာ မန္တလေးခရိုင်ရွေးကောက်ပွဲ ကော်မရှင်က အမည်စာရင်းပယ် ချလိုက်ကြောင်း သတင်းရရှိ သည်။မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ၀င် ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ၀င်းမြင့်ကိုလည်း မွေးဖွားချိန်၌ ဖခင်မှာ နိုင်ငံသားမဖြစ်သည့် အတွက် အမည်စာရင်းပယ်ချခဲ့ သည်။ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်အဖြစ် ၀င်ရောက်ယှဉ် ပြိုင်ရန် အမည်စာရင်းတင်သွင်း ထားသည့် ဒေါ်ချိုချိုစန်းကို ခရိုင် ရွေးကောက်ပွဲကော်မရှင်က အ မည်စာရင်းမှ ပယ်ချထားကြောင်း မန္တလေး တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ ရွေး ကောက်ပွဲအရာရှိ ဦးကျော်ကျော် စိုးက ပြောသည်။

‘‘ခရိုင်ကော်မရှင်က အမည် စာရင်းပယ်ချလိုက်တဲ့အတွက် အခုတိုင်းကို အယူခံတက်လာ တယ်။ တိုင်းကော်မရှင်ကတော့ မဆုံးဖြတ်ရသေးဘူး။ စိစစ်နေပါ တယ်’’ဟု   ဦးကျော်ကျော်စိုးက ပြောသည်။

ဒေါ်ချိုချိုစန်း၏ ဖခင်သည်၁၉၄၀ ပြည့်နှစ်က မန္တလေးမြို့တွင် မွေးဖွားခဲ့ပြီး ဒေါ်ချိုချိုစန်း ဖခင်၏ နိုင်ငံသားပြုမှုလက်မှတ်စာရွက် အထောက်အထားနှင့်အတူ တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲသို့ အယူခံလွှာတင် ထားသည်ဟု ဖက်ဒရယ်ပြည် ထောင်စုပါတီ၏ မန္တလေးတိုင်း ဒေသကြီးဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။

‘‘ခရိုင်က ပယ်ချလိုက်တယ်။ သြဂုတ် ၂၆ ရက်က တိုင်းကို အ ယူခံတက်ထားတယ်။ စာရွက်အ ထောက်အထားပါ တင်ပြထား တော့ အယူခံအောင်မြင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဦးစိန်ဝင်းက ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စုပါ တီသည် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ချမ်းအေးသာစံနှင့် ပြင်ဦးလွင်မြို့နယ်၏ မဲဆန္ဒနယ်မြေ (၂)နေရာတွင်သာရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်  အမည် စာရင်းတင်သွင်းထားခြင်းဖြစ်ပြီး တစ်နေရာ၌ ယခုကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်သည်ဟု  ဦးစိန်ဝင်း ကဆိုသည်။
7 day

No comments:

Post a Comment