Tuesday 25 August 2015

မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံများ ဂျပန်နှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်းထူထောင်ရေး စီမံကိန်းဆောင်ရွက်ရန် သဘောတူ

မန်မာအပါ အဝင် မဲခေါင်ဒေသနိုင်ငံများ ဂျပန် နိုင်ငံနှင့်ပူးပေါင်း၍ စက်မှုလုပ်ငန်း ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက် သွားရန် ဩဂုတ် ၂၄ ရက်က သဘော တူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းအား မဲခေါင် စက်မှုဖွံ့ဖြိုးရေးစိတ်ကူးဟု ခေါ်တွင်ပြီး ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ယိုအိချိမီယာဇာဝါနှင့် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန် ကြီးများက မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့၌ ဂျပန်နှင့် အာဆီယံနိုင်ငံ များအစည်းအဝေးတွင် အလွတ်သ ဘောတွေ့ဆုံစဉ် သဘောတူညီခဲ့ကြ ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြခဲ့သည်။

ယင်းအစီအစဉ်တွင် နယ်စပ် ဖြတ်ကျော်ကုန်သွယ်ရေးပြုလုပ်ရာ၌ စံချိန်စံညွှန်းကိုက်ညီရေးနှင့် အထောက် အထားများရရှိရေး၊ နယ်စပ်တစ် လျှောက် အထူးစီးပွားရေးဇုန်များဖွံ့ ဖြိုးရေး၊ ဂျပန်တက္ကသိုလ်များနှင့် စက် မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် ကျွမ်းကျင်အလုပ်သမားများ ထွက်ပေါ်လာစေရေးနှင့် သုတေသန နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရေးတို့ပါဝင်ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဒေသအလိုက် အကောင်အထည်ဖော်သွား မည်ဖြစ် ကြောင်း သိရသည်။

ဒေသတွင်းအခြေခံအဆောက် အအုံများ ဖွံ့ဖြိုးရေးလုပ်ငန်းများလို အပ်လျက်ရှိပြီး စွမ်းအင်ဖြန့်ဖြူးရေး တည်ငြိမ်ရန်လိုအပ်လျက်ရှိကာ ယင်း ကိစ္စများကိုဖြေရှင်းရန် ဂျပန်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေးက မေလအတွင်းက အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁၀ ဖြင့် အခြေခံအဆောက်အ အုံများ ဒေသအတွင်းဖွံ့ဖြိုးရေးအတွက် လာ မည့်ငါးနှစ်အတွင်း အသုံးပြုသွားမည် ဟုပြောကြားခဲ့သည်။

နှစ်လအကြာတွင် အမေရိကန် ဒေါ်လာ ၆ဒသမ၁ ဘီလီယံကို လာ မည့်သုံးနှစ်အတွင်းတွင် အခြေခံအ ဆောက်အအုံများ ဖွံ့ဖြိုးရန် အတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ref:Bangkok Post
Democracytoday‬

No comments:

Post a Comment