Friday 14 August 2015

တနင်္သာရီတိုင်းအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား One Stop Service ဖြင့် ကွင်းဆင်းပြုလုပ်ပေးမည်

တနင်္သာရီတိုင်းဒေသ ကြီးအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသော ဒေသခံများအား One Stop Service ဝန်ဆောင်မှုဖြင့် ကွင်း ဆင်းပြုလုပ်ပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။
ယခုနှစ် ဇန်နဝါရီမှ စတင် ဆောင်ရွက်ပေးခဲ့သော မိုးပွင့်အထူးစီမံချက် ပြီးဆုံးသွားသော် လည်း တိုင်းဒေသကြီးအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများမပြုလုပ် ရသေးသည့် ဒေသခံများကို ကျေးရွာများသို့ ကွင်းဆင်းပြုလုပ်ပေး သွားမည်ဟု တိုင်းဒေသကြီး လူ ဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနထံမှ သိရသည်။
ရေလုပ်သားများနှင့် ရွှေ့ ပြောင်း အလုပ်သမားများရှိရာ တနင်္သာရီတိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းကို မိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သော်လည်း ယင်းကာလအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများမပြုလုပ်ခဲ့ရသော ဒေသများ ရှိနေသေး ကြောင်း သတင်းရရှိသည်။

‘‘နိုင်ငံသား စိစစ်ရေးကတ် ပြားမရှိသေးတဲ့သူတွေကို ဦးစား ပေးပြုလုပ်ပေးသွားမယ်။ အဲဒီအ တွက် ပြုလုပ်လိုသူတွေကို သက် ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး က စုပေးထားပြီး မြို့နယ် လဝကရုံးတွေကို အကြောင်းကြားပေးဖို့ လိုတယ်။ ပြုလုပ်မယ့် ဒေသခံငါး ဆယ်ဝန်းကျင်လောက်ရှိရင် ကွင်း ဆင်းပြုလုပ်ပေးဖို့ အဆင်ပြေပါ ပြီ’’ဟု တိုင်းဒေသကြီးဦးစီးမှူးက ပြောသည်။

ယင်းသို့ ပြုလုပ်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်နှင့် အသက်(၁၈)ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများကို ဦး စားပေးလုပ်ဆောင်ပေးသွားမည် ဖြစ်ကာ ဒေသ အခြေအနေအရ အသစ်လဲလှယ်မည့် သူများနှင့် ပျောက်ဆုံးသူများကိုလည်း ဆောင်ရွက်ပေးသွားမည်ဟု တိုင်းဦးစီးမှူးက ဆိုသည်။

           မိုးပွင့်စီမံချက်ကာလအတွင်း တိုင်းဒေသကြီးရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးရာ၌ NRC (Norwaygian Re-fugee Council) အဖွဲ့မှ ကူညီပံ့ပိုးမှုများရှိခဲ့ပြီး ယခုပြုလုပ်ပေးမည့်အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင်ရန်အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများကို လူဦးရေအခြေအ နေအရ ကျေးရွာအုပ်စုတစ်ခုလျှင် အနည်းဆုံးတစ်ကြိမ်မှ ငါးကြိမ်အ ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား များ ကွင်းဆင်းဆောင်ရွက်ပေး ထားပြီး ဖြစ်သည်။

မိုးပွင့်စီမံချက်ဖြင့် မြို့နယ် အလိုက် ကွင်းဆင်းဆောင်ရွက် ပေးခဲ့ရာ တိုင်းဒေသကြီးအတွင်း ယင်းကာလ၌ နိုင်ငံသားစိစစ်ရေး ကတ်ပြား ၂၆၀,၀၀၀ ကျော် ပြု လုပ်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသ ကြီးလူဝင်မှုကြီးကြပ်ရေးနှင့်  အ မျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ သိရသည်။
7 day

No comments:

Post a Comment