Friday 14 August 2015

ဒီတစ်ပတ်ကြည့်ရမယ့် ရုပ်ရှင်

ဒီတစ်ပတ် ကြည့်ဖို့အတွက် တော့ စူပါဟီးရိုး ဇာတ်ကားလေး တစ်ကားကိုပဲ ညွှန်းပေးလိုက်ပါ တယ်။ ၂၀ ရာစုမြေခွေးရုပ်ရှင် ထုတ်လုပ်ရေးရဲ့ တတိယမြောက် Fantastic Four ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ ဂျော့ရှ်ထရန့်ခ်ရဲ့ လက်ရာပါ။
ရိဒ်ရစ်ချတ်နဲ့ ဘန်ဂရင်းမ် တို့ သူငယ်ချင်းနှစ်ယောက်ဟာ ထူးခြားစွမ်းရည်ရှိကြသူတွေဖြစ် ပြီး ငယ်ငယ်လေးကတည်းက ခင်မင်ခဲ့ကြသူတွေပါ။ အသက်ငယ် ငယ်နဲ့ ပါရမီထူးတဲ့ ကလေးတွေအ တွက် ဖွင့်ထားတဲ့ သုတေသနစင် တာ ဘက်စ်တာ ဖောင်ဒေးရှင်း ဒါရိုက်တာ ပါမောက္ခဖရန်ကလင် စတောမ်က သူတို့နှစ်ဦးကို မျက်စိ ကျခဲ့ပြီး ရိဒ်ကတောမ် မိသားစုဝင်တွေဖြစ်တဲ့ ဆူးစတောမ်၊ ဂျော်နီတောမ် တို့နဲ့အတူ သုတေသနလုပ် ဖြစ်ခဲ့ပါတယ်။
သူတို့ရဲ့ သုတေသန အောင်မြင်ခဲ့ပြီး ထူးခြား ဆန်းကြယ်တာတွေရှိတဲ့ Planet Zero ဆိုတဲ့ ဂြိုဟ်ကိုသွားရောက်ဖို့အတွက် ရိဒ်နဲ့ ဂျော်နီတို့ကဘန်ပါ လိုက်ပါဖို့ အကူအညီတောင်းခဲ့ပါတယ်။ ပါမောက္ခဖရန်ကလင်ရဲ့ တပည့်ရင်းဗစ်တာလည်း ပါသွားခဲ့ပြီး အဲဒီ ဂြိုဟ်က အရာဝတ္ထုတွေကို စူးစမ်းလေ့လာရင်း ဂြိုဟ်ပေါ်မှာ မီးတောင်ပေါက်ကွဲသွားခဲ့ပါတယ်။ ရိဒ်တို့တွေ ယာဉ်ပျံနဲ့ ထွက်ပြေးခဲ့ ပေမယ့် ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး  ရိဒ်၊ ဆူး၊ ဂျော်နီနဲ့ ဘန်တို့ဟာ ထူးခြားစွမ်းအင်တွေ ရရှိခဲ့တာကြောင့် စူပါဟီးရိုးတွေ ဖြစ်သွားခဲ့ပါတယ်။

ရိဒ်က ရော်ဘာလို ဆွဲဆန့်နိုင်စွမ်းရှိပြီး ဆူးကတော့ ကိုယ် ပျောက်နိုင်စွမ်း၊ ဂျော်နီက မီးလျှံတွေ ထွက်နိုင်စွမ်းနဲ့ ပျံသန်းနိုင်စွမ်း၊ ဘန်ကတော့ အားအင်အပြည့်နဲ့ လူသန်ကြီးစွမ်းရည်တို့ ရရှိခဲ့ကြပါတယ်။

အဲဒီနောက် သူတို့တွေကို အစိုးရက ဖမ်းဆီးထိန်းသိမ်းပြီး သုတေသနလုပ်ခဲ့တာကြောင့် ထွက်ပြေးခဲ့ကြရင်း တကွဲစီ ဖြစ်သွားခဲ့ကြပါတယ်။

တစ်နှစ်လောက်ကြာတဲ့အ ခါမှာ သူငယ်ချင်း လေးယောက် ပြန်စုစည်းမိခဲ့ကြရင်း Planet Zero ဆီကို ပြန်သွားဖို့ အကြောင်း ဖန်ခဲ့ပါတယ်။

အရင်တစ်ခေါက်တုန်းက ကျန်ခဲ့တဲ့ ဗစ်တာဟာ အသက်ရှင်နေတာကြောင့် ကမ္ဘာကို ပြန်ခေါ်လာခဲ့ရာမှာ သိပ္ပံပညာရှင်တွေကို သတ်ပြီး ဗစ်တာက Planet Zero ဆီကို ထွက်ပြေးခဲ့ပါတယ်။

ဒီလိုအခြေအနေဖြစ်လာတဲ့ အခါ စူပါဟီးရိုးတွေ ဖြစ်ကြတဲ့ ဘန်တို့ လေးယောက် ကမ္ဘာကို ဖျက်ဆီးမယ့် ဗစ်တာကို ဘယ်လို တိုက်ခိုက်နှိမ်နင်းမှာလဲ ဆိုတာ ရှုစားကြရမှာပါ။ အရင် Fantastic Four ကားတွေနဲ့ ဘယ်လိုကွာခြားသွားသလဲ ဆိုတာကတော့ ကိုယ်တိုင်မြည်းစမ်းကြည့်လိုက်တာ ပိုကောင်းမှာပါ။ ဒီဇာတ်ကားထဲက စူပါဟီးရိုးတွေကတော့ ရိဒ်ရစ်ချက်အဖြစ် မိုင်းလ်တယ်လာ၊ ဘန်ဂရင်းမ် အဖြစ် ဂျန်မီဘဲလ်၊ ဂျော်နီစတောမ်အဖြစ် မိုက်ကယ်ဘီဂျော်ဒန်၊ ဆူးစတော့မ်အဖြစ် ကိတ်တ်မာရာတို့က သရုပ်ဆောင်ထားကြတာပါ။

No comments:

Post a Comment