Tuesday 13 January 2015

နိုင်ငံရေးဆွေးနွေးပွဲများအမြန်ဆုံးစတင်ရန် တိုင်းရင်းသားရေးရာဝန်ကြီး များနှင့် နိုင်ငံရေးပါတီခေါင်းဆောင်များတောင်းဆို တစ် နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးရန်နှင့် လိုအပ်ပါက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့များ ဖွဲ့ပေး မည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးခေါင်းဆောင်များ ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများနှင့် တိုင်းရင်းသား ကိုယ်စား လှယ် ခေါင်းဆောင် များ တွေ့ဆုံပွဲမြင်ကွင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သတင်းစာရှင်းလင်းနေစဉ်။ ဓာတ်ပုံများ-သတင်းစဉ်
ရန်ကုန်၊ ဇန်နဝါရီ ၁၂-အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ အနေဖြင့် လာမည့်ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် တစ် နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲ ရေးလက်မှတ်ရေးထိုးရန်နှင့် နိုင် ငံရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင်ကြရန် တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက တောင်းဆိုလိုက်ကြပြီး ယင်းအတွက် ငြိမ်းချမ်းရေးအကျိုးတော် ဆောင်အဖွဲ့များ ဖွဲ့ပေးရန် လိုအပ်ပါ က လုပ်ဆောင်ပေးသွားမည်ဟု သမ္မတ က ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတ၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင် များတွေ့ ဆုံရာတွင် နအဖလက်ထက်တွင် ''တိုင်းရင်းသား ခေါင်း ဆောင်များက Third party အနေဖြင့် ညှိ နှိုင်းပေးရာ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခဲ့သည့် အတွက် ယခုလဲ ထိုသို့ လုပ်ဆောင်ပေးရန်'' ရှမ်းပြည်နယ်မှ ကချင်တိုင်းရင်း သားရေးရာဝန်ကြီးက တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။

''အပစ်အခတ်ရပ်စဲရေးလက် မှတ်ကို ဖေဖော်ဝါရီ ၁၂ မှာ ထိုးဖို့ တိုက်တွန်း တယ်။ နိုင်ငံရေးဆွေးနွေး ပွဲတွေ အမြန်ဆုံးလုပ်ဖို့။ အပစ် အခတ် ရပ်စဲရေး လက်မှတ်မရေးထိုးနိုင်ရင် တောင် နိုင်ငံရေးဆွေးနွေးပွဲ အမြန်စဖို့ တိုက် တွန်းကြ တယ်။ အခုပါတီတွေ အနေနဲ့လဲ မူဘောင်တွေရေး ဆွဲထား တာရှိတော့ ဒါကိုလုပ်ဖို့တိုက်တွန်းကြ တယ်။ သမ္မတက အကောင်း ဆုံးဖြစ် အောင်လုပ်ပေး မယ်လို့ပြောသွားတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောသည်။

သို့သော်လည်း လက်ရှိအချိန်တွင် နိုင်ငံလုံးဆိုင်ရာအပစ်အခတ် ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသား လက်နက် ကိုင်များနှင့် အစိုးရတို့အ ကြားဆွေးနွေးနေ သည်မှာ အချက် အနည်းငယ်သာ ကျန်ရှိတော့ခြင်း ဖြစ် သည့်အတွက် ငြိမ်းချမ်းရေးအ ကျိုးတော်ဆောင်အဖွဲ့ဟု သီးသန့် မလိုတော့ကြောင်း မကွေးတိုင်းဒေသ ကြီးမှ ချင်းတိုင်းရင်းသားရေးရာဝန် ကြီး ဦးဆလိုင်းလှထွန်းကပြောသည်။

ယင်းက ''အခုဆွေးနွေးနေတဲ့ နှစ်ဖွဲ့ကလဲ သဘောတူဖို့အချက်က နည်း နည်းပဲလိုတော့တာဆိုတော့ ဖေဖော်ဝါရီ ၁၂ ဆိုရင် အကုန်လုံးလဲ သဘော တူရင်တူသွားမှာပေါ့။ အခုလဲ တိုက်ရိုက်ပြောလို့ရနေပြီ ဆိုတော့ ကြားခံ အဖွဲ့အစည်းကတော့ မလိုဘူး ထင်ပါတယ်''ဟု ယင်းကဆိုသည်။

ဇန်နဝါရီ ၁၂ ရက်က နေပြည် တော် ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်း မတွင် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရာ၌ ဒီမိုကရေစီ အသွင် ကူး ပြောင်းမှုများ ဆက်လက်ဖြစ်ထွန်း စေရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အ ခြေခံသည့် အမျိုးသားပြန်လည်စည်း လုံးညီညွတ်ရေး ဆိုင်ရာ နိုင်ငံရေးဆွေး နွေး ပွဲများပြုလုပ် နိုင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲအဖြစ် ပြု လုပ်နိုင်ပြီး ညင်သာသော အသွင် ကူးပြောင်းမှုနိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးနှင့် ကျန်ရှိနေ သေး သည့်ကြားကာလ နိုင်ငံရေးတည် ငြိမ်မှုရှိရေးတို့အပါအဝင် နိုင်ငံရေး ကိစ္စရပ်များကို အဓိကထားဆွေးနွေး ခဲ့ကြပြီး ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ပွဲများကို အချိန်အခါနှင့်အခြေအနေ ပေါ်မူတည်၍ အားလုံးညှိနှိုင်းကာ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေးပွဲနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်အား စုပါတီဥက္ကဋ္ဌဦးခင်မောင်ဆွေက ''ဒီ တစ်ခါဆွေးနွေး ပွဲက တက်ရောက် လာတဲ့ သူ ၄၈ ဦးက ဆွေးနွေး တာကို သက်ဆိုင် ရာအလိုက် ပြန်လည်ဖြေ ကြားပေးကြတာရှိတယ်။ ပြီးတော့ နောက် အဆင်ပြေရင်ပြန်တွေ့ကြမယ် ဆိုပြီးပြော လိုက်တယ်''ဟုပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ချင်း တိုင်းရင်းသားရေးရာဝန်ကြီးဦးနိုထန် ကပ်က လည်း အပစ်အခတ်ရပ်စဲသည် ဖြစ်စေ၊ မရပ်စဲသည်ဖြစ်စေ နိုင်ငံရေးဆွေးနွေးပွဲ ကို အမြန်ဆုံးဆောင် ရွက်သင့်သည်ဟု တင်ပြခဲ့သည်။

ယနေ့ဆွေးနွေးပွဲတွင် သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသား လွှတ်တော်နာယက၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ် စသည်တို့က ဆွေးနွေးတင်ပြကြပြီး တိုင်းရင်းသားရေးရာဝန်ကြီးများက လည်း ယင်းတို့၏အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြခွင့်ရခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် အောက်တိုဘာလကုန်က လုပ်ခဲ့သော ၁၄ ပွင့်ဆိုင်ဆွေးနွေး ပွဲထက်ကောင်းမွန် သည့်ဆွေးနွေးချက် အဖြေများရရှိခဲ့ကြောင်း တက်ရောက် လာသူအများစုကပြောကြသည်။

NTDW
Democracytoday‬

No comments:

Post a Comment