Tuesday 13 January 2015

ပဲရစ်အကြမ်းဖက်မှုများပြီးနောက် IS အဖွဲ့က ၎င်းတို့၏စက်တင်ဘာခြိမ်းခြောက် မှုကို ထပ်မံထုတ်လွှင့်

Photo: ပဲရစ်အကြမ်းဖက်မှုများပြီးနောက် IS အဖွဲ့က ၎င်းတို့၏စက်တင်ဘာခြိမ်းခြောက် မှုကို ထပ်မံထုတ်လွှင့်
Tuesday, January 13, 2015

IS အဖွဲ့က ၎င်းတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သော ခြိမ်းခြောက်မှုကို ထပ်မံထုတ်လွှင့်ခဲ့ သည်ဟု CNN သတင်း အရ သိရ သည်။

IS အဖွဲ့မှ တစ်စုံတစ်ယောက် က ယင်းကိုထပ်မံထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး ခြိမ်းခြောက်မှုတွင် IS အဖွဲ့ကို ထောက်ခံသူများ အနေဖြင့် အီရတ် နှင့် ဆီးရီးယားတွင်လေကြောင်းတိုက် ခိုက်မှုပြုလုပ်နေသည့် အနောက်နိုင်ငံ များကို လက်စားချေရန် ၎င်းတို့၏ ထောက် လှမ်းရေး၊ ရဲ၊ စစ်သားနှင့်အရပ် သားများကိုသတ်ရန် လှုံ့ဆော်ထား ခြင်းဖြစ်သည်။

ယင်းက အမေရိကန်၊ ပြင်သစ်၊ ဩစတြေးလျနှင့် ကနေဒါ ကဲ့သို့ နိုင်ငံများကို ဦးတည်ခြင်းလည်း ဖြစ်သည်။

ထိုသို့ခြိမ်းခြောက်မှု ထပ်မံ ပေါ်ပေါက်လာခြင်းကြောင့် နယူး ယောက်ရဲတပ်ဖွဲ့ FBI နှင့် အမေရိ ကန်ပြည်တွင်းလုံခြုံရေး ဌာနတို့တွင် အမြင့်ဆုံးအဆင့်သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင်မှ ယင်းသည် ယခင်ခြိမ်းခြောက်မှုနှင့် တစ်လုံးမကျန် တူညီနေသည်ကို တွေ့ ခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ နယူး ယောက်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တန်ပြန်ရေးလက်ထောက် ကော်မရှင် နာ ဂျွန်မီလာက IS တို့သည် စက်တင် ဘာလတွင် ထွက်ရှိခဲ့သည့် ၎င်းတို့ ပြောရေးဆိုခွင့်ရှိသူ အဘူမူဟာမက် အယ်အက်ဒ်နာနီ၏ အသံဖိုင်ကို နောက်တစ်ကြိမ်ထပ်မံအသုံးပြုခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းက ပဲရစ်မြို့မှ တိုက်ခိုက်မှုများနှင့် ဆက်စပ်နိုင်ဖွယ် ရှိကြောင်း ပဲရစ်အကြမ်းဖက်သမား များမှ တစ်ဦးသည် ၎င်းကိုယ်၎င်း IS အဖွဲ့ဝင်ဟု ကြေညာခဲ့ခြင်း ကြောင့် နောက်ထပ် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ထပ်ဖြစ်လာစေ ရန် ရည်ရွယ်ကာ ထိုသို့ ပြုလုပ် ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံး သပ်ပြောကြားခဲ့သည်။

Ref : CNN
Democracytoday
IS အဖွဲ့က ၎င်းတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သော ခြိမ်းခြောက်မှုကို ထပ်မံထုတ်လွှင့်ခဲ့ သည်ဟု CNN သတင်းအရသိရသည်။

IS အဖွဲ့မှ တစ်စုံတစ်ယောက် က ယင်းကိုထပ်မံထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပြီး ခြိမ်းခြောက်မှုတွင် IS အဖွဲ့ကို ထောက်ခံသူများအနေဖြင့် အီရတ်နှင့် ဆီးရီးယားတွင်လေကြောင်းတိုက် ခိုက်မှုပြုလုပ်နေသည့် အနောက် နိုင်ငံ များကို လက်စားချေရန် ၎င်းတို့၏ ထောက် လှမ်းရေး၊ ရဲ၊ စစ်သားနှင့်အရပ် သားများကိုသတ်ရန် လှုံ့ဆော်ထား ခြင်းဖြစ်သည်။

ယင်းက အမေရိကန်၊ ပြင်သစ်၊ ဩစတြေးလျနှင့် ကနေဒါ ကဲ့သို့ နိုင်ငံများကို ဦးတည်ခြင်းလည်း ဖြစ်သည်။

ထိုသို့ခြိမ်းခြောက်မှု ထပ်မံ ပေါ်ပေါက်လာခြင်းကြောင့် နယူး ယောက်ရဲတပ်ဖွဲ့ FBI နှင့် အမေရိကန် ပြည်တွင်းလုံခြုံရေး ဌာနတို့တွင် အမြင့်ဆုံးအဆင့်သတိပေးချက်များ ထုတ်ပြန်ခဲ့ရပြီး နောက်ပိုင်းတွင်မှ ယင်းသည် ယခင်ခြိမ်းခြောက်မှုနှင့် တစ်လုံးမကျန် တူညီနေသည်ကို တွေ့ ခဲ့ရသည်။

ယင်းနှင့်ပတ်သက်၍ နယူး ယောက်ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှု တန်ပြန်ရေးလက်ထောက် ကော်မရှင် နာ ဂျွန်မီလာက IS တို့သည် စက်တင် ဘာလတွင် ထွက်ရှိခဲ့သည့် ၎င်းတို့ ပြောရေးဆိုခွင့်ရှိသူ အဘူမူဟာမက် အယ်အက်ဒ်နာနီ၏ အသံဖိုင်ကို နောက်တစ်ကြိမ်ထပ်မံအသုံးပြုခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းက ပဲရစ်မြို့မှ တိုက်ခိုက်မှုများနှင့် ဆက်စပ်နိုင်ဖွယ် ရှိကြောင်း ပဲရစ်အကြမ်းဖက်သမား များမှ တစ်ဦးသည် ၎င်းကိုယ်၎င်း IS အဖွဲ့ဝင်ဟု ကြေညာခဲ့ခြင်း ကြောင့် နောက်ထပ် ထိုကဲ့သို့သော အကြမ်းဖက်မှုများ ထပ်ဖြစ်လာစေ ရန် ရည်ရွယ်ကာ ထိုသို့ ပြုလုပ် ခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း သုံး သပ်ပြောကြားခဲ့သည်။

Ref : CNN
Democracytoday‬

No comments:

Post a Comment