Wednesday 26 August 2015

တောင်ပြိုလက်ဝဲမြို့တွင်ယာယီလက်ခံထားသည့် လှေစီးဘင်္ဂါလီများအနက် ပဉ္စမအသုတ်အဖြစ် ၁၂၅ ဦးကို ထပ်မံလွှဲပြောင်း

လှေစီးဘင်္ဂါလီများကို လွှဲပြောင်းပေးနေစဉ် ဓာတ်ပုံ-ညိုသဏ်း
ရခိုင်ပြည် နယ် မောင်တောခရိုင် တောင်ပြိုလက် ဝဲမြို့တွင် ဇွန် ၃ ရက်က စတင်ကာ ယာယီလက်ခံထား ခဲ့သည့် လှေစီး ဘင်္ဂါလီ ၉၀၀ ကျော်အနက် ပဉ္စမအ သုတ် ၁၂၅ ဦးကို ထပ်မံလွှဲပြောင်းပေး ခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၂၅ ရက်က တောင်ပြို လက်ဝဲမြို့တွင် ပြုလုပ်ခဲ့သည့် လှေ စီး ဘင်္ဂါလီများ လွှဲပြောင်းပေးအပ် ခြင်း နှစ်နိုင်ငံ အလံတင်အစည်း အ ဝေး ၌ မောင်တောခရိုင် လဝကဦးစီး ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင် က လွှဲပြောင်းပေးအပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမှတ် (၁၇) နယ်ခြားစောင့်တပ် တပ်ရင်း မှူး ဒုတိယဗိုလ်မှူးကြီး ရိုဘီ အစ္စ လာမ်ခေါင်းဆောင်သော အဖွဲ့ က လက်ခံခဲ့ကြောင်း မောင်တောခရိုင် လဝကဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

''တောင်ပြိုလက်ဝဲမှာ ယာယီ လက်ခံထားတဲ့ လှေစီး ဘင်္ဂါလီတွေ ကို ဘင်္ဂလားဒေ့ရှ် ဘက်က တာဝန်ရှိ သူတွေနဲ့ ညှိနှိုင်းပြီး ပို့ပေးနေတာ ဖြစ်ပါ တယ်။ ဆက်ပြီးတော့လဲ ပို့ဖို့ အဆက်အသွယ်လုပ်ထားပါတယ်။ အခြေအနေပေးရင် ပေးသလို လွှဲ ပြောင်းပေးသွားမှာဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုလွှဲပြောင်းပေးသည့် လှေ စီးဘင်္ဂါလီ ၁၂၅ ဦးနှင့် ဆိုပါက တောင်ပြို လက်ဝဲမြို့မှ ဘင်္ဂလားဒေ့ရှ် သို့ လွှဲပြောင်းပေးသူ စုစုပေါင်း၆၂၆ ဦးရှိ သွားပြီဖြစ်ပြီး လက်ရှိ တောင်ပြို လက်ဝဲမြို့တွင် ယာယီလက်ခံထား သည့် လှေစီး ဘင်္ဂါလီဦးရေ ၁၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရ သည်။

NT
‎Democracytoday‬

No comments:

Post a Comment