Tuesday 25 August 2015

ယာဉ်ရပ်နားခွင့်နေရာများတွင် လေလံရရှိထားသော လုပ်ငန်းရှင် ၁၇ ဦး စည်းကမ်းဖောက်ဖျက်၍ သတိပေးခံရ

မန္တလေးမြို့တော်စည် ပင်သာယာနယ်နိမိတ်အတွင်း ယာဉ်ရပ်နားခွင့် နေရာများတွင် သတ်မှတ်ဧရိယာအတွင်း ယာဉ် များ အပ်နှံကောက်ခံရေးအတွက် လေလံစနစ်ဖြင့် ငှားရမ်းလုပ်ကိုင် နေသော ပုဂ္ဂလိကလုပ်ငန်းရှင်များ လေလံစည်းကမ်း ဖောက်ဖျက်မှု ဖြင့် သတိပေးခံရကြောင်းသတင်း ရရှိသည်။

လေလံသတ်မှတ်ချက်ပါ စည်းကမ်းချက်များကို ပထမအ ကြိမ်ဖောက်ဖျက်သော လုပ်ငန်း ရှင် ၁၇ ဦး  သတိပေးခဲ့ပြီး ဒုတိယ အကြိမ် ဖောက်ဖျက်သူတစ်ဦးကို ဒဏ်ငွေရိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

တတိယအကြိမ် စည်းကမ်း ဖောက်ဖျက်ပါက လေလံလုပ်ငန်း ကို ပြန်လည်သိမ်းယူသည်အထိ သတ်မှတ်အရေးယူမည်ဟု စည် ပင်သာယာရေးဝန်ကြီး ဦးအောင် မောင်းက ပြောသည်။

‘‘ညနေ ၆ နာရီအထိ လေလံ ထဲက သတ်မှတ်နှုန်းထားအတိုင်း ပဲ ကောက်ခိုင်းတယ်။ လေလံပြင် ပချိန်ဖြစ်တဲ့ ညပိုင်းအချိန်တွေမှာ ဆိုရင်တော့ အပ်နှံသူနဲ့ကောက်ခံ သူကျေနပ်တဲ့ နှုန်းထားတွေ ကောက်နေတာပါ။ ကားကို ဒီအ တိုင်းထားလို့ မှန်ခွဲခံရတာထက် စာရင် ပိုက်ဆံ ၅၀၀ လောက်ပေး ပြီး အပ်လိုက်ကြတယ်။ သတ်မှတ် နှုန်းထက် ကျော်ကောက်တာမျိုး ကို စစ်ဆေးတွေ့ရှိတာ၊ တိုင် ကြားတာရှိရင် အရေးယူမှာပါ’’ ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးအခွန်ဌာနမှ ဌာနခွဲမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ယာဉ်များသတ်မှတ်ဧရိယာ အတွင်း အပ်နှံကောက်ခံရေးအ တွက် လေလံရရှိသူများသည် ယူနီဖောင်းဝတ်ဆင်မှုမရှိခြင်း၊ သတ် မှတ်ဧရိယာထက်    ကျော်လွန်ကောက်ခံခြင်း၊ ကောက်ခံသည့် နှုန်းထားများကို ဆိုင်းဘုတ်ချိတ် ဆွဲထားမှုမရှိခြင်း၊    သတ်မှတ် နှုန်းထက် တိုး၍ ကောက်ခံခြင်း များဖြစ်ကြောင်း အခွန်ဌာနမှ စုံ စမ်းသိရသည်။

မန္တလေးမြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း ယာဉ် အပ်နှံခများသည် စက်ဘီး ၁၀၀ ကျပ်၊ ဆိုင်ကယ် ၂၀၀ကျပ်နှင့် ကား ၃၀၀ ကျပ်တို့ဖြစ်သည်။

‘‘၂၀၀ လို့ ပြောလည်း ကောက်တဲ့ သူတွေက ၃၀၀ ပဲ။ ပြောလို့လည်း မရဘူး။ ပြန်ပြော တော့ မိုက်ရိုင်းတယ်။ ငွေ ၁၀၀ လောက်နဲ့တော့ စိတ်အနှောင့်အ ယှက်အဖြစ်မခံချင်လို့သာ ပေး လိုက်ရတယ်’’ဟု ရတနာပုံတက္က သိုလ်တွင် တက်ရောက်နေသည့် ဒုတိယနှစ်ကျောင်းသူတစ်ဦးက ပြောသည်။

ထို့အပြင် မြို့တွင်း၌ ယာဉ် ကြောရှုပ်ထွေးမှု မရှိစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ၍ မြို့တွင်းစည်းကမ်းမဲ့ယာဉ်များ၊ သတ်မှတ်ဧရိယာအတွင်းသို့ ဝင် ရောက်ခွင့်မရှိသည့် ၃ တန်နှင့် အထက်ယာဉ် ၂,၂၂၅ စီးကိုလည်း အရေးယူဆောင်ရွက်ခဲ့သည်။

7Day Daily

No comments:

Post a Comment