Tuesday 13 January 2015

ရောဂါရနေသော ဝက်သားများရောင်းချ၍ တရုတ်တွင် လူဒါဇင်များစွာဖမ်းဆီး

Photo: ရောဂါရနေသော ဝက်သားများရောင်းချ၍ တရုတ်တွင် လူဒါဇင်များစွာဖမ်းဆီး
Tuesday, January 13, 2015

တရုတ်နိုင်ငံ၌ ရောဂါရနေသော ဝက်များကိုပေါ်၍ အသားများရောင်း ချနေသည်ဟု သံသယရှိသူ ၁၁၀ ကျော်အား ရဲများက ဖမ်းဆီးခဲ့ကြောင်း၊ အစားအသောက်လုံခြုံမှုကို ချိုးဖောက် ခြင်း၏ နောက်ဆုံးဖြစ်ရပ်ဟု သိရ သည်။

မသန့်ရှင်းသော ဝက်သားတန် ချိန် ၁၀၀ဝကျော်နှင့် အသားမှ ထုတ် လုပ်သော ဟင်းချက်ဆီ ၄၈တန်တို့ ကို စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သောနှစ်က စတင်ခဲ့ပြီး ပြည် နယ် ၁၁ခုတွင် ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြော ကြားချက်၌ ဖော်ပြ ခဲ့သည်။

ဤဖမ်းဆီးခံရသူများမှာ အဖွဲ့ ၁၁ခုမှဖြစ်ပြီး ရောဂါဖြစ်၍ သေဆုံး သွားသော ဝက်များကို ဈေးချိုသာ စွာဖြင့် ဝယ်ယူကာ တရားမဝင်အ သားပြားများ ပြုလုပ်ခြင်း၊ ဝက်ဆီ ချက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း အဆိုပါကြေညာချက်၌ ဖော်ပြခဲ့သည်။

အဆိုပါ ဝက်သားထုတ်လုပ်သူ များက အစိုးရလိုင်စင်ရ ဝက်သား ထုတ်လုပ်သူများထံသို့ ရောင်းချခဲ့ ကြကြောင်း။ ၎င်းလိုင်စင် ရသူများ ကိုလည်း စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးမိသော ဝက်သားနှင့် ဝက်ဆီတန်ဖိုးမှာ ယွမ်ငွေသန်း ၁၀၀ (ဒေါ်လာ ၁၆သန်း)ဖိုးရှိကြောင်း။ ဖမ်းဆီးသူ ၇၅ဦးကို စစ်ဆေးရန် ပို့ခဲ့ ကြောင်း ကြေညာချက်ကဖော်ပြခဲ့သည်။

တရုတ်ပြည်နယ်တွင် အစား အစာလုံခြုံမှုကို လူထုက ယုံကြည်မှု ကင်းမဲ့လျက်ရှိသည်။

Ref : AFP
Democracytoday
တရုတ်နိုင်ငံ၌ ရောဂါရနေသော ဝက်များကိုပေါ်၍ အသားများရောင်း ချနေသည်ဟု သံသယရှိသူ ၁၁၀ ကျော်အား ရဲများက ဖမ်းဆီးခဲ့ကြောင်း၊ အစားအသောက်လုံခြုံမှုကို ချိုးဖောက် ခြင်း၏ နောက်ဆုံးဖြစ်ရပ်ဟု သိရသည်။

မသန့်ရှင်းသော ဝက်သားတန် ချိန် ၁၀၀ဝကျော်နှင့် အသားမှ ထုတ် လုပ်သော ဟင်းချက်ဆီ ၄၈တန်တို့ ကို စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သောနှစ်က စတင်ခဲ့ပြီး ပြည် နယ် ၁၁ခုတွင် ဖမ်းဆီးခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ပြော ကြားချက်၌ ဖော်ပြ ခဲ့သည်။

ဤဖမ်းဆီးခံရသူများမှာ အဖွဲ့ ၁၁ခုမှဖြစ်ပြီး ရောဂါဖြစ်၍ သေဆုံး သွားသော ဝက်များကို ဈေးချိုသာ စွာဖြင့် ဝယ်ယူကာ တရားမဝင်အ သားပြားများ ပြုလုပ်ခြင်း၊ ဝက်ဆီ ချက်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြခဲ့သည်။

အဆိုပါ ဝက်သားထုတ်လုပ်သူများက အစိုးရလိုင်စင်ရ ဝက်သားထုတ်လုပ်သူများထံသို့ ရောင်းချခဲ့ ကြ ကြောင်း။ ၎င်းလိုင်စင် ရသူများ ကိုလည်း စစ်ဆေးလျက်ရှိသည်။

ဖမ်းဆီးမိသော ဝက်သားနှင့် ဝက်ဆီတန်ဖိုးမှာ ယွမ်ငွေသန်း ၁၀၀ (ဒေါ်လာ ၁၆သန်း)ဖိုးရှိကြောင်း။ ဖမ်းဆီး သူ ၇၅ဦးကို စစ်ဆေးရန် ပို့ခဲ့ ကြောင်း ကြေညာချက်ကဖော်ပြခဲ့သည်။

တရုတ်ပြည်နယ်တွင် အစား အစာလုံခြုံမှုကို လူထုက ယုံကြည်မှု ကင်းမဲ့လျက်ရှိသည်။

Ref : AFP
Democracytoday

No comments:

Post a Comment