Tuesday 13 January 2015

KIA အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦး လက်နက်ဖြင့် အလင်းဝင်ရောက်

Photo: KIA အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦး လက်နက်ဖြင့် အလင်းဝင်ရောက်
Tuesday, January 13, 2015

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်၌ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦးသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရှေ့တန်းစခန်းသို့ လက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူ အရာရှိတစ်ဦး ၏ပြောပြချက်အရသိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသောသူသည် အသက် ၂၃ နှစ်၊ ရခိုင်/ဗုဒ္ဓဖြစ်ပြီး ၎င်းနင့်အတူ ကေအို-၉ အမျိုးအစားသေနတ် ၁ လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၁လုံး၊ ကျည် ၉၈ တောင့်နှင့် ကျည်အိမ် ၃ ခု ပါဝင်ကြောင်း သိရှိရသည်။

“ငြိမ်းချမ်းရေးကို အမှန်တကယ်ယူစေချင်ပြီ၊ မငြိမ်းချမ်းတော့ ဒေသဖွံ့ဖြိုးရေးက တခြားပြည်နယ်တွေနဲ့ယှဉ်ရင် ကျန်ခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေတယ်၊ KIA အနေနဲ့ ကိုယ့်မိသားစုကောင်းစားရေးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး၊ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကို ကြည့်သင့်တယ်”ဟု ချီဖွေမြို့အစိုးရ ဝန်ထမ်းတစ်ဦးကပြောသည်။

၎င်းသည် KIA အဖွဲ့ တပ်မဟာ(၁) လက်အောက်ခံ၊ ရင်း(၄)၊ နော်ကူးယန်မှဖြစ်ပြီး KIA တပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သောကြောင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

“ကျွန်တော်က ရခိုင်ပြည်နယ်၊ အမ်းဇာတိပါ၊ ရွှေမှော်တွေမှာ ကျင်သားအလုပ် လုပ်ကိုင်ရင်း ၂၀၁၂ တည်းက လူသစ်စုဆောင်းခံခဲ့ ရတာပါ၊ ဟိုမှာက ကျွန်တော့်လိုပဲ မတရားစုဆောင်းခံနေရတဲ့သူတွေ အများကြီးပါ၊ အခွင့်မသာသေးလို့ ထွက်မလာဖြစ်သေးတာပါ ”ဟု အလင်းဝင်ရောက် လာသူ မောင်လှိုင်ဝင်းထွန်းကပြော သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက် အမြဲလက် ကမ်းကြိုဆို လျက်ရှိကြောင်း၊ အခုအလင်းဝင်ရောက်လာသူအားလည်း မိမိတို့ နယ်မြေ ခံရှေ့တန်းစခန်းတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ အထက်သို့ အဆင့်ဆင့်သတင်းပို့ပြီး စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်မြေ စိုးလုံခြုံရေးတာဝန်ထမ်းဆောင်နေသောစစ်ကြောင်းမှ အရာရှိ တစ်ဦး က ပြောကြား သွားခဲ့သည်။

ဇော်မှိုင်း
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်၌ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ တပ်သားအဆင့်ရှိသူတစ်ဦးသည် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရှေ့တန်း စခန်းသို့ လက်နက်ဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း တာဝန်ရှိသူ အရာရှိတစ်ဦး ၏ပြောပြချက်အရ သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသောသူသည် အသက် ၂၃ နှစ်၊ ရခိုင်/ဗုဒ္ဓဖြစ်ပြီး ၎င်းနင့်အတူ ကေအို-၉ အမျိုးအစားသေနတ် ၁ လက်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး ၁လုံး၊ ကျည် ၉၈ တောင့်နှင့် ကျည်အိမ် ၃ ခု ပါဝင်ကြောင်း သိရှိရသည်။

“ငြိမ်းချမ်းရေးကို အမှန်တကယ်ယူစေချင်ပြီ၊ မငြိမ်းချမ်းတော့ ဒေသဖွံ့ဖြိုးရေးက တခြားပြည်နယ်တွေနဲ့ ယှဉ်ရင် ကျန်ခဲ့တယ်၊ နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲဖိတ်ခေါ်နေတယ်၊ KIA အနေနဲ့ ကိုယ့်မိသားစုကောင်းစားရေးတစ်ခုတည်းကိုပဲ မကြည့်သင့်ဘူး၊ ဒေသမှာရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဘဝကို ကြည့်သင့်တယ်”ဟု ချီဖွေမြို့အစိုးရ ဝန်ထမ်းတစ်ဦးကပြောသည်။

၎င်းသည် KIA အဖွဲ့ တပ်မဟာ(၁) လက်အောက်ခံ၊ ရင်း(၄)၊ နော်ကူးယန်မှဖြစ်ပြီး KIA တပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သောကြောင့် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်က ရခိုင်ပြည်နယ်၊ အမ်းဇာတိပါ၊ ရွှေမှော်တွေမှာ ကျင်သားအလုပ် လုပ်ကိုင်ရင်း ၂၀၁၂ တည်း က လူသစ်စုဆောင်းခံခဲ့ ရတာပါ၊ ဟိုမှာက ကျွန်တော့်လိုပဲ မတရားစုဆောင်းခံနေရတဲ့သူတွေ အများကြီးပါ၊ အခွင့်မသာသေးလို့ ထွက်မလာဖြစ်သေးတာပါ ”ဟု အလင်းဝင်ရောက် လာသူ မောင်လှိုင်ဝင်းထွန်းကပြော သည်။

တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များအတွက် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ရှေးရှုပြီး ငြိမ်းချမ်းရေးအတွက် အမြဲလက် ကမ်းကြိုဆို လျက်ရှိကြောင်း၊ အခုအလင်းဝင်ရောက်လာသူ အားလည်း မိမိတို့ နယ်မြေ ခံရှေ့တန်းစခန်းတွင် ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း၊ အထက်သို့ အဆင့်ဆင့်သတင်းပို့ပြီး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်မြေစိုးလုံခြုံရေးတာဝန် ထမ်းဆောင် နေသောစစ်ကြောင်းမှ အရာရှိ တစ်ဦး က ပြောကြား သွားခဲ့သည်။

ဇော်မှိုင်း
Credit >>> Kachin Daily News 

No comments:

Post a Comment