Tuesday 13 January 2015

ဟောင်ကောင်မှ ထင်ရှားသော သတင်းစာတိုက်ပိုင်ရှင်၏ နေအိမ်နှင့် ရုံးခန်းတို့ မီးရှို့တိုက်ခိုက်ခံရ

Photo: ဟောင်ကောင်မှ ထင်ရှားသော သတင်းစာတိုက်ပိုင်ရှင်၏ နေအိမ်နှင့် ရုံးခန်းတို့ မီးရှို့တိုက်ခိုက်ခံရ
Tuesday, January 13, 2015

ဟောင်ကောင်မြို့၏ ဒီမိုကရေစီ လိုလားသော Apple Daily သတင်း စာ၏ပိုင်ရှင်ဂျင်မီလိုင်၏ အိမ်နှင့် ရုံးခန်းတို့တွင် တနင်္လာနေ့ ၌မီးလောင် ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း AFP သတင်းအရ သိရသည်။

ယင်းတို့က ဟောင်ကောင်မြို့မှ ဒီမိုကရေစီအရေး ဆောင်ရွက်သူ မီဒီယာကဏ္ဍမှ ထင်ရှားသောပုဂ္ဂိုလ် များ၏ လုံခြုံရေးအတွက် စိုးရိမ်မှု အသစ်များကို ထပ်ဖြစ်စေခဲ့သည်။

ထိုမီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု များသည် တနင်္လာနေ့ နံနက် ၂ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက် ခိုက်မှုများကြောင့် ဒဏ်ရာရခဲ့သူပင် မရှိပေ။

ဂျင်မီလိုင်၏ Apple Daily သတင်းစာအား Next Media မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဗီဒီယိုမှတ်တမ်း များအရ Next Media ရုံးအဆောက် အအုံ ဝင်ပေါက်သို့ အပြင်ဘက်မှ မီးလောင်နေသော ပုလင်းတစ်လုံး ပစ်ခတ်လိုက်သည်ကို မြင်တွေ့ခဲ့ရပြီး ယင်းသည် ဝင်ပေါက်အား မထိမှန်ဘဲ မြေပေါ်သို့ ပြုတ်ကျပေါက်ကွဲသွား သည်။

ထို့အပြင် အခြား 'ဗီဒီယိုမှတ် တမ်းတွင်လည်း လိုင်နေထိုင်ရာ ဟို မန်တင်အရပ်မှ နေအိမ်ဂိတ်ဝသို့ မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက မီးလောင်ဗုံးဖြင့်ပစ်ခတ်ကာ ထွက်ပြေး သွားသည်ကို မြင်တွေ့ရသည်။

ထိုတိုက်ခိုက်မှုများအတွက် ရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယင်း သည် ဒီမိုကရေစီနှင့် သတင်းစာလွတ် လပ်ခွင့်ကို မလိုလားသူများ၏လက် ချက်ဖြစ်သည်မှာ ထင်ရှားကြောင်း၊ ယင်းသည် မီးရှို့မှုဖြစ်ကြောင်းနှင့် ထို တိုက်ခိုက်မှုနှစ်ခုလုံးအတွက် အသေး စိတ်သိရှိရန် စုံစမ်းနေသည်ဟုပြော သည်။

ထို့အပြင် ဒီမိုကရေစီမလိုလား သူများသည် အကြမ်းဖက်မှုများကို ဆက်လုပ်နေဆဲဖြစ်သည်ဟုလည်း လိုင်၏ပြောရေးဆိုခွင့် ရှိသူက စွပ်စွဲခဲ့ သည်။

ဂျင်မီလိုင်သည် လွန်ခဲ့သော ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲများ အတွင်း၌လည်း အမျိုးသားတစ်စု၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ၎င်းကိုပုပ်သိုးနေ သောအသားများဖြင့် ပစ်ပေါက်ခဲ့ သည်။

ထို့အပြင် ၎င်း၏ Apple Daily သတင်းစာတိုက်သည်လည်း မကြာခဏတိုက်ခိုက်ခံရကြောင်း သိရသည်။

Ref : AFP
Democracytoday
ဟောင်ကောင်မြို့၏ ဒီမိုကရေစီ လိုလားသော Apple Daily သတင်း စာ၏ပိုင်ရှင်ဂျင်မီလိုင်၏ အိမ်နှင့် ရုံးခန်းတို့တွင် တနင်္လာနေ့ ၌မီးလောင် ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း AFP သတင်းအရ သိရသည်။

ယင်းတို့က ဟောင်ကောင်မြို့မှ ဒီမိုကရေစီအရေး ဆောင်ရွက်သူ မီဒီယာကဏ္ဍမှ ထင်ရှားသောပုဂ္ဂိုလ် များ၏ လုံခြုံရေးအတွက် စိုးရိမ်မှု အသစ်များကို ထပ်ဖြစ်စေခဲ့သည်။

ထိုမီးလောင်ဗုံးဖြင့် တိုက်ခိုက်မှု များသည် တနင်္လာနေ့ နံနက် ၂ နာရီ ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက် ခိုက်မှုများကြောင့် ဒဏ်ရာရခဲ့သူပင် မရှိပေ။

ဂျင်မီလိုင်၏ Apple Daily သတင်းစာအား Next Media မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ဗီဒီယိုမှတ်တမ်း များအရ Next Media ရုံးအဆောက်အအုံ ဝင်ပေါက်သို့ အပြင်ဘက်မှ မီးလောင်နေသော ပုလင်းတစ်လုံး ပစ်ခတ် လိုက်သည်ကိုမြင်တွေ့ခဲ့ရပြီး ယင်းသည် ဝင်ပေါက်အားမထိမှန်ဘဲ မြေပေါ်သို့ ပြုတ်ကျပေါက်ကွဲသွားသည်။

ထို့အပြင် အခြား 'ဗီဒီယိုမှတ် တမ်းတွင်လည်း လိုင်နေထိုင်ရာ ဟိုမန်တင်အရပ်မှ နေအိမ်ဂိတ်ဝသို့ မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက မီးလောင်ဗုံးဖြင့်ပစ်ခတ်ကာ ထွက်ပြေး သွားသည်ကို မြင်တွေ့ရသည်။

ထိုတိုက်ခိုက်မှုများအတွက် ရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူက ယင်း သည် ဒီမိုကရေစီနှင့် သတင်းစာလွတ် လပ်ခွင့်ကို မလိုလားသူများ၏လက် ချက်ဖြစ်သည်မှာ ထင်ရှားကြောင်း၊ ယင်းသည် မီးရှို့မှုဖြစ်ကြောင်းနှင့် ထို တိုက်ခိုက်မှုနှစ်ခုလုံးအတွက် အသေး စိတ်သိရှိရန် စုံစမ်းနေသည်ဟုပြော သည်။

ထို့အပြင် ဒီမိုကရေစီမလိုလား သူများသည် အကြမ်းဖက်မှုများကို ဆက်လုပ်နေဆဲဖြစ်သည်ဟုလည်း လိုင်၏ ပြောရေးဆိုခွင့် ရှိသူက စွပ်စွဲခဲ့ သည်။

ဂျင်မီလိုင်သည် လွန်ခဲ့သော ဟောင်ကောင်ဒီမိုကရေစီဆန္ဒပြပွဲများ အတွင်း၌လည်း အမျိုးသားတစ်စု၏ ပစ်မှတ်ဖြစ်ခဲ့ပြီး ၎င်းကိုပုပ်သိုးနေ သောအသားများဖြင့် ပစ်ပေါက်ခဲ့ သည်။

ထို့အပြင် ၎င်း၏ Apple Daily သတင်းစာတိုက်သည်လည်း မကြာခဏတိုက်ခိုက်ခံရကြောင်း သိရသည်။

Ref : AFP
Democracytoday

No comments:

Post a Comment