Tuesday 25 August 2015

စစ်သွေးကြွများ ပစ်ခတ်မှုကြောင့် တူနီးရှား နယ်ခြားစောင့်တပ်ဖွဲ့ဝင် သေဆုံး

အယ်ဂျီးရီးယားနှင့် ထိစပ်နေသော တူနီးရှားနယ်စပ်၌ တနင်္ဂနွေနေ့တွင် စစ်သွေးကြွတချို့နှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် တူနီးရှာ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

“နိုင်ငံ အနောက်အလယ်ပိုင်း ဘိုချတ်ကာမြို့မှာ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့နဲ့ ပစ်ခတ်မှု ဖြစ်ခဲ့တာကြောင့် နယ်ခြားစောင့်တပ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ ပါတယ်”ဟု ၀ီတာနီယာ ၁ ရုပ်သံဌာနက ဖော်ပြခဲ့သည်။

ဆိုစဲမြို့၌ မကြာသေးမီ ရက်ပိုင်းအတွင်း မော်တော်ဆိုင်ကယ်စီး သေနတ်သမားနှစ်ဦး ပစ်ခတ်မှုကြောင့် တူနီးရှား လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

ဇွန်တွင် ဆိုစဲကမ်းခြေ၌ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ဗြိတိန်နိုင်ငံသား (၃၀) ဦးနှင့် အခြားနိုင်ငံခြားသား ခရီးသွား ရှစ်ဦးတို့ သေဆုံးခဲ့သည်။ ကမ်းခြေ ပစ်ခတ်မှုပြီးနောက် တူနီးရှားတွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး လုံခြုံရေး တိုးမြှင့်ခဲ့သည်။

ကမ်းခြေပစ်ခတ်မှု ပြီးနောက်တွင် ကမ္ဘာလှည့် ခရီးသွားများရှိရာ နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားခဲ့သည်။ တူနီးရှား အာဏာပိုင်များသည် ၎င်းတို့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အိုဘာအီဘင် နာဖာ တပ်ဖွဲ့အား ထိုးစစ်ဆင်လျက် ရှိသည်။

မတ်လ (၁၈) ရက်နေ့တွင် မြို့တော် တူးနစ်ရှိ ဘာဒိုပြတိုက် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံခြားသားခရီးသည် (၂၁) ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့ သေဆုံးခဲ့ရာ ယင်းတိုက်ခိုက်မှုကို အိုဘာအီဘင် နာဖာ တပ်ဖွဲ့က ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရက စွပ်စွဲထားသည်။

Source:BBC

No comments:

Post a Comment