Tuesday 25 August 2015

ဘန်ကောက်တွင် ဗုံးတစ်လုံး ထပ်တွေ့

ဘန်ကောက်မြို့တွင် ဗုံးတစ်လုံး ထပ်တွေ့ရသောကြောင်း စနက်တံ ဖြုတ်ပစ်ခဲ့ရကြောင်း ထိုင်းရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

ဆုခွမ်ဗစ် (၈၁) လမ်းထဲတွင် ဗုံးတစ်လုံး ရှိနေကြောင်း မွန်းလွဲပိုင်းတွင် သတင်း ရရှိခဲ့သောကြောင့် သွားရောက် စစ်ဆေးခဲ့ရာ ၎င်းဗုံးကို တွေ့ရှိခဲ့သောကြောင့် ဘေးကင်းအောင် ပြုလုပ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ရှိ ဗုံးရှင်းလင်းအဖွဲ့ အကြီးအကဲ ကမ်သွန်း သြချာရွန်က ရိုက်တာစ် သတင်းဌာနသို့ ပြောဆိုခဲ့သည်။ ဆောက်လုပ်ရေး လုပ်သားတစ်ဦး၏ နေအိမ်ထဲတွင် ဗုံးကိုတွေ့ရှိခဲ့ပြီး ပေါက်ကွဲနိုင်စွမ်း မရှိအောင် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

ဘန်ကောက်၌ မကြာသေးမီ ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအဆင့် တိုးမြှင့်ပြီး စောင့်ကြည့်မှုများ ပြုလုပ်နေသည်။

Source:Reuters
Messenger News Journal 

No comments:

Post a Comment