Tuesday 13 January 2015

နိုင်ငံရေး ယဉ်ကျေးမှုသစ် အမှန်တကယ် ကျင့်သုံးဖို့တော့လိုပါသည်

ကမ္ဘာ့နိုင်ငံရေးနယ်ပယ်တွင် နိုင်ငံရေးယဉ်ကျေးမှုသစ်ဆိုသည့်စကားလုံးကို စကားလုံးအရတင်မက လက် တွေ့အရပါ ကျင့်သုံးသဖြင့် သက်ဆိုင်ရာနိုင်ငံ တချို့ နိုင်ငံရေး အကျပ်အတည်းများ အောင်မြင်စွာ ဖြေရှင်း ကျော်လွှားနိုင် ခဲ့ကြပါသည်။ အထူးသဖြင့် အရှေ့ ဥရောပနိုင်ငံတချို့သည် ယင်းနိုင်ငံရေး ယဉ်ကျေးမှုသစ်ကို မှန်ကန်စွာ ကိုင်စွဲ ကျင့်သုံးနိုင်ခဲ့ကြပါသည်။

ဥပမာ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ယူဂိုဆလပ်၊ အစရှိ သောနိုင်ငံများ ဖြစ်သည်။ ထိုနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင်များသည်လည်း ကမ္ဘာ့ဒီမိုကရေစီ ခေါင်းဆောင် များ အဖြစ် ထင်ရှားလာခဲ့ကြရသည်။ ဥပမာ ယမန်နှစ် အတွင်းကမှ ကွယ်လွန်သွားရရှာသည့် ချက်နိုင်ငံသမ္မတကြီး ဗားဗလက်ဟာ
ဗယ်လ်လို လူမျိုးဖြစ်သည်။

မိမိတို့နိုင်ငံသည် တစ်ပါတီင်္အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်တို့ လက်အောက်တွင် နှစ်ပေါင်းများစွာ နေလာခဲ့ရပြီးမှ ယခုအခါ ဒီမိုကရေစီိ အလှည့်အပြောင်းဆီသို့ ဦးတည်စပြုသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် မိမိတို့ရှေ့မှ ဒီမိုကရေစီအလှည့် အပြောင်း အောင်မြင်သောနိုင်ငံတချို့၏ အတွေ့အကြုံနှင့် သင် ခန်းစာများကို မလွဲမသွေ လေ့လာသုံးသပ်ကြရမည်သာ ဖြစ်သည်။

အာဏာရှင်များနှင့် တစ်စားပွဲတည်းထိုင်ပြီး တိုင်းပြည်ပြဿနာများကို ဆွေးနွေး ညှိနှိုင်းဖြေရှင်းဖို့ဆိုသည်မှာ လွယ်ကူသည်တော့ မဟုတ်ချေ။ အာဏာရှင်များနှင့် တစ်စားပွဲတည်းအတူထိုင်ပြီး စကားပြောဖို့နေနေ သာသာ ထိုအာဏာရှင် များကို စားပွဲဝိုင်းတွင် လာထိုင်အောင် ဆွဲဆောင်ကျုံးသွင်း စည်းရုံးရသည့် အလုပ်သည် ပင် လွယ်ကူလှသည်မဟုတ်ပါ။ အချိန်များစွာယူရခြင်း၊ လူထုတိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲရ ခြင်းနှင့် အာဏာရှင်အ၀န်းအ၀ိုင်း အတွင်းမှ ဒီမိုကရေစီလိုလားသူများကို ဖဲ့ယူရခြင်းများဖြင့် ထိုအာဏာရှင်များကို စားပွဲဝိုင်းသို့ လာထိုင်ရလေအောင် ဆွဲဆောင်ကြိုးပမ်း ကြရပါသည်။ စားပွဲဝိုင်းသို့ လာထိုင်သောအခါတွင် လည်း စားပွဲဝိုင်းယဉ်ကျေးမှု၏ အခြေခံသဘောထားဖြစ်သော အပြန်အလှန်အသိအမှတ်ပြုခြင်း၊ အပြန် အလှန် လေးစားခြင်း၊ မတူပြားကွဲခြားနားခြင်းသည် ပကတိတရားဖြစ်ခြင်း အစရှိသည့် ဒီမိုကရေစီ အယူ အဆများဖြင့် ထိုအာဏာရှင်များကို တစ်စတစ်စ ယဉ်ပါးလာရလေအောင် ကြိုးပမ်းကြရမည်သာ ဖြစ်သည်။

ယခုအခါ လက်ရှိနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မိမိတို့နိုင်ငံတွင် နိုင်ငံရေး ယဉ်ကျေးမှုသစ် စတင် အုတ်မြစ်ချခဲ့ပြီဟူသည့်စကားကို ထုတ်ဖော်ပြောဆိုသွား ခဲ့ပါသည်။ မိမိတို့အနေနှင့် အပြည့်အ၀ ထောက်ခံ ကြရမည်သာ ဖြစ်သည်။

သို့သော် အထက်က အနည်းငယ်ဖွင့်ဆို ရှင်းပြခဲ့သည့် နိုင်ငံရေးယဉ်ကျေးမှု သစ် ဖြစ်သည့် စားပွဲဝိုင်းယဉ်ကျေးမှုကို စစ်မှန်စွာ ကျင့်သုံးဆောင်ရွက်နိုင်ခြင်း မဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ်ကို အမှန်အကန်စွန့်ခွာဖို့ ခြေလှမ်းပြင်ခြင်း မဟုတ်မူဘဲ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နည်း ပရိယာယ်အရ ပြောဆိုခြင်း မဖြစ်ဖို့တော့ လိုပါသည်။ ထို့ပြင် မိမိတို့အနေနှင့်လည်း စစ်မှန်သည့် နိုင်ငံရေး ယဉ်ကျေးမှုသစ် ဖြစ်ထွန်းလာရေး ရိုးသားဖြူစင်စွာ ၀ိုင်းဝန်းကြိုးပမ်း ကြရမည်သာဖြစ်ကြောင်း တင်ပြလိုက် ပါသည်။

Mizzima - News in Burmese

No comments:

Post a Comment