Wednesday 26 August 2015

ဖားကန့်မြို့နယ်တွင် ရွှေတူးဖော်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများကောက်ခံ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရွှေတူးဖော်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံ သွားကြောင်း ယင်းဒေသခံတစ်ဦးမှ ပြောပြသည်။

ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ကွမ်းဟဲကျေးရွာသို့ သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ် ၃ နာရီခွဲချိန်တွင် KIA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာ၍ ကျေးရွာအနီး တွင် ရွှေတူးဖော်သူ ဦးလနူး၏ ရွှေမျှောတဲရှိ အလုပ်သမားများ ထံမှ လစဉ် ဆက်ကြေးငွေ ကောက်ခံသွားပြီး အလုပ်သမား အသစ်များ အင်အားတိုးလာ ပါက ၎င်းတို့ထံလာရောက် သတင်းပို့ရန်နှင့် အစိုးရစစ်ကြောင်းများ၏ လှုပ်ရှားမှုသတင်းများအား သတင်းပို့ရန် မှာကြားသွားကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရသည်။

ယင်းသို့ဆက်ကြေးငွေများ အဆက်မပြတ်ကောက်ခံနေသည့်အပြင် ရွှေတူးဖော်လုပ်ကိုင်နေသူများအား လူသစ်အဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း များ ပြုလုပ်လျက်ရှိခြင်းကြောင့် အလုပ်သမားရှားပါးမှုများ ဖြစ်ပေါ်နေပြီး တချို့်ရွှေလုပ်ငန်း ရှင် များမှာ ဆက်လက် လုပ်ကိုင်ခြင်းမ ရှိတော့ပဲ လုပ်ငန်း များရပ်ဆိုင်းလိုက် ပြီဖြစ်ကြောင်း ရွှေမှော်လုပ်ငန်း ရှင်တစ်ဦးထံမှ သိရသည်။

“ ဒီအလုပ်လေးလုပ်ပြီးတော့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေကြ တာလေ၊ လူသစ်အဖြစ် ဖမ်းဆီးမှုတွေကြောင့် အောက်သားတွေဆိုရင် ဆက် မလုပ်တော့ပဲ ပြန်ကုန်ကြပြီ၊ အဓိက ကတော့ KIA ပေါ့၊ သူတို့က ဆက်ကြေးကောက်တဲ့ အပြင် လူသစ်အဖြစ်ဖမ်းတာတွေ လုပ်နေတော့ ရွှေလုပ်ငန်းရှင် အချို့လည်း ဆက်မလုပ်ကြတော့ဘူး၊ ကြာရင် ဒီမှာရှိတဲ့ ဒေသ ခံတွေ ထမင်းငတ်မယ့် အနေအထားဖြစ်နေပြီ”ဟု ဒေသခံ ရွှေမှော် အလုပ်သမားတစ်ဦးက ပြောပြပါသည်။

နော်ဂျာ
Kachin Daily News

No comments:

Post a Comment