Tuesday 25 August 2015

ကျောက်တောင်ပေါ်သို့တက်သော အမျိုးသားတစ်ဦး ခြေချော်ပြုတ်ကျသေဆုံး

မန္တလေးတိုင်း ပုသိမ် ကြီးမြို့နယ်တွင် ကျောက်တောင် ပေါ်ရှိ ကျောက်များကို သံတူရွင်း ဖြင့်ထိုးချရန် ကြိုးဖြင့်တက်ရောက်နေစဉ် ခြေချော်ပြုတ်ကျ၍ အမျိုး သားတစ်ဦးသေဆုံးမှု သြဂုတ် ၂၃ ရက်ညနေက ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

‘‘ကျောက်ခွဲစက်ကို ပို့ဖို့ အတွက် လုပ်ကိုင်ခွင့်ရထားတဲ့ ကျောက်ခန်းက ကျောက်တွေကို ခွာချဖို့ ကြိုးနဲ့တက်တဲ့အချိန်မှာ ခြေချော်ပြုတ်ကျသွားတယ်။ မိုး ရွာထားတဲ့အချိန်ဆိုရင်ဖြစ်တယ်’’ ဟု အုန်းချောနယ်မြေရဲတပ်ဖွဲ့ စခန်းမှ ရဲအုပ်သန်းဇော်ဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ် အုန်းချော ကျေးရွာတွင်နေထိုင်သည့် အမျိုး သားသည် ကျောက်ခန်းအမြင့်ပေ ၂၀၀ ခန့်ရှိ ကျောက်တောင်ပေါ်သို့ ကြိုးဖြင့်တက်ရောက်စဉ် ခြေချော် ပြုတ်ကျ၍ ဦးခေါင်းဒဏ်ရာ၊ ခြေ ထောက်ဒဏ်ရာများရရှိပြီး မန္တ လေးဆေးရုံကြီးသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း အုန်းချောနယ်မြေရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရ သည်။

သြဂုတ် ၇ ရက်ကလည်း အဆိုပါမြို့နယ်တွင် အမျိုးသား တစ်ဦးသည် ထုံးဘိုရွာမြောက် ဘက်ရှိ ကျောက်တောင်၌ ကျောက်တုံးများဖဲ့ရန် အမြင့်ပေ ၃၀ ခန့်ရှိ ကျောက်တောင်ပေါ်သို့ ကြိုးဖြင့်တက်ပြီး သံတူရွင်းဖြင့် ကျောက်များကိုထိုးချစဉ် ခြေချော် ပြုတ်ကျခဲ့ပြီး သေဆုံးမှုဖြစ်ပွားခဲ့ သည်။

7Day Daily

No comments:

Post a Comment