Friday 14 August 2015

မြောက်ဦးတွင် စားနပ်ရိက္ခာအလှူများ ၀င်ရောက်နေသော်လည်း ဆန်ဈေးတက်ဆဲ

 ရေကြီးနစ်မြုပ်မှုဖြစ် ပေါ်ခဲ့သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လှူဒါန်းသည့် စား နပ်ရိက္ခာများ အဆက်မပြတ်ဝင် ရောက်နေသော်လည်း ဆန်ဈေး နှုန်းများ ဆက်လက်မြင့်တက်နေ ကြောင်း သတင်းရရှိသည်။
‘‘ရေဘေးကြုံတွေ့ပြီး ကား လမ်းတွေလည်း ဆက်သွယ်သွား လာနိုင်ပြီဖြစ်ပေမယ့် ဆန်ဈေးက တော့ တက်နေဆဲပါပဲ။ မြောက်ဦး ကို အလှူရှင်တွေ လာလှူတဲ့အထဲ မှာ အများဆုံးက ဆန်တွေဖြစ်ပါ တယ်။ အဲဒီဆန်တွေက ရေဘေး သင့်သူတွေဆီကို ဖြန့်ဝေပေးနေ ပေမယ့် ဆန်ဈေးမကျတာက အံ့ သြစရာပါပဲ’’ ဟု မြောက်ဦးမြို့ခံ တစ်ဦးက ပြောကြားသည်။

ယခုကဲ့သို့ ဆန်များအလုံးအ ရင်းနှင့် ၀င်ရောက်နေသော်လည်း ဆန်ဈေးမကျခြင်းမှာ ရေကြီးနစ် မြုပ်သည့်အချိန်တွင် ၀မ်းစာအ ဖြစ် သိုလှောင်ထားကြသည့် စပါး များ ရေနစ်မြုပ်ဆုံးရှုံးခဲ့ခြင်းနှင့် ဆန်စက်များရှိ ဆန်များရေနစ်မြုပ်ခဲ့၍ဖြစ်ကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

‘‘ကိုယ့်ဝမ်းစာနဲ့ ကိုယ်စားနေ ကြတဲ့ တောင်သူတွေလည်း အခု ဆန်ကို ၀ယ်စားနေရတဲ့အတွက် ဆန်ဈေးတွေ ဆက်တက်နေတာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိမြောက်ဦးဈေးကွက် တွင် ဧည့်မထဆန်တစ်အိတ်လျှင် တစ်သောင်းသုံးထောင်ကျပ်မှ သုံး သောင်းကျော်အထိ ဈေးတက်နေ ပြီး ပေါ်ဆန်းမွှေးဆန်တစ်အိတ် လျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ခန့်အထိ ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။
7 day

No comments:

Post a Comment