Tuesday 25 August 2015

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး သီတဂူဆရာတော်ကြီး ကျပ် သိန်း ၅,၀၀၀ ကျော်လှူဒါန်း

ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တောအပါအ၀င် ပြည်နယ်ပြန်လည်ထူထောင်ရေး အတွက် သီတဂူဆရာတော်ကြီး က ကျပ်ငွေသိန်း ၅,၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သီတဂူသာသ နာပြုအဖွဲ့မှ သတင်းရရှိသည်။

ပျက်စီးသွားသော စာသင် ကျောင်းများ ပြန်လည်ပြုပြင်ရန် မောင်တောမြို့နယ်အတွက် ကျပ် သိန်း ၃၀၀ နှင့် ဘူးသီးတောင် မြို့နယ်အတွက် ကျပ်သိန်း ၂၅၀ ကိုသြဂုတ် ၂၄ ရက်၌ သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ ခြင်း ဖြစ်သည်။

ထို့အပြင် ဆရာတော်ကြီး သည် မောင်တောမြို့ မောရ၀တီ ကျေးရွာ သရေကုန်းဘောင်ကျေး ရွာအုပ်စု ရွှေဗဟို၊ ခရေမြိုင်ကျေး ရွာတို့တွင်လည်း ၀င်ရောက်လှူ ဒါန်းပေးခြင်း၊ စိတ်ဓာတ်ခွန်အား ပြန်လည်ပြည့်ဝစေရန် တရားချီး မြှင့်ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ သည်။

ဆရာတော်သည် မောင် တောမြို့ပေါ်ရှိ ဒုက္ခသည်များနှင့် လည်း တွေ့ဆုံခဲ့ကြောင်း ရခိုင် ပြည်နယ်သို့ ဆရာတော်နှင့်လိုက် ပါသွားသူ ဒကာတစ်ဦးကပြော သည်။

သီတဂူဆရာတော်သည်  ရ ခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ ဆုံခဲ့ပြီး ရခိုင်ပြည်နယ်တွင် ခံစား ခဲ့ကြရသည့် ရေဘေးဒုက္ခအခြေ အနေကို ၀န်ကြီးချုပ်ကတင်ပြ လျှောက်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို ဆရာတော် အား ရှင်းပြလျှောက်ထားခဲ့သည်။

ရခိုင်ပြည်နယ် ကယ်ဆယ် ရေးအစီအစဉ်ဖြင့် ဆန်(တစ်တင်း ခွဲအိတ်)၂,၀၀၀၊ သင်္ကန်း အစုံ ၁,၀၀၀၊ အ၀တ်အသစ်- ၆၃ထုပ် (ခန့်မှန်းအထည်တစ်သောင်း)၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ ရေသန့်ဆေးရည်၊ ရေသန့်ဆေး ပြား၊ ဓာတ်ဆားထုပ်၊ ဒယ်အိုး၊ ဒန်အိုး၊ ကိတ်မုန့်ခြောက်တို့ လှူ ဒါန်းခဲ့သည်။

ရသေ့တောင်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် ဘူးသီးတောင်မြို့ များရှိ ဘုန်းတော်ကြီးကျောင်း ၈၆ ကျောင်းအတွက် တစ်ကျောင်းလျှင်အလှူတော်ငွေ ကျပ် ၁၀သိန်းနှင့် ဆန်တစ်အိတ်စီလှူဒါန်းခဲ့သည်။

 ရခိုင်ပြည်နယ် ရေဘေး ကယ်ဆယ်ရေးကူညီခြင်းနှင့် ပြန် လည်ထူထောင်ရေးအစီအစဉ် ဖြင့် စစ်တွေမြို့သို့ ရောက်ရှိနေ သော သီတဂူဆရာတော်ကြီးနှင့် အဖွဲ့သည် သြဂုတ် ၂၄ ရက်နံနက် တွင် တပ်မတော်ရဟတ်ယာဉ် ဖြင့် မောင်တောမြို့သို့ ကြွရောက် တော်မူခဲ့ခြင်းဖြစ်သည်။

သီတဂူသာသနာပြုအဖွဲ့ သည် သြဂုတ် ၂၃ ရက် နေ့လယ် တွင် လေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်။

7Day Daily 

No comments:

Post a Comment