Tuesday 25 August 2015

အစိုးရခွင့်ပြုပါက မည်သည့်ဝန်ထမ်းမဆို ဌာနကူးပြောင်းနိုင်ဟု ဗိုလ်ချုပ်မှူးကြီးပြော

နိုင်ငံ့ဝန်ထမ်းများသည် မည်သည့်ဝန်ထမ်းဖြစ်စေ ဌာနကူးပြောင်း တာဝန်ထမ်းဆောင် ၍ ရပါကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ တောင်းဆိုမှု၊ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့၏ သဘော တူညီမှု၊ အစိုးရအဖွဲ့၏ ခွင့်ပြုချက်တို့ဖြင့် ပြောင်းရွှေ့ရ ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ်ပြော ဆိုလိုက်သည်။
တပ်မတော် သားများ အရပ်ဘက်ဝန်ကြီးဌာန သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်မှု သည်လည်း ထို့အတူဖြစ်ကြောင်း၊ မကြာသေးမီက ကျန်းမာရေးဝန်ကြီးဌာန၏ ၀န်ထမ်းအခက်အခဲရှိ၍ တောင်းဆိုမှုကြောင့် တပ်မတော်အရန်အင်အားမှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး တပ်မတော်လ စာထက်နိမ့်သောလစာ အဆင့်ဖြင့် ပြောင်းရွှေ့ သွား ရခြင်းဖြစ်ကြောင်း၊ တချို့လည်း တိုက်ပွဲဒဏ်ရာရရှိသူ ၊ကျန်းမာရေးကြောင့် မသန်စွမ်းသူများအား အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြောင်းရွှေ့မှုများ ရှိကြောင်း ပြောကြားသည်ဟု ယနေ့ထုတ် သတင်းစာနှင့် စစ်တပ်ပိုင် မြ၀တီသတင်းကဆိုသည်။

ဧရာဝတီ

No comments:

Post a Comment