Tuesday 13 January 2015

ဂျပန်စီးပွားရေး ပြန်လည်ဦးမော့လာရေး စံချိန်တင်ဘတ်ဂျက်အသုံးစရိတ် အတည်ပြု

Photo: ဂျပန်စီးပွားရေး ပြန်လည်ဦးမော့လာရေး စံချိန်တင်ဘတ်ဂျက်အသုံးစရိတ် အတည်ပြု
Tuesday, January 13, 2015 

ဂျပန်နိုင်ငံသည် စီးပွားရေး တုံ့ဆိုင်းနေမှုကို ပြန်လည်ဦးမော့လာစေရန် လာမည့်ဘဏ္ဍာရေးနှစ်၌ စံချိန်တင် ဘတ်ဂျက်ငွေပမာဏကို သုံးစွဲရန် စီစဉ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က အရောင်းခွန်မြှင့် တင်မှုပြုလုပ်ခဲ့ပြီးနောက် စီးပွားရေး တိုးတက်မှု နှေးကွေးသွားခဲ့ရသည်။

ဧပြီ ၁ ရက်မှ စတင်မည့် ဘဏ္ဍာရေးနှစ်သစ်အတွက် ဘတ်ဂျက်ငွေ ယန်း ၉၆ ဒသမ ၃၄ ထရီလီယံ (အမေ ရိကန်ဒေါ်လာ ၈၁၄ ဘီလီယံ) သုံးစွဲရန် အစိုးရဝန်ကြီးများ နှင့် အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီများက မြို့တော် တိုကျိုတွင် ဇန်နဝါရီ ၁၂ ရက်က ကျင်းပသော အစည်း အဝေးတွင် သဘောတူညီ ခဲ့ကြကြောင်း ဘဏ္ဍာရေး ဝန်ကြီး တာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။

ဂျပန်အစိုးရအဖွဲ့သည် ကြွေးမြီဝန်ထုပ်ဝန်ပိုး သက်သာစေရေးအတွက် အခွန်ဝင်ငွေတိုးစေရန် နည်းလမ်း ရှာဖွေခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၄ နှစ်တာ ကာလအတွင်း နှစ်အလိုက် အခွန်ဝင်ငွေ အများဆုံးရရှိ မည်ဟု မျှော်မှန်းသည်။ သို့ရာတွင် အစိုးရငွေချေးစာချုပ်သစ် ထုတ်ဝေမှုကို ၂ဝဝ၈ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးအဆင့် သို့ လျှော့ချခဲ့သည်။

ဝန်ကြီးချုပ်အာဘေး၏ အစိုးရအဖွဲ့သည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးစရိတ်ကို မြှင့်တင်ခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ ဘတ်ဂျက်အသုံးစရိတ်မှတစ်ဆင့် အငယ်စား စီးပွားရေး လုပ်ငန်းများကို အားပေးခဲ့သည်။

ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာခြင်း ကြောင့် လူမှုဖူလုံရေး အသုံးစရိတ်များကို ထိန်းချုပ်နိုင်ရန် ခက်ခဲကြောင်း၊ နှစ်စဉ် ဘတ်ဂျက်အသုံးစရိတ် မြှင့်တင်သွား မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

MOI Webportal Myanmar
ဂျပန်နိုင်ငံသည် စီးပွားရေး တုံ့ဆိုင်းနေမှုကို ပြန်လည်ဦးမော့လာစေရန် လာမည့်ဘဏ္ဍာရေးနှစ်၌ စံချိန်တင် ဘတ်ဂျက်ငွေပမာဏကို သုံးစွဲရန် စီစဉ်လျက်ရှိကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အစိုးရအဖွဲ့က အရောင်းခွန်မြှင့် တင်မှုပြုလုပ်ခဲ့ပြီးနောက် စီးပွားရေး တိုးတက်မှု နှေးကွေးသွားခဲ့ရသည်။

ဧပြီ ၁ ရက်မှ စတင်မည့် ဘဏ္ဍာရေးနှစ်သစ်အတွက် ဘတ်ဂျက်ငွေ ယန်း ၉၆ ဒသမ ၃၄ ထရီလီယံ (အမေ ရိကန်ဒေါ်လာ ၈၁၄ ဘီလီယံ) သုံးစွဲရန် အစိုးရဝန်ကြီးများ နှင့် အာဏာရညွန့်ပေါင်းအဖွဲ့မှ ပါတီများက မြို့တော် တိုကျိုတွင် ဇန်နဝါရီ ၁၂ ရက်က ကျင်းပသော အစည်း အဝေးတွင် သဘောတူညီ ခဲ့ကြကြောင်း ဘဏ္ဍာရေး ဝန်ကြီး တာရိုအာဆိုက သတင်းထောက်များအား ပြောကြားသည်။

ဂျပန်အစိုးရအဖွဲ့သည် ကြွေးမြီဝန်ထုပ်ဝန်ပိုး သက်သာစေရေးအတွက် အခွန်ဝင်ငွေတိုးစေရန် နည်းလမ်း ရှာဖွေခဲ့သည်။ ဂျပန်နိုင်ငံသည် ၂၄ နှစ်တာ ကာလအတွင်း နှစ်အလိုက် အခွန်ဝင်ငွေ အများဆုံးရရှိ မည်ဟု မျှော်မှန်းသည်။ သို့ရာတွင် အစိုးရငွေချေးစာချုပ်သစ် ထုတ်ဝေမှုကို ၂ဝဝ၈ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံး အဆင့် သို့ လျှော့ချခဲ့သည်။

ဝန်ကြီးချုပ်အာဘေး၏ အစိုးရအဖွဲ့သည် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် အသုံးစရိတ်ကို မြှင့်တင်ခဲ့ပြီး လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် နောက်ဆက်တွဲ ဘတ်ဂျက်အသုံးစရိတ်မှတစ်ဆင့် အငယ်စား စီးပွားရေး လုပ်ငန်းများကို အားပေးခဲ့သည်။

ဂျပန်နိုင်ငံ၌ သက်ကြီးရွယ်အိုဦးရေ တိုးပွားလာခြင်း ကြောင့် လူမှုဖူလုံရေး အသုံးစရိတ်များကို ထိန်းချုပ် နိုင်ရန် ခက်ခဲကြောင်း၊ နှစ်စဉ် ဘတ်ဂျက်အသုံးစရိတ် မြှင့်တင်သွား မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင် တစ်ဦးက ပြောကြားသည်။

MOI Webportal Myanmar

No comments:

Post a Comment