Thursday 27 August 2015

တရားမဝင် အေးခဲကြက်သားများ ပြည်တွင်းထုတ်တံဆိပ်ဖြင့် ရောင်းချမှုများကို အရေးယူမည်


တရုတ်နိုင်ငံမှ အေးခဲ ကြက်သားများကိုတရားမဝင်တင် သွင်းပြီး မန္တလေးမြို့တွင် ပြည် တွင်းတံဆိပ်များပြောင်းကပ်ကာ ရောင်းချမှုများရှိနေ၍ အရေးယူ ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ သတင်းရရှိသည်။တရုတ်နိုင်ငံမှ အေးခဲကြက် သားများကို ကုန်တင်ယာဉ်များ ဖြင့် တရားမဝင်တင်ဆောင်ကာ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကုန် သွယ်ရေးဂိတ်မှတစ်ဆင့် ဖြတ် သန်းကာ မန္တလေးမြို့ရှိ အအေး ခန်းများ၌ သိုလှောင်ပြီး ဈေးများ တွင် ရောင်းချနေကြောင်း မွေးမြူ ရေးနှင့် ကုသရေး ဦးစီးဌာနသို့ လုပ်ငန်းရှင်များက တိုင်ကြားခဲ့ ခြင်းဖြစ်သည်။‘‘မန္တလေးက cold store (အအေးခန်းစက်ရုံ)တွေမှာ တ ရုတ်ကနေ တရုတ်စာနဲ့ကပ်ထား တဲ့ အေးခဲကြက်သားတွေ တရား မဝင်ရောက်နေတယ်။ ဒါနဲ့ ရန် ကုန်က မွေး/ကုဦးစီးနဲ့ တာဝန်ရှိ သူတွေ အရေးယူဖို့ သွားဖမ်းတော့ ပြည်တွင်းတံဆိပ်တွေ ပြောင်းကပ်ပြီးသားဖြစ်နေလို့ အရေးယူလို့မရဘဲ ပြန်လာခဲ့ရတယ်။ ဆက် လက် အရေးယူဖို့ လုပ်နေတယ်’’ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသန်းလှက ပြောသည်။

အဆိုပါ အေးခဲကြက်သား များကို တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းနေသဖြင့် စနစ်တကျ ကြက်သားထုတ်လုပ်ရန် စီစဉ်နေ သော မန္တလေးမြို့မှ စီးပွားရေး သမားများကို ထိခိုက်မှု ဖြစ်စေ ကြောင်း အသားတိုးကြက်မွေးမြူ ရေးထုတ်လုပ်သူတစ်ဦးက ပြော သည်။‘‘တရုတ်ကလည်း သူ့ဆီပို့ဖို့ ဆို ဘာတစ်ခုမှ ခွင့်ပြုထားတာမရှိ ဘူး။ ဆန်ဆိုလည်း ဖျက်ခံရ၊ အမဲ သားဆိုလည်း စာထုတ်ပြီး တား မြစ်တယ်။ တရုတ်နဲ့ ကျွန်တော်တို့ က တရားဝင်ကုန်သွယ်မှုလမ်း ကြောင်းဖောက်လို့မရဘူး။ တရားမဝင်မှတော့ သူတို့ဖျက်ဆီးသလို ကျွန်တော်တို့လည်း ပြန်လုပ်ဖို့ပဲ ရှိတယ်’’ဟု ဒေါက်တာသန်းလှက ပြောသည်။

ကြက်သားများသာမက တ ရုတ်နိုင်ငံထွက် ကုန်ပစ္စည်းမျိုးစုံကို အခွန်ငွေ ပေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း မပြု လုပ်ဘဲ တင်သွင်းနေပြီး ပြည် တွင်း သို့ ရောက်လာပါက တံဆိပ် ပြောင်းကပ်လေ့ရှိသဖြင့် ဆက် လက်ဖမ်းဆီးအရေးယူရန် စီစဉ် နေကြောင်း သတင်းရရှိသည်။‘‘လွယ်လွယ်လေးပဲ။ ခဲပြီး သား ကြက်သား ပါကင်တွေကို trace(ခြေရာခံ)လို့ရတယ်။ သူ့တံ ဆိပ်ကပ်ထားတဲ့ အအေးခန်းစက် ရုံမှာ လက်ခံစာရင်းရှိမှာပဲ။ သေ ချာထပ်စစ်ရင်ပေါ်မှာ’’ဟု ဦးထွန်း အေးက ပြောသည်။

မြန်မာနိုင်ငံမှ ကုန်ပစ္စည်း များ တရုတ်နိုင်ငံသို့ တင်ပို့သော အခါ ခွင့်ပြုချက်မပေးဘဲ ဖမ်းဆီး ကာ ဆန်များကို ဖျက်ဆီးပစ်ပြီး အသားများတင်ပို့ပါက အရည်အ သွေးမမီသော ကုန်ပစ္စည်းများ အဖြစ် သတ်မှတ်ကာ တားမြစ်စာ ထုတ်ပြန်သည်။‘‘တကယ်တာဝန်ရှိတဲ့ မွေး ကုက လုပ်ရမှာ။ မနိုင်တော့ ငါတို့အဖွဲ့ချုပ်ကလည်း ဘယ်လိုလုပ်မ လဲ။ ဖမ်းမှာ ကြိုသိနေလို့ ဖမ်းမရ ဖြစ်နေတာ။ ရအောင်ဖမ်းရမယ်’’ ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းစိန်က ပြောသည်။
7 day

No comments:

Post a Comment