Tuesday 25 August 2015

ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်နယ် မဲရုံများတွင် အထူးရဲအင်အားသုံးထောင်ကျော် အသုံးပြုမည်

အထူးရဲတပ်ဖွဲ့ဝင်အချို့ (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း) 
လာမည့် နိုဝင်ဘာ ၌ ကျင်းပမည့် အထွေထွေ ရွေး ကောက်ပွဲကာလအတွင်း ရှမ်း ပြည်နယ်ရှိ မဲရုံများတွင် အသုံးပြု ရန် အထူးရဲအင်အား သုံးထောင် ကျော် လျာထားရွေးချယ်မည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သ တင်းရရှိသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲလုံခြုံရေး အကြိုကာလ၊ရွေးကောက်ပွဲကာလနှင့် ရွေး ကောက်ပွဲပြီးကာလများတွင် လုံ ခြုံရေးတာဝန်ယူဆောင်ရွက်နိုင် ရန် အထူးရဲများ ရွေးချယ်ခန့်အပ် ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိ သူ ရဲဦးစီး(၁) ဒုရဲမှူးကြီးဆန်းလွင် က ပြောသည်။

အထူးရဲအဖြစ် တာဝန်ထမ်း ဆောင်ရန် ပြီးခဲ့သည့်ဇူလိုင်က  ခေါ်ယူပြီး သြဂုတ်နောက်ဆုံးပတ် အတွင်း၌ ခန့်အပ်ကာ စက်တင်ဘာ ၁ ရက်မှ နိုဝင်ဘာအထိ သုံးလခန့်အပ်တာဝန်ပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။  

‘‘အထူးရဲတွေကို မြို့နယ်အ လိုက် စိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပြီးတော့ ခန့်အပ်ပေးတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့မှာ ပါတဲ့ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့မိမြို့ဖနဲ့ မြို့နယ်စခန်းမှူးတွေ က စိစစ်ရွေးချယ်ခန့်အပ်တာဝန် ပေးသွားမှာဖြစ်ပါတယ်’’ဟု ဒုရဲမှူးကြီးဆန်းလွင်က ပြောကြားခဲ့ သည်။

ရှမ်းပြည်နယ်တွင်း မဲရုံပေါင်း၃,၃၀၀ ကျော်ရှိသည့်အတွက် မဲရုံ တစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်းဖြင့် အထူးရဲ ၃,၃၃၂ ဦး ခန့်အပ်တာဝန် ပေးမည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

အဆိုပါ ခန့်အပ်တာဝန်ပေး သွားမည့် အထူးရဲတပ်သားများ အား ဆင့်ပွားသင်တန်းပို့ချပေးနိုင် ရန် ရဲအရာရှိမျာအား သြဂုတ် ၁၇ မှ ၂၈ ရက်အထိ သင်တန်းပို့ချ ပေးနေကြောင်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရှမ်းပြည်နယ်အတွက် စိစစ် ရွေးချယ်တာဝန်ပေးအပ်မည့် အ ထူးရဲတပ်သားများအား စက်တင် ဘာ ၁ ရက်မှ ၁၅ ရက်အထိ ရွေး ကောက်ပွဲလုံခြုံရေးဆိုင်ရာ သင် တန်းများပေးအပ်မည်ဖြစ်သည်။

လာမည့်ရွေးကောက်ပွဲကာ လ၌ မြန်မာတစ်နိုင်ငံလုံးတွင် အ ထူးရဲအင်အား လေးသောင်းကျော်အသုံးပြုသွားရန်ခန့်မှန်းထားကြောင်း သိရသည်။

7Day Daily 

No comments:

Post a Comment