Friday 14 August 2015

မြောက်ဦးမြို့နယ်ရှိ ရေဘေးသင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး အကူအညီများ အဓိကလိုအပ်နေ

 ရေဘေးသင့် မြောက် ဦးမြို့ပေါ်နှင့် ကျေးရွာများ၌ အ ရေးပေါ် အကူအညီဖြစ်သော စားနပ်ရိက္ခာ လိုအပ်ချက်တွင် အဆင်ပြေနေပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ အဓိကလိုအပ်နေ ကြောင်း ကူညီထောက်ပံ့ရေး လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သတင်းရရှိသည်။
‘‘မြောက်ဦးကို အဖွဲ့ပေါင်း စုံက စားနပ်ရိက္ခာအတွက် ဆန်တွေ၊ သောက်သုံးရေတွေ စစ်တွေကတစ်ဆင့် ကုန်းလမ်းရော ရေ လမ်းကပါဝင်နေပါတယ်။ ကူညီ ထောက်ပံ့ရေးအအဖွဲ့ကလည်း ကျေးလက်ဒေသအထိ သွားပြီး ထောက်ပံ့နေတဲ့အတွက် လော လောဆယ်တော့ စားနပ်ရိက္ခာအ ဆင်ပြေနေပြီလို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ နေအိမ်ပြိုလဲပျက် စီးသွားသူတွေအတွက် ပြန်လည် ထူထောင်ဖို့ အကူအညီတွေ လို အပ်နေပါတယ်’’ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းများ လုပ်ကိုင်နေ သည့် နာရေးကူညီမှုဖောင်းဒေး ရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။


ရေကြီးနစ်မြုပ်မှုကြောင့် နေ အိမ်ပျက်စီးခဲ့သူများမှာ မိမိအစီ အစဉ်ဖြင့် တဲထိုးနေထိုင်နေပြီးဌာနဆိုင်ရာ အပါအ၀င် အခြားလူမှုအဖွဲ့အစည်းများမှ အကူအညီ များ မရရှိသေးကြောင်း မြောက်ဦး မြို့ အလယ်ဈေးရပ်ကွက်မှ နေ အိမ်ပျက်စီးခဲ့သူတစ်ဦးက ပြော သည်။

‘‘အခုအချိန်မှာ ကျွန်တော့် အတွက် အထောက်အကူဖြစ်မယ် ဆိုရင် ကောက်ရိုးတစ်မျှင်လည်း လိုချင်ပါတယ်။ နေအိမ်ပြန် ဆောက်ဖို့ ကြိုးစားနေပေမယ့် မတတ်နိုင်သေးတဲ့အတွက် လော လောဆယ် တဲထိုးပြီးတော့ နေနေ ကြရပါတယ်။ ဌာနဆိုင်ရာကတော့ စာရင်းကောက်သွားပေမယ့် အ ကြောင်းမထူးသေးပါဘူး’’ဟု ၎င်း က ဆိုသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များနှင့် သေဆုံး၊ ပျောက်ဆုံးခဲ့သည့် ကျွဲ၊ နွားများစာရင်းကို ကောက်ယူနေ ဆဲဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

မြောက်ဦးမြို့နယ်တွင် ရေ ကြီးနစ်မြုပ်မှုကြောင့် မြို့ပေါ်ရပ် ကွက် ခုနစ်ရပ်ကွက်နှင့် ကျေးရွာ ပေါင်း ၂၀၀ ကျော် ရေနစ်မြုပ်ခဲ့ ပြီး လူပေါင်းတစ်သိန်းငါးသောင်း ကျော် ရေဘေးသင့်ခဲ့သည်။
7 day

No comments:

Post a Comment