Tuesday 13 January 2015

ဧရာဝတီဘဏ်တွင် တစ်ပတ် အတွင်း ငွေကျပ် သိန်း (၄၃၀၀) ကျော် လိမ်လည် ထုတ်ယူမှု ဖြစ်ပွား

တစ်ပတ် အတွင်း ဧရာဝတီဘဏ်ခွဲ (၅)နှင့် (၆)တွင် ငွေကျပ် စုစုပေါင်း ငွေကျပ်သိန်း (၄၃၀၀) လိမ်လည်မှု ဖြစ်ပွား ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ခွဲမှူးရုံးမှ သိရသည်။

(၁၁-၁-၂၀၁၅) ရက်နေ့တွင် (၁၁) နာရီခွဲအချိန် အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွား ရပ်ကွက်နေ ဧရာဝတီ ဘဏ်ခွဲ(၅) တာဝန်ခံ ဒေါ်လင်းလင်းထွေး က ၎င်းဘဏ်ပိုင် ငွေကျပ်သိန်း (၁၈၀၀) ကို လိမ်လည် လွှဲပို့ခဲ့သည့် ဦးဝေဖြိုးဟန်နှင့် ဇနီး ဒေါ်နေဇာဝင်း တို့အား အရေးယူပေး ပါရန် တိုင်တန်း၍ နမစ (အမှတ်-၃) (ပ) ၁၂/၂၀၁၅ ပြစ်မှု ပုဒ်မ-၄၂၀ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 ဖြစ်စဉ်မှာ (၂၉-၁၂-၂၀၁၄) ရက်နေ့တွင် အဆိုပါ ဧရာဝတီဘဏ် လီမိတက် မန္တလေး ဘဏ်ခွဲ(၅)၊ ဘဏ်ခွဲ တာဝန်ခံထံ ခင်မင် ရင်းနှီးသူ ဝေဖြိုးဟန် နှင့် ဇနီး ဒေါ်နေဇာဝင်းတို့က ဖုန်းဖြင့် ဆက်သွယ်၍  မုံရွာမြို့၊  ဧရာဝတီ ဘဏ်ခွဲသို့ ငွေကျပ်သိန်း (၁၈၀၀)အား မုံရွာမြို့နေ ကိုဝင်းနိုင်သန်းထံ ငွေကြိုတင် လွှဲပို့ လိုကြောင်း (၂၉-၁၂-၂၀၁၄) ရက်နေ့၊ နေ့လယ်ပိုင်းတွင် လာရောက် ပေးသွင်းမည် ဖြစ်ကြောင်း ယုံကြည်အောင် ပြောဆိုခဲ့ သဖြင့် မုံရွာမြို့ဘဏ်ခွဲသို့ ငွေလွှဲ ပို့ခဲ့ရာ ယင်းနေ့ ဘဏ်ပိတ်ချိန် အထိ ဝေဖြိုးဟန်နှင့် ဒေါ်နေဇာဝင်း တို့က လာရောက် ပေးသွင်းခြင်း မရှိသည့် အပြင် ယနေ့ အချိန် အထိလည်း တိမ်းရှောင်နေ သဖြင့် အရေးယူပေးပါရန် တိုင်တန်းမှု ဖြစ်ကြောင်း သိရသည်။

ဒုတိယ ဖြစ်စဉ် အဖြစ် (၆-၁-၂၀၁၅) ရက်နေ့၊ (၂) နာရီခွဲ အချိန်တွင် ချမ်းမြသာစည် မြို့နယ် ဒေါ်ဆွေဆွေလွင် (ဒေသဆိုင်ရာ ဒုတိယ မန်နေဂျာ၊ ဧရာဝတီဘဏ် လီမိတက်) က ချက်လက်မှတ် ပေါ်တွင် လက်မှတ် အတု ထိုးပြီး၊ ငွေကျပ်သိန်း(၂၅၀၀)အားလိမ်လည် ထုတ်ယူသွားသူ ဦးအောင်ကိုလတ် နှင့် ဧရာဝတီဘဏ် လီမိတက်၊ မန္တလေး ဘဏ်ခွဲ (၆)၊ မန်နေဂျာ ဦးမြင့်ဇော်ဦးတို့ အပေါ် အရေးယူပေး ပါရန် တိုင်တန်း ထားခြင်း ဖြစ်ပြီး၊ အဆို ပါအမှုကို ချမ်းအေးသာစံ မြို့နယ်၊ မြို့မ ရဲစခန်း က (ပ) ၁၆/၂၀၁၅၊ ပြစ်မှုပုဒ်မ-၄၂၀/၄၆၈/ ၃၄ အရ အမှုဖွင့် ထားကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment