Tuesday 25 August 2015

ကျောက်စိမ်းကုမ္ပဏီတစ်ခု မိုင်းခွဲစဉ် ကျောက်ရှာဖွေသူ ၁၂ ဦး ဒဏ်ရာရရှိ

ဖားကန့်တွင် ကျောက် စိမ်းကုမ္ပဏီတစ်ခုက တောင်ကမ်း ပါးယံတစ်ခုကို မိုင်းခွဲဖြိုချစဉ် ကျောက်ရှာဖွေသူ၁၂ ဦး ဒဏ်ရာ ရခဲ့ပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရသွားသည်ဟု သတင်းရရှိသည်။

ဖားကန့်မြို့နယ်ဆိပ်မူအုပ်စု ရှိ ရတနာရောင်ခြည်ကျောက်စိမ်း ကုမ္ပဏီလုပ်ကွက်အတွင်း သြဂုတ်၂၄ ရက် နေ့လယ်က ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဖား ကန့်မြို့မ ရဲစခန်းနှင့် ဒေသခံများ ထံမှ သတင်းရရှိသည်။

‘‘ကုမ္ပဏီက မိုင်း ၃၂ လုံးခွဲ တာ။ မပေါက်ဘဲ ကျန်နေသေး တယ်ဆိုတာကို ကုမ္ပဏီက သတိ ပေးနေလျက်နဲ့ ရေမဆေးတွေက ပြေးဝင်ကောက်ကြတာ။ အဲဒီလို မြေတွေမှာ ကျောက်ပါတတ်မှန်း သိကြတော့လေ။ ၁၂ ယောက် ဒဏ်ရာရပေမယ့် သုံးယောက်က တော့ တော်တော်ထိတယ်’’ဟု ဆိပ်မူကျေးရွာအုပ်စုဒေသခံတစ် ဦးက ပြောသည်။

ဖားကန့်မြို့မ ရဲစခန်းက အမျိုးသားသုံးဦးဒဏ်ရာပြင်းထန် ခဲ့ပြီး ပေါင်ကျိုးခြင်းနှင့် ကိုယ်ခန္ဓာ အနှံ့ဒဏ်ရာရခြင်းများ ဖြစ်ပွားခဲ့ သည်ဟု ဆိုသည်။ အခြားသူများ မှာ အသေးစားဒဏ်ရာသာရခဲ့ ခြင်းကြောင့် ဆေးရုံတွင် ကုသရန် မလိုခဲ့ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကျောက်စိမ်း ကုမ္ပဏီက တောင်ကမ်းပါးယံကို လွန်ဖြင့် ပေ ၂၀ အနက်ခန့် ဖောက်ကာ မိုင်းထည့်ဖောက်ခွဲခြင်းဖြစ်ပြီး မိုင်းအားလုံးမပေါက်ကွဲမီ ရေမဆေး သမားများက ၀င်ရောက်ကာ ကျောက်ရှာဖွေစဉ် ပေါက်ကွဲခဲ့ ခြင်းဖြစ်သည်ဟု အဆိုပါရဲတပ် ဖွဲ့ဝင်က ရှင်းပြသည်။ မိုင်းအား လုံးမကွဲသေးသောကြောင့် ရေမ ဆေးသမားများ ကျောက်လာ မကောက်ရန် ကုမ္ပဏီက အသံချဲ့ စက်ဖြင့် သတိပေးခဲ့သေးသည်ဟု ၎င်းက ပြောသည်။

7Day Daily 

No comments:

Post a Comment